Wednesday, January 28, 2026

အပစ်ရပ်နှင့် မရပ်သေးသည့်အဖွဲ့ အစိုးရလာရောက်တွေ့ဆုံမှုအပေး PI ဒါရိုက်တာ သုံးသပ်

အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင် နဲ့ အပစ်ရပ်လက်မှတ်ရေးထိုး၊ မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ဖြစ်တဲ့ RCSS/SSA ၊ KNU ၊ KNPP နဲ့ KIO တို့ဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ နို၀င်ဘာလလယ်ပိုင်းထဲမှာ တဖွဲ့ချင်းစီ အလွှတ် သဘော တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ တစ်ဆို့နေတဲ့ အချက်အလက်တွေကို ဆွေးနွေးကြရာမှာ တော်တော်များများ ဆွေးနွေးနိုင်ခဲ့ကြောင်း ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းက အခုလိုပြောပါတယ်။

ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း

“ငြိမ်းချမ်းရေးကော်မရှင်ကနေ လာတွေ့တာက အန်စီအေ လက်မှတ် ထိုးထားတဲ့ ကေအန်ယူနဲ့အာစီ ကိုတွေ့တယ်။ အန်စီအေလက်မှမထိုးရသေးတဲ့ ကေအိုင်အိုကိုလည်းတွေ့တယ်။ ဒီ ၄ ဖွဲ့စလုံးနဲ့တွေ့တာ တိုးတက်မှုရှိတယ်လို့ကျနော်ကြားရပါတယ်။ ပစ်ခတ်တိုက်ခိုက်မှှုစောင့်ကြည့်ရေးကော်မတီမှာပါ၀င်မှု၊ နိုင်ငံရေးဆွေးနွေးမှုတွေမှာပါ၀င်မှုကို တရားဝင်ဆွေးနွေးမှုတွေကိုပြန်ပြီးတော့သုံးသပ်မယ်ဆိုတဲ့ကိစ္စ။ အစိုးရကလည်းသိချင်တယ်။ ဒါတွေပြန်လည်သုံးသပ်တာဟာ အန်စီအေကိုချိုးဖောက်ခြင်းမဟုတ်တဲ့အကြောင်း သူတို့က ရှင်းရှင်းလင်းလင်း သိချင်လို့လာတယ်။ ကေအန်ယူနဲ့အာစီကလည်းရှင်းပြတယ်လို့ကြားသိရတယ်။ အာစီအက်အက်ဆိုရင်တော့ သူကတော့ ၂ ဖက်အပစ်ရပ်ဆိုပြီးတော့မှ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် လက်မှတ်ထိုးခဲ့တဲ့ကိစ္စတွေကိုလည်းပြန်ပြီးဆွေးနွေးချင်တယ်လို့တင်ပြတယ်။ အစိုးရဘက်ကလည်း အထက်ကို တင်ပြပြီး ၂ ဘက်အပစ်ရပ်သဘောတူညီချက်ကိုပြန်လည်ပူးတွဲပြီး သုံးသပ်ဖို့တင်ပြပေး မယ်လို့ပြောတယ်။ ကေအန်ပီပီနဲ့ ကေအိုင်အိုကတော့ အန်စီအေလက်မှတ်မထိုးရသေးပေမယ့် သူတို့က အခုအခြေ အနေကို ဘယ်လိုပြန်ပြီးတော့မှ ပိုမိုတိုးတက်အောင်လုပ်မယ်ဆိုတဲ့အကြောင်းတွေဆွေးနွေးတယ်။ အစိုးရဘက် ကပြော တာကိုကျနော်နားထောင်ကြည့်ရင်တော့ အပေါင်းလက္ခဏာ ဆောင်တယ်လို့ပြောပါတယ်။

အများအားဖြင့် လူတွေနားလည်တာက ဘာလဲဆိုတော့ NCA လက်မှတ်ထိုးပြီးရင် တကယ်ဘဲရပ်သွား တော့ မယ်လို့ ပြောတယ်။ဘာဘဲပြသနာရှိရှိ မပစ်မခတ်ဘဲနဲ့ တွေ့ဆုံဆွေးနွေပြီးသုွံးသပ်ကြမယ်လို့မြင်ထားကြတယ်။ ဒါပေမယ့်မြင်ထားတဲ့အတိုင်းမဖြစ်ဘဲနဲ့ တဖက်ကလည်း အစိုးရကနေပြီးတော့ သဘောတူညီချက် ကိုချိုးဖောက် တယ်လို့မြင်လို့ရှိရင် ၀င်တိုက်တာတို့ဘာတို့ရှိခဲ့တယ်။ အဲတာက မသင့်လျော်ဘူး။ အန်စီအေမှာဘယ်လို သဘော တူထားလဲ ပြသနာတွေကိုအင်အားသုံးပြီးတော့မှမဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့တွေ့ဆုံဆွေးနွေးပြီးတော့ ဖြေရှင်း မယ်ဆိုတဲ့ယဉ်ကျေးမှုတရပ်ကိုထူထောင်မယ်ဆုံးဖြတ်တာကို ချိုးဖောက်တယ်လို့ တဖက်ကပြောပြန်တယ်။ ကျနော့အမြင်အရဆိုရင် ဒီ ၂ ဖက်စလုံးဟာ တွေ့ဆုံဖို့လိုတယ်။ ၂ ဖက်စလုံးရဲ့စိတ်ပူပန်ချက် စိုးရိမ်ချက်တွေကို နားလည်အောင်ပြောပြဖို့လိုသလို ကိုယ့်ရဲ့စိုးရိမ်ချက်မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ဆွေးနွေးဖော်ဆွေးနွေးဖက် တွေကိုနားလည်အောင်လုပ်မယ်အပြန်အလှန်နားလည်မှ ယုံကြည်မှုတွေကိုတည်ဆောက်နိုင်မှာပေါ့ဗျာ။

ကျနော်တို့အခုလုပ်နေတဲ့ဟာတွေက ဘာလဲဆိုတော့ တရားဝင်တွေ့ဆုံဆွေးနွေးမှုတွေကြောင့် တစ်ဆို့နေတဲ့ကိ စ္စကို အလွှတ်သဘောတွေ့ဆုံမှုတွေနဲ့ကျော်လွှားဖို့လိုတယ်ဆိုပြီးလုပ်လာကြတယ်။ သို့ပေမယ့် ဘာဖြစ်လာလဲ ဆိုတော့ လုပ်နေတဲ့အလွှတ်သဘောတွေ့ဆု့ဆွေးနွေးမှုတွေဟာ တရားဝင်နီးနီးဖြစ်နေတော့ ကျော်လွှားနိုင်ဖို့ လက်ခဲနေတယ်။ အခုက လွှတ်လွှတ်လပ်လပ် မှမပြောရဘဲနော်။ အလွှတ်သဘောဆိုတာ လွှတ်လွှတ်ပြော ရမယ် လေ။ ဒီတခေါက် ဗိုလ်ချုပ်ကြီးခင်ဇော်ဦးတို့ခေါင်းဆောင်ပြီးလာတာ ဒီတခေါက်တော့လွှတ်လွှတ်ပြောနိုင် တယ်။ ဒါပေမယ့် ဒီလိုဟာက တခေါက်လောက်နဲ့ဘဲပြီးတာမဟုတ်ဘူးလေ။ အထပ်ထပ်အခါခါလုပ်ရမယ်လေ။ ကျနော်တို့ ၂၀၁၄ တုန်းကနေ ၂၀၁၅ အထိ ရ လလောက်အခုလို တစ်ဆို့မှုဖြစ်ခဲ့ဖူးတယ်။ အဲဒီဖြစ်စဉ်တုန်းက အလွှတ်သဘောနဲ့ဖြေရှင်းဖို့ အခေါက်ပေါင်းရာချီပြီးတွေ့ဆုံရတယ်။ အဲတာကြောင်ကျော်လွှားနိုင်တယ်။ ဒီတခေါက်လည်း အဲလိုလုပ်ဖို့လိုတယ်။ ဒီလိုလုပ်လို့ အချင်းချင်းနား လည်မှု ရ တယ် ရင်နှီးမှုရတော့ ယုံကြည်မှုကတခါတည်းတည်ဆောက်လာပြီးသားဘဲ။ အဲလိုအဆင့်မျိုးဖြစ်အောင် ကျနော်တို့ကြိုးစားဖို့ လိုတယ်။ ကျနော်တို့ အခုလောလောဆယ်ကတော့ အလွှတ်သဘောတွေ့ဆုံမှုက အလွန်အားနည်းနေသေးတယ်။ အရင်တုန်းက ၂၀၁၄-၁၅ တုန်းကဖြစ်ခဲ့တာကိုနမူနာယူပြီးတော့မှ အားကောင်းအောင် အလွှတ်သဘော ဆွေးနွေးမှုကိုများများလုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။”

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အိမ်ထောင်ဦးစီးနဲ့ အိမ်ထောင်ရှင်မ သင့်မြတ်ပါမှ တအိမ်သားလုံး ငြိမ်းချမ်းပျော်ရွှင်မယ်

0
(သျှမ်းသံတော်ဆင့်သတင်းဌာန တည်ထောင်သူ ၊ လက်ရှိ ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း ၏ ၂၁၁၃ သျှမ်းနှစ်သစ်ကူး ဆုမွန်စကား) အိမ်ထောင်မှုတခုမှာဆိုရင် အိမ်ထောင်ဦးစီးနဲ့ အိမ်ထောင်ရှင်မ တို့ မသင့်မြတ်ကြဘူးဆိုရင် သားသမီးတွေ မြေးမြစ်တွေ အိမ်သားအားလုံးက ပျော်ရွှင်မှုရှိမှာမဟုတ်ဘူး။ သင့်မြတ်မှုလည်းရှိမှာမဟုတ်ဘူး။ ပျော်ရွှင်မှုမရှိရင် တခြားကိုပြောင်းရွှေ့မယ် တခြားအိမ်မှာသွားပြီးမှီခိုနေထိုင်မယ် -...

ငြိမ်းချမ်းရေးမရရင် အရေးသုံးပါးကိုထိတာဘဲ …အရေးသုံးပါးကိုထိတာ ဘယ်သူလဲ…

0
(ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကာလတလျှောက်လုံးမှာပါဝင်လုပ်ဆောင်လာသူ  ပြည်ထောင်စုအင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်း၏အမြင်သဘောထား) လာမယ့် စက်တင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့မှာ သျှမ်းပြည်ညီညွတ်ရေးကော်မတီကနေ သျှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာပြုလုပ်ဖို့စီစဉ်နေတဲ့အပေါ် လူထုရွေးကောက်ထားတဲ့ အစိုးရကနေခွင့်မပြုကြောင်း NRPC ကနေ CSSU အလှည့်ကျဥက္ကဌဆီကို ဖုန်းဆက်အကြောင်းကြားတယ်လို့သိရပါတယ်။NRPC ကနေပြီးတော့ ဘာကြောင့် CSSU အစည်းအဝေးလုပ်ခွင့်မပေးတာလဲဆိုတာတော့ မသိရဘူး။ အရင်တခါချိန်းမိုင်မှာလုပ်တုန်းကတော့ စစ်သံမှူးကိုယ်တိုင်...

လွယ်တာကိုအရင်လုပ်မှ ခက်တာကိုအောင်မြင်ကျော်လွှားနိုင်လိမ့်မယ် ( ပြည်ထောင်စုအင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းနှင့် မေးမြန်းချက်)

0
၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်ကို ဇွန်လနှောင်းပိုင်းလောက်မှာ ကျင်းပဖို့အစိုးရဘက်က ရက်ရွှေ့ လိုက်ပြီဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြားက တစ်ဆို့မှုကြီးတွေကို ကျော်လွှား နိုင်ပြီလား ။ ဘာတွေကိုကျော်လွှားခဲ့ပြီး ဘာတွေကျန်နေသလဲ။ သို့မဟုတ် ထပ်တူကျပြီလား။ ဘယ်အခြေ အနေရှိနေပါသလဲဆိုတာသိရအောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်စတင်ကတည်းက ပါ၀င်လာတဲ့ပြည်ထောင်စုအင်စတီကျု...