Monday, February 16, 2026

သျှမ်းတေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ် (၇၅) နှစ်မြောက် စိန်ရတုမွေးနေ့ ကျင်းပ

ယနေ့ (ဧပြီလ ၂၇ ရက်)တွင် ကျရောက်သည့် နာမည်ကျော် သျှမ်းတေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်၏ (၇၅) နှစ်မြောက် စိန်ရတု မွေးနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းတေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်၏ စိန်ရတု မွေးနေ့အခမ်းအနားကို မန္တလေးမြို့၊ သာသနဝေပုလ္လကျောင်းတိုက်၌ ယနေ့ (ဧပြီလ ၂၇ ရက်) နံနက် (၉) နာရီခွဲတွင် သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး သျှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ တက္ကသိုလ်များ-ပြည်ထောင်စု ကျောင်းသား/သူဟောင်းများနှင့် သျှမ်းတေးဂီတပညာရှင်အဖွဲ့တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။

“ဆရာရဲ့ စိန်ရတု မွေးနေ့ အထိမ်းအမှတ်အနေနဲ့ သံဃာတော်တွေကို ဆွမ်းကပ်ပြီး ဆရာ့ကိုလည်း လာကန်တော့ကြတာပေါ့။ အဓိကတော့ တက္ကသိုလ်များ-မြန်မာနိုင်ငံ သျှမ်းစာ/ယဉ်အဖွဲ့ရဲ့ ကျောင်းသားဟောင်းနဲ့ သျှမ်းအဆိုတော်တွေ လာကြတယ်။ အခုလို နိုင်ငံရေး အခြေအနေကြောင့် အကျဉ်းချုံးပဲ လုပ်ဖြစ်တာ”ဟု ၎င်းအခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့နောက် တေးရေး ဒေါက်တာ စိုင်းခမ်းလိတ်နှင့် ဇနီးဖြစ်သူ ဒေါက်တာ နွဲ့နွဲ့တင် တို့အား ကျောင်းသားဟောင်းများနှင့် သျှမ်းတေးဂီတပညာရှင်များ၊ အဆိုတော်များ (၁၀၀) ဦးခန့်က ဂါရဝပြု ကန်တော့ခဲ့ကြပြီး တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြောင်း အခမ်းအနား တက်ရောက်သူများထံမှ သိရသည်။

ဒေါက်တာ စိုင်းခမ်းလိတ်ကို ၁၉၄၉ ခုနှစ် ဧပြီလ (၂၇)ရက်တွင် သျှမ်းပြည် သိန္နီမြို့၌ သျှမ်းစာဆိုတော်ဖြစ်သူ အဖ လုံးခမ်းကာ တုန်ဟုန်းနှင့် အမိ ပါ့စိန်ဥ တို့မှ မွေးဖွားခဲ့ပြီး နမ္မတူနှင့် ပြင်ဦးလွင်မြို့တို့တွင် ပညာသင်ယူခဲ့ပြီး မန္တလေး ဆေးတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့သည်။

ဒေါက်တာ စိုင်းခမ်းလိတ်သည် စွယ်စုံရ အနုပညာရှင်တစ်ဦး ဖြစ်ပြီး ရေးစပ်သီကုံးခဲ့သမျှ တေးသီချင်းများမှာ မြန်မာသီချင်း အပုဒ် (၆ဝဝ)ခန့်၊ သျှမ်းသီချင်း အပုဒ် (၆ဝဝ)ခန့်၊ အင်္ဂလိပ်သီချင်း (၃၅)ပုဒ်ခန့်အပြင် ကိုယ်တိုင်ရေးနှင့် ဘာသာပြန် ကဗျာများ၊ ဝတ္ထုနှင့် ဇာတ်ညွှန်းများလည်း ရေးသားခဲ့သည်။

လက်ရှိတွင် ဒေါက်တာ စိုင်းခမ်းလိတ်သည် ဇနီးဖြစ်သူ ဒေါက်တာနွဲ့နွဲ့တင်နှင့်အတူ သားသမီး (၄) ဦး ထွန်းကားပြီး မန္တလေးမြို့တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News