ကလောမြို့ မီးရထားလမ်းဘေးနှင့် ကလောချောင်း ကျူးကျော်များ ဖျက်သိမ်းမည်

သျှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြို့ မီးရထားလမ်းဘေး ကျူးကျော်များနှင့် ကလောချောင်း ဧရိယာ ကျူးကျော်များ ဖျက်သိမ်းရန် စာရင်းကောက်ယူနေပြီဟု မြို့မိမြို့ဖ တစ်ဦးက ယနေ့ (မတ်လ ၄ ရက်) တွင် ပြောသည်။

ကလောမြို့ကို ဖြတ်သန်းသည့် မီးရထားလမ်း ဧရိယာ အတွင်း ကျူးကျော်မှု အများအပြား ရှိနေသလို မြို့တွင်း ဖြတ်သန်း စီးဆင်းသည့် ကလောချောင်း ဧရိယာကို ကျူးကျော်သည်သာမက ချောင်းကို မြေဖို့ ကျူးကျော်မှုများ ရှိနေသဖြင့် ဖျက်သိမ်းရန် စာရင်းကောက်ယူနေဖြင်း ဖြစ်သည်ဟု ဆိုသည်။

“ကလောမှာက ကျူးကျော်တွေ ပိုများလာတယ်။ အခုက ရထားလမ်းဘေးကျူးနဲ့ ချောင်းဧရိယာ ကျူးတွေကို အရင်ရှင်းမယ်။ ချောင်းချဲ့မယ် ပြောတယ်။ အဲဒါပြီးရင် သစ်တောကျူးတွေ ရှင်းမယ်။ အစုအဖွဲ့ပိုင် သစ်တောတွေကို ခြံစိုက်လို့ရတယ် ဆိုပြီး ရောင်းစားထားတာတွေလည်း အများကြီးပါ” ဟု ကလောမြို့ခံ မြို့မိမြို့ဖ တစ်ဦးက ရှင်းပြသည်။

လက်ရှိ မီးရထားလမ်းဘေး တစ်ဖက်တချက် ပေ ၅၀ အတွင်းရှိ ကျူးကျော်များနှင့် ကလောချောင်းဘေး တစ်ဖက်တချက် ပေ ၂၀ အတွင်းရှိ ကျူးကျော်များကို မူလ မြေပုံဖြင့် တိုင်းတာ သတ်မှတ် ရှင်းလင်းမည်ဟု သိရသည်။

“ရထားလမ်းဘေးနဲ့ ချောင်းဘေးမှာ ကျူးကျော်တွေ အများကြီး။ တချို့ ဟိုတယ်တွေတောင် ရထားလမ်းနဲ့ ချောင်းမြေကို အုတ်တံတိုင်းခတ်ပြီး ကျူးထားကြတာ” ဟု ကလောမြို့ခံ တစ်ဦးက ဆိုသည်။

နွေရာသီ အပန်းဖြေမြို့ အဖြစ် ခရီးသွား ဧည့်သည် အများအပြား လာရောက်သည့် ကလောမြို့တွင် ခေတ်အဆက်ဆက် ကျူးကျော်မှုများစွာ ရှိခဲ့ရာ သစ်တောမြေကို ဌာနဆိုင်ရာမျာနှင့် ပူးပေါင်း၍ စာရွက်စာတမ်း ထုတ်ယူ ရောင်းချမှုများ၊ လွှဲပြောင်း ရောင်းချခွင့်နှင့် အဆောက်အအုံ တည်ဆောက်ပိုင်ခွင့် မရှိသည့် အစုအဖွဲ့ပိုင် သစ်တောမြေ လိမ်လည် ရောင်းချမှုများ ယနေ့တိုင် တွင်ကျယ်နေသည်ဟု မြို့ခံ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောသည်။

“ဥပမာ ဦးသိန်းစိန် ခေတ်က ‘သတ’ ဆိုတာ သစ်တောဌာနက ကျူးကျော်ဆိုပြီး နံပါတ်နဲ့ ဆိုင်းဘုတ် ထုတ်ပေးတာ။ အဲဒါကို ရပ်ကွက်လူကြီးက သစ်တော ကင်းလွတ် ဆိုင်းဘုတ်ဆိုပြီး ရောင်းစားတယ်။ နောက်လူတွေက ‘သတ’ ဆိုတာ သစ်တောကင်းလွတ် ဆိုပြီး ဝယ်ကြရောင်းကြတယ်။ အဲလိုတွေ အများကြီး” ဟု ၄င်းကရှင်းပြသည်။

လက်ရှိ လွှဲပြောင်း ရောင်းချခွင့်နှင့် အဆောက်အအုံ ဆောက်လုပ်ခွင့် မရှိသည့် အစုအဖွဲ့ပိုင် သစ်တောမြေများကို သစ်တော ကင်းလွတ်ဟု ဆိုကာ စေ◌ျးသက်သာစွာ ရောင်းချမှုများစွာ ရှိနေပြီး ရပ်ဝေးမှ လာရောက်ဝယ်ယူသူများ အနေဖြင့် ရေရှည်တွင် နစ်နာမှုများစွာ ရှိမည်ဟု ၄င်းကသုံးသပ်သည်။

ထို့အပြင် ခေတ်အဆက်ဆက် ကလောမြို့ရှိ မြေလွတ်၊ မြေလပ်၊ ခြံမြေ၊ သစ်တောမြေ စသည်တို့ကို စစ်ဗိုလ်ချုပ်များနှင့် အပေါင်းအပါများက မတရားသိမ်းယူမှုများရှိခဲ့ပြီး လက်ရှိလည်း သိမ်းယူမှုများ ရှိနေဆဲ ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...