Monday, April 29, 2024

မိုင်းပွန်မြို့နယ် လက်နက်ကြီးငယ်သံကြား၊လမ်းယာယီပိတ်

Must read

သျှမ်းပြည် မိုင်းပွန်မြို့နယ် ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲပြန်ဖြစ်သဖြင့် လမ်း ယာယီ ပြန်ပိတ်လိုက်ပြီး ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

မိုင်းပွန် ဆိုင်းဘုတ်

သျှမ်းပြည် မိုင်ပွန်မြို့နယ် ပုံးအယ်အနီးတဝှိက် (မတ်လ ၅ရက် ) နံနက်ပိုင်း ၌ လက်နက်ကြီးသံများကြားရသဖြင့် မိုင်းပွန်- ထမ်စမ်းဂူ လမ်းပိုင်းကို ယာယီပိတ်လိုက်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီနေ့ မနက်မှာ မြို့ထဲကနေ လက်နက်ကြီးအသံတွေ လက်နက်ငယ်သံတွေ ကြားနေရတော့ လမ်းကို ခဏပိတ်လိုက်တယ်။ ။ အဝင်အထွက်ပေါ့။အခုတော့ ပြန်ဖွင့်ပြီ။ ဒါမဲ့စိုးရိမ်နေရတယ်။ ”ဟု မိုင်းပွန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိမှာ မိုင်းပွန် လမ်းကို ပြန်ဖွင့်ပေးသော်လည်း လက်နက်ကြီးသံများ ဆက်လက်ကြားနေရကြောင်း၊ ထို့ကြောင့် ကားသမားများ သတိဝိရိယဖြင့်သွားလာ နေရကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

” ကားလမ်းက ပြန်ဖွင့်ပြီး၊ သတိနဲ့သွားလာနေရတယ်။ လက်နက်ကြီးသံတွေက ကြားနေရတုန်းပဲ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် သျှမ်းပြည် တောင်ပိုင်းအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစပြီး မိုင်းပွန်မြို့ တွင် ၁၀ ရက်ကျော်ကြာ မီးပျက်နေကြောင် သိရသည်။။

Leave a Comments

- Advertisement -spot_img

Latest article