သျှမ်းပြည်သို့ စစ်ဘေးရှောင်လာသူများ စားဝတ်နေရေး ခက်ခဲ၊ ကြုံရာကျပန်းလုပ်နေရ

သျှမ်း-ကရင်နီတကြော သျှမ်းပြည်သို့ အရေးပေါ် စစ်ဘေးရှောင်လာသောသူများသည် စားဝတ်နေရေး ခက်ခဲနေကြသဖြင့် ကြုံရာကျပန်းလုပ်ကိုင်ပြီး ဝမ်းရေးအတွက် ရှာဖွေနေကြရကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသမှ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

သျှမ်း-ကရင်နီနယ်စပ် နှင့် ကရင်နီပြည် အတွင်း “၁၁.၁၁ စစ်ဆင်ရေး”ကြောင့် နိုဝင်ဘာလ ၁၅ ရက်မှစပြီး သျှမ်းပြည် တောင်ပိုင်း ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေး‌ နှင့် ဆီဆိုင် ဒေသများသို့ ထွက်ပြေးလာသည့် ပြည်သူများသည်စားဝတ်နေရေး အတွက် ခက်ခဲနေပြီး ဝမ်ရေးအတွက် ကြုံရာကျပန်းလုပ်ကိုင် ဖြေရှင်း နေကြရကြောင်း စစ်ရှောင်ကူညီနေသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လက်တလောအ‌ခြေအနေဆိုရင် စစ်ရှောင်တွေက ပူးပေါင်းပြီး ညောင်ရွှေမှာဆို အကြော်‌ရောင်းတဲ့သူနဲ့ ပင်လောင်း တွေမှာ ဆိုရင်လည်း ခေါက်ဆွဲကြော်ရောင်းကြတယ်။ စစ်ဘေးရှောင်တွေစုပြီး ကိုယ့်အားကိုယ် ကိုးပြီး ပိုက်ဆံရှာရတာ တွေရှိတယ်။ ထမင်း၊ဟင်းတွေရောင်းတဲ့သူတွေလည်း ရှိတာပေါ့။”ဟု အင်းလေးဒေသ စစ်ရှောင်များကိုကူညီနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ပုံ – ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်

ထို့အပြင် အချို့သောစစ်ဘေးရှောင်များလည်း မိမိနေအိမ်မှ သယ်လာသောပစ္စည်းများကို နမ့်ပန်တွင် ထက်ဝက်ဈေးဖြင့် ပြန်ရောင်းကာ စားဝတ်နေရေးအတွက် ပိုက်ဆံရှာနေရသကဲ့သို့ အချို့သော စစ်ရှောင်များသည် နေ့စားလိုက်နေတဲ့သူ များလည်း ရှိကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့တချိူ့တွေဆိုရင် ဟိုကနေပါလာတဲ့ ရေခဲသတ္တာတို့ဆိုရင် နမ့်ပန်ဖက်မှာ ရောင်းနေတာ တချို့ဆိုရင် ၃သိန်း ၄ သိန်းတန်ကို ၁သိန်း လောက်နဲ့ ပြန်ရောင်းနေကြတာ။သူတို့တွေက ပိုက်ဆံလိုလို့ လေ” ဟုဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။

ပင်လောင်းစစ်ရှောင်

သျှမ်း-ကရင်နီတကြော မှထွက်ပြေးလာသည့် စစ်ဘေးရှောင်များ လက်ရှိ သျှမ်းပြည် တောင်ပိုင်း အင်းလေး ဒေသတွင် စုစုပေါင်း လူဦးရေ ၁ သောင်းထက်မနည်းရှိနေပြီး၊အောင်ပန်းတွင်လည်း စုစုပေါင်းလူဦးရေ ၁၅၀၀ ဝန်ကျင်ရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူများက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

ကရင်နီ(ကယား)ပြည် မှ သျှမ်းပြည်သို့ လာရောက် ခိုလှုံ စစ်ဘေးရှောင်နေသူများသည် အများစုတွင် ဘုန်းကြီးကျောင်းများ၊ဆွေမျိုးအိမ်များ၊အိမ်ငှားနေသူများရှိပြီး ဆောင်ရာသီ အတွက် အသုံးအဆောင် ပစ္စည်းများဖြစ်သည့် စောင်၊အနွေးထည်များနှင့် စားနပ်ရိက္ခာများ လိုအပ်နေပြီး အလှူရှင်များလည်း ယခင်ထက်နည်းပါးနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...