ကွတ်ခိုင်မြို့နယ် လက်နက်ကြီး၊ မြေမြုပ်မိုင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံး၊ ၈ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးနှင့် မြေမြုပ်မိုင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကွတ်ခိုင် တိုးဂိတ်

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နှင့် ဒီဇင်ဘာလ ၁၀ ရက် နှစ်ရက်အတွင်း ကွတ်ခိုင်မြို့နယ် မြို့နှင့် လွယ်ဆိုင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးအပါအဝင် အရပ်သား ၇ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကွတ်ခိုင်မြို့

“ ပြီးခဲ့တဲ့ ၉ရက်နေ့ကတော့ ဒဏ်ရာရသူ ၅ ယောက် လောက်ရှိတယ်။ သေဆုံးသူ ၉ နှစ်အရွယ် ကလေး ၁ ဦးရှိတယ်။ မနေ့ ကကျတော့ ကလေး ၁ ယောက် ပေါင်မှန်သွားတယ်။ ဒီနေ့လားရှိုးပို့ထားတယ်၊ ဘယ်လိုလုပ်မယ်တော့ မသိဘူး။ နောက်အမျိုးသမီးတစ် ယောက် ဒဏ်ရာရတယ်” ဟု ၎င်းလူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၂ ရှိ စစ်တပ်စခန်းအနီး အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ညာခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ကွတ်ခိုင်မြို့နယ်တွင် “ ၁၀၂၇ စစ်ဆင်ရေး” စတင်လာပြီးနောက်ပိုင်း မည်သည့် အဖွဲ့အစည်းမှ မသိရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် မကြာခဏ ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရသူရှိသလို သေဆုံးမှုများလည်း ရှိနေကြောင်း ကွတ်ခိုင်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ အခုဟာက တစ်ဦးတစ်ယောက်ကြောင့်၊ တစ်ဖွဲ့ကြောင့် ဖြစ်တာမဟုတ်ဘူး။ အဖွဲ့စုံလောက်က ဖြစ်နေတာ။ ဘယ်ကမှန်း မသိတဲ့ လက်နက်တွေ နေ့တိုင်းလိုလို ကျနေတာပဲ။ ပစ်နေကြတာပဲ။ အခုက ကွတ်ခိုင်မြို့အကုန်လုံးက ဖြတ်ကြီးဆယ်ဖြတ်နဲ့ အဖြတ်ခံထားရသလို ဖြစ်နေတယ်” ဟု ၎င်းက အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်လာချိန်မှစ၍ ယနေ့အချိန်ထိ လက်နက်ကြီးကြောင့် ကလေးအပါအဝင် အရပ်သား ၁၃ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသည့် စာရင်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...