Tuesday, January 27, 2026

ကွတ်ခိုင်မြို့နယ် လက်နက်ကြီး၊ မြေမြုပ်မိုင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံး၊ ၈ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးနှင့် မြေမြုပ်မိုင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကွတ်ခိုင် တိုးဂိတ်

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နှင့် ဒီဇင်ဘာလ ၁၀ ရက် နှစ်ရက်အတွင်း ကွတ်ခိုင်မြို့နယ် မြို့နှင့် လွယ်ဆိုင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးအပါအဝင် အရပ်သား ၇ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကွတ်ခိုင်မြို့နယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

ကွတ်ခိုင်မြို့

“ ပြီးခဲ့တဲ့ ၉ရက်နေ့ကတော့ ဒဏ်ရာရသူ ၅ ယောက် လောက်ရှိတယ်။ သေဆုံးသူ ၉ နှစ်အရွယ် ကလေး ၁ ဦးရှိတယ်။ မနေ့ ကကျတော့ ကလေး ၁ ယောက် ပေါင်မှန်သွားတယ်။ ဒီနေ့လားရှိုးပို့ထားတယ်၊ ဘယ်လိုလုပ်မယ်တော့ မသိဘူး။ နောက်အမျိုးသမီးတစ် ယောက် ဒဏ်ရာရတယ်” ဟု ၎င်းလူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရပ်ကွက် ၂ ရှိ စစ်တပ်စခန်းအနီး အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ညာခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ ကွတ်ခိုင်မြို့နယ်တွင် “ ၁၀၂၇ စစ်ဆင်ရေး” စတင်လာပြီးနောက်ပိုင်း မည်သည့် အဖွဲ့အစည်းမှ မသိရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် မကြာခဏ ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရသူရှိသလို သေဆုံးမှုများလည်း ရှိနေကြောင်း ကွတ်ခိုင်မြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ အခုဟာက တစ်ဦးတစ်ယောက်ကြောင့်၊ တစ်ဖွဲ့ကြောင့် ဖြစ်တာမဟုတ်ဘူး။ အဖွဲ့စုံလောက်က ဖြစ်နေတာ။ ဘယ်ကမှန်း မသိတဲ့ လက်နက်တွေ နေ့တိုင်းလိုလို ကျနေတာပဲ။ ပစ်နေကြတာပဲ။ အခုက ကွတ်ခိုင်မြို့အကုန်လုံးက ဖြတ်ကြီးဆယ်ဖြတ်နဲ့ အဖြတ်ခံထားရသလို ဖြစ်နေတယ်” ဟု ၎င်းက အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်လာချိန်မှစ၍ ယနေ့အချိန်ထိ လက်နက်ကြီးကြောင့် ကလေးအပါအဝင် အရပ်သား ၁၃ ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ သီခြားကောက်ယူထားသည့် စာရင်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...