သိန္နီမြို့တွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၁၂ လုံး မီးလောင်ပျက်စီး

သျှမ်းပြည် သိန္နီမြို့တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ည ၁၀ နာရီကျော် အချိန်ခန့်မှစ၍ သိန္နီမြို့တွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သိန္နီမြို့ ရပ်ကွက်(၁) ဈေးတန်းရပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူနေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိန္နီမြို့ဒေသခံများက ပြောသည်။

“ည ၁၀ နာရီခွဲလောက်ကတည်းက ဗုံးတွေကျတာ၊ ကျတော်တို့ အိမ်နောက်ဘက်တစ်လမ်းကို အရင်ကျတာ။ အဲ့မှာမီးလောင်သေးတယ်၊ ဝိုင်းပြီး မီးငြိမ်းကြတော့ ငြိမ်းသွားတယ်။ နောက်ပြီး ကျတော်တို့အိမ်တန်းဘက် ထပ်ကျတော့ အိမ်ရှင်က မီးငြိမ်းပြီး ဗုံးထိမှာကြောက်လို့ အိမ်ပြောင်းအိပ်တာ။ ဘယ်လိုဖြစ်လဲတော့ မသိဘူး၊ ၁၂ လုံးကျော်တော့ အကုန်မီးကူးပြီး လောင်ကုန်ပြီ”ဟု သိန္နီမြို့မှ နေအိမ်မီးလောင်သွားသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ညအချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၆ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် သိန္နီမြို့တွင်း ရပ်ကွက်(၁) ဈေးတန်းရပ်ရှိ သိန္နီစာတိုက်၊ လက်ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင် ၂ ဆိုင်၊ ဖုန်းဆိုင်နှင့် ခေါက်ဆွဲဆိုင်တို့ မီးလောင်ကျွမ်းခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) နံနက် ၆ နာရီကျော်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိန္နီမြို့မှ ၎င်းအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်လည်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ် စခန်းသစ်ကုန်းမှနေ၍ နမ့်ခမ်းမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နမ့်ခမ်းမြို့မ ရဲစခန်းအနောက်ဘက်ရှိ ပတ္တမြားခန်းမနှင့် နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ကျောက်မဲမြို့ အေးရှားဝေါလ် တိုးဂိတ်အနီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဓာတ်ဆီဆိုင်နှင့် အနီးရှိနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ၎င်းပျက်စီးမှုများကြားတွင် ကျား/မ ခွဲခြားမရနိုင်ဘဲ မီးလောင်သေဆုံးနေသော အလောင်း ၄ လောင်းကိုလည်း တွေ့ရှိခဲ့ရသည်ဟု ကျောက်မဲဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော်ကာလအတွင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ထိမှန်မှုကြောင့် အမျိုးသမီး ၅ ဦး အပါအဝင် စုစုပေါင်း ၁၄ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူနေအိမ် ၂၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း သိန္နီမြို့စစ်ဘေးရှောင် ကူညီသူများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...