အခက်အခဲတွေ ကြားထဲက တောင့်ခံနေထိုင်ကြရတဲ့ စစ်ရှောင်များ

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းမှုကို ဖီဆန်မှု ပုံစံမျိုးစုံ သပိတ်ဖြင့် မြို့တိုင်းလိုလို ၃ လကြာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြပြီး ၂၀၂၁ ခုနှစ်၊ မေလ နောက်ပိုင်းမှာတော့ မြို့ပြတိုက်ပွဲတွေ မြို့တိုင်းလိုလို စတင်ပေါ်ပေါက် လာခဲ့ပါတယ်။

စစ်ရှောင်တွေရဲ့ ဝက်မွေးမြူရေး

ထိုမြို့ပြ တိုက်ပွဲထဲမှာ ကရင်နီပြည် (ကယား) ဒီမော့ဆိုမြို့တို့အပြင် သျှမ်း-ကယား နယ်စပ် မိုးဗြဲမြို့၊ ဖယ်ခုံမြို့တို့အပါဝင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်ကတည်းက စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားကာကွယ်ရေး တပ်တွေအကြား အပြန်အလှန် ပစ်ခတ်လာကြတာကြောင့် စစ်ရှောင် တစ်သိန်းကျော် နီးပါးအထိ ရှိခဲ့ပါတယ်။

ကရင်နီပြည် ဒေသခံ ပြည်သူအများစုဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ အင်းလေး၊ အောင်ပန်း၊ ညောင်ရွှေမြို့နယ်စတဲ့ နီးစပ်ရာဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ တချို့သော သက်ကြီးရွယ်အိုများက ထွက်ပြေးတိမ်းရှောင်ဖို့ အဆင်မပြေတာကြောင့် နေအိမ်တွင်သာ ချန်ထားတာလည်း ရှိပါတယ်။

အိုးအိမ်၊ နေအိမ်၊ ခြံ စတာတွေကို စွန့်ခွာပြီး နီးစပ်ရာ တောင်ကြီးမြို့ တစ်နေရာမှာ ထွက်ပြေးတိမ်းရှောင်ကြတဲ့ စစ်ရှောင်တချို့ဟာ နေထိုင်ရာ စစ်ရှောင်စခန်းမှာ အဆင်ပြေသလို နေထိုင်စားသောက်နေကြရပြီး စားဝတ်နေရေးအတွက် တပိုင်တနိုင် မွေးမြူရေးတွေ စိုက်ပျိုးရေးတွေကို လုပ်ကိုင်ကြရင်း အသက်မွေးနေကြရတာပါ။

စစ်ရှောင်တွေ စိုက်ထားတဲ့ပြောင်းခင်း

စစ်ရှောင်စခန်းမှာ အခြေကျရန် ခက်ခဲပင်ပန်းစွာဖြင့် ကြိုးစားရုန်းကန်‌နေကြရပြီး စစ်အာဏာရှင်များ၏ ပိတ်ဆို့မှုကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကူညီထောက်ပံ့သော အခြေခံလိုအပ်ချက်ပစ္စည်းများဖြစ်တဲ့ အစားအစာ၊ သောက်ရေ၊ ဆေးဝါး၊ အခင်းအကာ စသည်တို့ကိုလဲ လုံလုံလောက်လောက် မရရှိနိုင်ဘူးလို့ ဆိုရမှာပါ။

ဒါကြောင့်လည်း စစ်ရှောင်တွေ အများစုဟာ တဲလေးထိုးပြီး မိုးကာဖြင့်သာ ပြုလုပ်ထားတဲ့ တဲကို မိသားစုလိုက် နေထိုင်ကြရတာပါ။ လျှပ်စစ်မီး မရတာကြောင့် ဆိုလာမီးကို အသုံးပြု ကြရတာပါ။ ဒါအပြင်လည်း ထမင်းဟင်းကို ထင်းကို အသုံးပြုပြီး မြေကြီးပေါ်မှာပဲ အဆင်ပြေသလို ချက်ပြုတ် စားကြရပါတယ်။

စစ်ရှောင် ရဲ့ မီးဖိုးခန်း

မိသားစု စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် ပြောင်း စိုက်ပျိုးရေး၊ ဝက်မွေးမြူရေး၊ ကြက်မွေးမြူရေး စတာတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။ တချို့ စစ်ရှောင်တွေလည်း အလုပ်အကိုင်၊ စားရေးသောက်ရေး ရှားပါးတာတွေကြောင့် အန္တရာယ်ကြားထဲက နေရပ်ဒေသကို အရဲစွန့်ပြီး ပြန်သွားတဲ့ သူတွေလည်း ရှိပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေဟာ အဆင်ပြေသလို နေထိုင် စားသောက်ပြီး နေ့တဓဝူ ဘဝကို ဖြတ်သန်းနေကြရပါတယ်။ ကျန်းမာ‌ရေးနဲ့ ပတ်သက်ပြီး တစ်လ တစ်ကြိမ် အသိဆရာဝန်တစ်ယောက်က လာရောက်ကြည့်ရှူပေးတယ်လို့လည်း ဆိုပါတယ်။

စစ်ရှောင်တွေဟာ ရောက်ရာအရပ်မှာ အားတင်းပြီး အဆင်ပြေအောင် ကြိုးစားနေထိုင်နေကြပေမယ့် စစ်ပွဲအမြန် အဆုံးသတ်ပြီး တရားမျှတမှု ပြန်ရကာ အိမ်အမြန်ပြန်ချင်တယ်၊ နေရပ်က အလုပ်တွေ ပြန်လုပ်ချင်တယ် လို့ အမြဲ ဆုတောင်းနေကြကြောင်း ဆိုပါတယ်။#ဖယ်ခုံ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...