အွန်လိုင်းဈေးရောင်းသူများကိုပါ ခြိမ်းခြောက်လာတဲ့ စစ်ကောင်စီ

မြန်မာနိုင်ငံအတွင်း အွန်လိုင်းဈေးရောင်းသူများသည် ယနေ့မှစ၍ မှတ်ပုံတင်လျှောက်ထားနိုင်ပြီ ဖြစ်ပြီး ဈေးဝယ်သူက ဈေးနှုန်းမေးလာသည့်အခါ CB (chat box) လာလို့ ပြောဆိုပါက အရေးယူခံရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်က ထုတ်ပြန်ကြေညာထားသည့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားနိုင်ရေးအတွက် လျှောက်ထားလိုသူများကို ယနေ့မှစ၍ အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ အောက်တိုဘာ ၃ ရက်၌ ထုတ်ပြန်ထားသည်။

Photo – Credit ( အွန်လိုင်းစျေးသည်)

မှတ်ပုံတင်လျှောက်ထားလိုသူများသည် ရုံးဌာနများသို့ လူကိုယ်တိုင် သွားရောက်ဆောင်ရွက်ရန် မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

အဆိုပါ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားခြင်း နှင့် ပတ်သက်ပြီး သျှမ်းပြည် မူဆယ်မြို့ အွန်လိုင်းဈေးရောင်းသူ အမျိုးသမီးတစ်ဦးက “ တကယ်လို့ မှတ်ပုံတင်ရမယ်ဆိုရင်လည်း မတတ်နိုင်ဘူး လုပ်မှာပဲလေ။ တပိုင်တနိုင် နဲ့ အမြတ်များများ ငွေပိုရှာနိုင်တဲ့ သူတွေဆို သူတို့လုပ်မှာပဲ။ တချို့ဆိုင်သေးသေးလေးတွေ အတွက်တော့ အခက်အခဲအများကြီး ရှိမှာပေါ့။ အမြတ်သိပ်မရှိဘူး။ ပြီးတော့ တချို့ အွန်လိုင်းစနစ်ဆိုတော့ နည်းပညာ မကျွမ်းကျင်ဘူး“ ဟု ပြောသည်။

ယင်းကဲ့သို့ အွန်လိုင်း မှတ်ပုံတင်လျှောက်ထားခြင်းကြောင့် ကုန်ကျစရိတ် နှင့် အွန်လိုင်းစနစ် အသုံးပြုနည်း အခက်ခဲရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

အလားတူ အွန်လိုင်းဈေးရောင်းသူများအနေဖြင့် ဝယ်သူများက ဈေးနှုန်းမေးလာတဲ့အခါ CB (chat box) လာလို့ ပြောဆိုပါက အရေးကြီး ကုန်စည် နှင့် ဝန်ဆောင်မှု ဉပဒေအရ အရေးယူခံရမည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI) မှ ယမန်နေ့ စက်တင်ဘာလ ၂ ရက် ပြုလုပ်ခဲ့သည့် အွန်လိုင်းစနစ်နှင့် ရောင်းချသူများ မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ်ခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။

“ CB လာ ဆိုရင်တော့ မှတ်ပုံတင် လက်မှတ်ပါ တာဝန်ရှိမှု တားမြစ်ချက်နဲ့ အကျုံးဝင် သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် market နဲ့ ပတ်သက်ပြီးတော့ ဈေးနှုန်းကိုလည်း ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ပြပြီး ရောင်းပေးကြဖို့ ပြောချင်ပါတယ်။ မှတ်ပုံတင်ထားပြီးမှ CB လာ ဆိုရင် စားသုံးသူ ကာကွယ်ရေး ဥပဒေအရရော၊ တားမြစ်ချက်အရရော အကျုံးဝင်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ဆို CB လာ လို့တော့ မရတော့ပါဘူး “ ဟု ဦးထက်ဝင်းအောင်က ပြောသည်။

ထို့အပြင် အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူများသည် နိုင်ငံရေး၊ လှုံ့ဆော်မှု၊ ဟောပြောမှု၊ စည်းရုံးမှု၊ အားပေးမှု နှင့် ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခြင်းကို ရှောင်ကျဉ်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ကူးစက်မှုဖြစ်ပြီးနောက် နှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူများသည် အွန်လိုင်းပေါ်မှ တပိုင်တနိုင် စျေးရောင်းစားရာမှ လက်ရှိမှာ စစ်ကောင်စီမှ ဝင်ငွေရယူလိုသည့်အတွက် နည်းမျိုးစုံသုံး အခွန်အတင်းအဓမ္မ ကောက်ယူနေကြောင်း အွန်လိုင်းစျေးသည်များက ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...