Tuesday, January 27, 2026

ဆီဆိုင်မြို့နယ် ပညာရေးဝန်ထမ်းရှားပါးလာမှုကြောင့် (၁၀) တန်းအောင်သူများ ဆရာအဖြစ်ခန့်အပ်မည်

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပညာရေးဝန်ထမ်းများ ရှားပါးလာမှုကြောင့် (၁၀) တန်းအောင်မြင်ပြီးသွားသည့် သူများကို တလလျှင် ကျပ်ငွေ တစ်သိန်းခွဲဖြင့် ပြည်သူလူထုမှ ခန့်အပ်မည်ဟု စုံစမ်းသိရသည်။

.

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံးမှ ပညာရေးဝန်ထမ်းများသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်လာကြပြီး၊ တဖက်မှာလည်း နိုင်ငံရေး အခြေအနေကြောင့် လစာ အခက်အခဲ ဖြစ်လာပြီး စစ်ကောင်စီပေးအပ်သည့် လစာမှာ မမှန်ကန်မှုကြောင့် ဝန်ထမ်းဘဝမှ ရပ်ဆိုင်းခဲ့သည်။

ထိုအလုပ်ရပ်နားလိုက်သည့် ဝန်ထမ်းများထဲတွင် ဆီဆိုင်မြို့နယ် ပညာရေးဝန်ထမ်း အများအပြားပါဝင်သဖြင့် လက်ရှိမှာ ပညာရေး ဝန်ထမ်းရှားပါးလာမှုကြောင့် ၁၀ တန်းအောင် သူများကိုပါ ဆရာအဖြစ် ခန့်အပ်လာသည့်အဆင့်ဖြစ်လာသည်။

ယခု ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာရှိ အထက်တန်းကျောင်း (အ.ထ.က) တွင် ပညာရေးဝန်ထမ်းများ မလုံလောက်သည့် ပြဿနာနှင့် ကြုံတွေ့နေရသောကြောင့် စစ်ကောင်စီ လက်အောက်ခံ အစိုးရခန့် မဟုတ်ဘဲ ပြည်သူလူထုမှ ခန့်ထားသည့် ပညာရေးဝန်ထမ်းများ ခေါ်ယူနေရကြောင်း ဆိုက်ခေါင်မြို့ဒေသခံ အမျိုးသမီးတဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဆရာ၊ ဆရာမတွေ မလောက်လို့ လူထုကနေ ခန့်ထားတာ ဆရာမ ၄ ယောက်လောက်ရှိတယ်။ ပညာအရည် အချင်းတော့ ၁၀ တန်းအောင်ရတယ်။ ၁၀ တန်းအောင်ပြီး တက္ကသိုလ်တက် ဘွဲ့မရသေးရင်တော့ အလယ်တန်းနဲ့ မူလတန်းအဆင့် သင်ရတယ်။ တချို့ ဘွဲ့ရပြီး ကိုယ့်မေဂျာကိုကျွမ်းရင်တော့ အထက်တန်းမှာ သင်တာလည်း ရှိတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူလူထုမှ ခန့်ထားသည့် ဆရာ၊ ဆရာမသည် တစ်လကို လစာကျပ်ငွေ ၁ သိန်းခွဲသာ ရရှိသည်။

ထို ပညာရေးဝန်ထမ်းများသည် ပြည်သူလူထုမှ ခန့်ထားသောကြောင့် စာသင်ကြားနည်းသင်တန်း မတက်ခဲ့ရသလို ကျောင်းသား၊ သူများကို သင်ကြားပေးပါက မထိရောက်မည်ကို စိုးရိမ်နေကြောင်း ကျောင်းသားမိဘ တဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ တကယ့် ဆရာ၊ ဆရာမတွေလောက်တော့ မမှီဘူးပေါ့။ သင်တန်းတွေလည်း မတက်ရဘူး။ သူတို့ တက်သလိုသာ သင်နေရတာ။ ကိုယ့်ကလေးအတွက်တော့ စာသင်တဲ့အခါမှာ ကောင်းကောင်းနားမလည် နိုင်မှာကိုဘဲ စိုးရိမ်တယ် “ ဟု ၎င်းကျောင်းသားမိဘတဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီလက်အောက်ခံ အစိုးရဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများသည် အလယ်အဆင့် သင်ကြားပါက တစ်လကို ကျပ်ငွေ ၂ သိန်းသာ ရရှိပြီး ယခုလို ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာသည့် ကာလတွင် လစာနှုန်း မြင့်တက်ပေးစေလိုကြောင်းလည်း ပညာရေးဝန်ထမ်းများက ပြောဆိုနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...