အင်းလေး ဖမ်းခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေး ၂ ဦး ပြန်လွှတ်ပြီး၊ မိဘ ၂ ဦး ဖမ်းဆီးထားခံရဆဲ

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ ဖမ်းဆီးခေါ်ဆောင်ခံရသည့် မိသားစုဝင် ၄ ဦးထဲမှ ကလေးနှစ်ဦး ပြန်လည် လွှတ်လာပြီး၊ မိဘ ၂ ဦး ဖမ်းဆီးထားဆဲကြောင်း စုံစမ်းသိရသည်။

.

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီတပ်သား နှင့် ရဲတပ်ဖွဲ့တို့ သြဂုတ် ၂၈ ရက် ညနေပိုင်းတွင် အင်းလေး သပြေပင်သစ် အမှတ် (၃) ကျေးရွာနေ မိသားစု ၄ ဦးကို ဖမ်းဆီးခဲ့သည်။

ထို့ဖမ်းဆီးမှုအပြီး မိသားစုဝင် (၄) ဦးမှ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး နှင့် အသက် ၁၅ နှစ်အရွယ် အမျိုးသားလူငယ်တစ်ဦးကို သြဂုတ် ၃၁ ရက်တွင် ပြန်လည်လွတ်ပေးခဲ့ရာ မိဘ (၂) ဦးကို လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရသေးကြောင်း ၎င်းနှင့် နီးစပ်သူ အမျိုးသမီး တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေးနှစ်ယောက်တော့ ပြန်လွတ်လာပြီ။ သူ့အဖေ၊ အမေတွေတော့ ပြန်မလွတ်လာသေးဘူး။ သတင်းလည်း လုံးဝ အစအန မရဘူး။ ကလေးတွေကတော့ အိမ်ပြန်ရောက်သွားတယ်။ သူတို့ စိတ်အခြေအနေက အရမ်းကိုကြောက်နေတာ။ ဘာမှမပြောရဲဘူး။ သူတို့ဆွေမျိုးတွေလည်း ကြောက်နေတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အင်းလေးအမျိုးသမီးသမဂ္ဂ အဖွဲ့အစည်းမှ အမည်မဖော်လိုသူတစ်ဦးက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသတွင် ဖမ်းဆီးခံရသည့် အမျိုးသမီးများရှိပြီး အချို့သည် ပြန်လည်လွတ်မြောက်လာသော်လည်း တချို့မှာ တောင်လေးလုံးထောင်အတွင်း ပြန်လည် ဖမ်းဆီးခံထားရဆဲကြောင်း ဆိုသည်။

“အမျိုးသမီးတွေရဲ့ ဘဝက လုံးဝ လုံခြုံမှုမရှိဘူး။ အချိန်မရွေး ထိခိုက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေပါ။ ညဖက်သွားလာဖို့ မပြောနဲ့၊ အိမ်မှာနေရင်တောင် အချိန်မရွေး အန္တရာယ်ရှိတယ်။ အချိန်မတော် ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်မှုတွေရှိပြီး အမျိုးသမီးတွေအတွက် အကာအကွယ် မဲ့နေလို့ပါ “ ဟု ၎င်းအင်းလေးအမျိုးသမီး သမဂ္ဂမှ အဖွဲ့အစည်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် အင်းလေးဒေသ ဟဲယာရွာမကျေးရွာဘက် ညကင်းလှည့်သည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ဗျူစောထီးတို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးချော့တိတ်နေသည့် နေအိမ်ထဲရှိ အမျိုးသမီးတစ်ဦး၏ နားထင်ကို သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့သည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသတွင် ပြည်သူများ၏ လုံခြုံရေး အခြေအနေသည် ၈၉ ရာခိုင်နှုန်း မရှိကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC- Innlay မှ စုစည်းထားသည့် သတင်းအချက်အလက် သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...