Saturday, February 14, 2026

မြန်မာ – တရုတ်နယ်စပ် မူဆယ်ဂိတ်များ၌ နှစ်နိုင်ငံဝင်ထွက်ခွင့်တစ်ခါသုံးကတ် စတင်ပြုလုပ်ပေးနေ

မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်ဂိတ်များတွင် နှစ်နိုင်ငံဝင်ထွက်ခွင့်တစ်ခါသုံးကတ်ကို ယနေ့ (စက်တင်ဘာ ၄) ရက်မှစ၍ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (စက်တင်ဘာလ ၄ ရက်) နေ့လယ် ၁၂ နာရီအချိန်တွင် မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်ရှိ နန်းတော်ဂိတ်၊ မန်ဝိန်းဂိတ် နှင့် ဆင်ဖြူဂိတ်တွင် မြန်မာနိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်ထားသူများ မည်သူမဆို နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် (TBP) ကို စတင်ပြုလုပ်ပေးနေကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

Photo-Credit to Owner ( နှစ်နိုင်ငံဝင်ထွက်ခွင့်တစ်ခါသုံးကတ် လာရောက်ပြုလုပ်သူ)

“ဒီနေ့ကစပြီး တကယ်လုပ်ပေးတာဗျ။ သွားလုပ်တဲ့သူတွေ အများကြီးပဲ တန်းစီနေရတယ်။ အဓိက ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်တွေမှာ လုပ်ပေးနေတယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ကို ပြုလုပ်ပါက တစ်ဦးလျှင် ကျပ်ငွေ ၂ ထောင်ကျော် ပေးဆောင်ရပြီး သက်တမ်း ၆ ည ၇ ရက် ရရှိကာ တရုတ်နိုင်ငံ ရွှေလီမြို့ထိ ဝင်ခွင့်ရသည်။

အလားတူ ဂိတ်များကိုလည်း မနက် ၆ နာရီခွဲမှ ည ၈ နာရီအထိ သတ်မှတ်၍ ဖွင့်လှစ်ပေးကြောင်း သိရသည်။

“ အခုလို ကတ်တွေပြန်လုပ်ပေးနေပြီ၊ နှစ်နိုင်ငံဝင်ထွက်ပေးတော့ အလုပ်လုပ်ချင်တဲ့သူတွေအတွက်တော့ ကောင်းတာပေါ့။ အခုလည်း အလုပ်မရှိဘူး။ တရုတ်ပြည်ကို သွားချင်တဲ့လူတွေ အများကြီးပဲလေ “ ဟု မူဆယ်မြို့ဒေသခံ အလုပ်သမားတစ်ဦးက ပြောသည်။

ထို့အပြင် တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို စစ်တပ်က အာဏာသိမ်းချိန် ၂၀၂၁ ဧပြီလပိုင်းမှစ၍ ပိတ်ထားခဲ့ရာ ၃ နှစ်ကျော်ကာလအတွင်း ယခုလို နှစ်နိုင်ငံဝင်ထွက်ခွင့် ကတ်ကို ပြုလုပ်ပေးပြီး တရုတ်ပြည်ဝင်ခွင့်ပေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...