အိမ်အိုဟောင်းကို လွမ်းသူ

“ရွှေလရယ်သာ .. လာချင်ပါရဲ့ လေး..၊ ရွှေလမှာ ကြယ်တွေဝိုင်းလို့.. မောင်ကြံတိုင်း မယ် မပါ ဝေးတဲ့ဖူးစာ..” ဆိုတဲ့ အင်းလေးတိုက်တေး သီချင်းကို မယုတစ်ယောက် ညည်းနေပြီး လွမ်းသလိုလိုနဲ့ ငေးငေးငိုင်ငိုင် ထိုင်နေပါတယ်။

.

မြန်မာနိုင်ငံရဲ့ အထင်ကရ ဖြစ်တဲ့ အင်းလေးကန် (အင်းလေးဒေသ) မှာ နေထိုင်ကြပြီးတော့ အများက အင်းဆား၊ အင်းဆူ (အင်းသား၊ အင်းသူ) လူမျိုးလို့ ခေါ်ဝေါ်ကြပါတယ်။

အင်းလေး ဖောင်တော်ဦး ဒေသစာရီ ကြွချီစဥ်

မယု တစ်ယောက်က သူမ မေ့မရတဲ့ အတိတ်က ဖြစ်ရပ်ဆိုးတစ်ခုကို ပြောပြရင်း အံကိုကြိတ်လျက် တုန်ရီတဲ့ အင်းလေးသံ ဝဲဝဲလေးနဲ့ ပြောပြနေပါတယ်။

“ကျမတို့ သားအမိ အိပ်တဲ့ အခန်းထဲမှာလည်း ဝင်မွှေပြီး ဖျက်ဆီးသွားတယ်။ ရစရာ မရှိဘူး။ ကျမ နှစ်ရှည်လများ အလုပ်လုပ်ပြီး စုဝယ်ထားတဲ့ Laptop လေးလည်း ကွဲသွားတယ်။ ပြီးတော့ သူတို့ (မိသားစု) ကိုလည်း နှိပ်စက်ခဲ့တယ်။ အိမ်ကိုလည်း ချိတ်ပိတ်မယ်လို့ ပြောတယ် “လို့ မယုက အံကိုကြိတ်ပြီး တုန်ရီရီလေသံနဲ့ ပြောဆိုနေပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၁၅ ရက် ညက မယုတို့ မိသားစု နေထိုင်တဲ့ အင်းလေးဒေသက နေအိမ်ထဲကို စစ်ကောင်စီတပ်က အင်အား ၄၀ နဲ့ ဝင်ရောက် စီးနင်းခဲ့တာပါ။

အင်းလေးဒေသမှ တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ

စစ်ကောင်စီ လာရောက်ချိန်မှာ မယု တယောက်ဟာ နေအိမ်ထဲမှာ မရှိနေပေမယ့် နေအိမ်မှာ ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက ကြိုးတုတ်၊ ရိုက်နှက်ခဲ့ပြီး အိမ်တွင်းပစ္စည်းတွေကို မွှေနှောက်သွားခဲ့တယ်လို့ မယုက စိတ်မကောင်းစွာ ပြောပြနေပါတယ်။

“ ကျမကို အိမ်မှာ သွားရှာတာ ကျမကို မတွေ့လို့ အစ်မ နဲ့ ခဲအိုကို ရိုက်နှက် ထိုးကြိတ်တယ်။ နောက်ပြီး ကျမရဲ့ ညီမ ယောင်္ကျားကိုလည်း လက်ပြန်ကြိုးတုတ်ပြီး ထိုးတယ်၊ ရိုက်နှက်တယ်။ ကျမ တူလေးက သူ့အမေ၊ အဖေထိတာ မြင်တော့ စိတ်ဆိုးပြီး လက်သီးဆုပ်တာကို ကျမ တူလေးကိုပါ ထိုးသွားတယ်။ သွားနှစ်ချောင်း ကျိုးတယ် “ လို့ မယုက အတိတ်က ဖြစ်ပျက်ခဲ့တာတွေကို စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်။

စစ်တပ် အာဏာသိမ်းချိန်တုန်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထုတွေဟာ စစ်တပ်ကို မထောက်ခံကြောင်း လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။ အဲ့ထဲမှာ ကလေး ၂ ယောက် မိခင်လည်းဖြစ် Single Mom လည်းဖြစ်တဲ့ မယုတစ်ယောက်လည်း အပါအဝင်ပါပဲ။

စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

ဒီလို ဆန္ဒပြခဲ့တဲ့အတွက် စစ်ကောင်စီဟာ အင်အားအများအပြားနဲ့ နေအိမ်ကို ရောက်ရှိလာပြီး ဖမ်းဆီးဖို့ ကြိုးစားစဉ်မှာ အချိန်မှီ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ၂ ပတ်အတွင်း သက်ဆိုင်ရာ ရဲစခန်းမှာ စစ်ဆေးမေးမြန်းခြင်း လာလုပ်ဖို့ပြောဆိုပြီး မလာရင် အိမ်ကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒီကနေ့ထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောဆိုနေသူတွေ၊ လှုံ့ဆော်မှု ပြုလုပ်နေသူတွေအပြင် စစ်တပ်အပေါ် ဆန့်ကျင်တဲ့ လုပ်ရက်မျိုး သက်ရောက်နေရင် စစ်ကောင်စီဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့ လိုက်လံဖမ်းဆီးမြဲ ဖမ်းဆီးနေဆဲပါ။

အလားတူ အင်းလေးဒေသက ပြည်သူတွေ နိုင်ငံရေး နဲ့ ပတ်သက်ပြီး ဆက်လက် လှုပ်ရှားမှုရှိ၊ မရှိ စစ်တပ်ကို ဆန့်ကျင် တော်လှန်နေတဲ့ အလုပ်မျိုး လုပ်ဆောင်နေခြင်း ရှိ၊ မရှိ ကိုလည်း စစ်ကောင်စီက မျက်ခြေမပျက် စောင့်ကြည့်လေ့လာဖို့ လုပ်ဆောင်လာပါတယ်။

အင်းလေးဒေသမှ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

အဲ့ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် နယ်မြေဒေသ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်တဲ့ ပြည်သူတွေအချို့ကို မက်လုံးပေးပြီး စစ်ကောင်စီ လက်အောက်ခံ ဗျူစောထီးအဖွဲ့ ဖွဲ့စည်းဖို့ စစ်သင်တန်း ခေါ်ဆောင်ခဲ့ပါတယ်။

“ ဆန် ၁ အိတ်၊ ဆီ ၁ ဘူး၊ ပိုက်ဆံ ၁ သိန်းခွဲပေးမယ် စစ်သင်တန်းလာတက်ဆိုပြီး ခေါ်တာ။ အစကတော့ အင်းထဲက အရက်သမားတွေ၊ မူးယစ်ဆေးသမားတွေ အရင်ချဥ်းကပ်ပြီး ခေါ်ခဲ့တာပေါ့။ နောက်တော့ စားဝတ်နေရေး မပြေလည်တဲ့သူတွေကလည်း အဲ့ထောက်ပံ့ကြေးရဖို့ တချို့သွားတက်ကြတာလည်း ရှိတယ် “ လို့ မယုက အင်းလေး ဒေသ အကြောင်းကို ရှင်းပြနေပါတယ်။

၂၀၂၂ ခုနစ် အောက်တိုဘာလဆန်းပိုင်းကစပြီး အင်းလေးဒေသရှိ အင်းပေါခုံက ရွာသူကြီးတွေကနေ တစ်ဆင့် စည်းရုံးခဲ့ပြီး စစ်သင်တန်း စတင်ခေါ်ဆောင်ခဲ့ရာ စာရင်းပေးသူ ၂၀ ဦးထက် မနည်း ရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနအနေနဲ့ သတင်းရေးသား တင်ဆက်ခဲ့ပါတယ်။

အင်းလေးဒေသမှာ ဗျူစောထီးလို့ နာမည်ကြီးနေသည့် အမျိုးသား

အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း အင်းလေးဒေသက ရွာကြီးထက်၊ အင်းပေါခုံ၊ မင်းချောင်းရှေ့၊ မင်းချောင်းနောက်၊ ကျေးစားကုန်း၊ ရွာကြီးမြောက်၊ ဘုရားငါးဆူ စတဲ့ ကျေးရွာတွေမှာ တစ်ရွာကို အနည်းဆုံး ဗျူစောထီးအဖွဲ့ဝင် ၂ ယောက်ရှိထားပြီး စစ်ကောင်စီက လက်နက်ကိုင်ခွင့် ပေးထားတယ်လို့ ဒေသခံတွေကပြော ပါတယ်။

လက်ရှိ ဗျူစောထီး ခေါင်းဆောင်ကိုတော့ သျှမ်းပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းရဲ့ ညာလက်ရုံး ဖိုးသာထူး (ခ) ညီညီထွန်း ကို ခန့်အပ်ထားတယ်လို့ သိရပါတယ်။

ဗျူစောထီးတွေရဲ့ အခန်းကဏ္ဍ ဟာဆိုရင် အင်းလေးဒေသမှာရှိတဲ့ ပြည်သူတွေကို မျက်ခြေမပျက် စောင့်ကြည့်လေ့လာဖို့၊ စစ်ကောင်စီကို သတင်းပေးပို့ဖို့နဲ့ အမြင်မကြည်တဲ့ လူတချို့ကို အမြင်ကပ် ပုဒ်မတပ်ပြီး ဖမ်းဆီးခေါ်ဆောင်ပေးဖို့အတူ ပအိုဝ်းပြည်သူ့စစ် PNO တွေနဲ့လည်း လှုပ်ရှားနေတယ်လို့ JMC- Innlay မှ ပြုလုပ်တဲ့ သုတေသန သတင်းစာရှင်းလင်းပွဲမှာ ဒါရိုက်တာ မယုလှိုင်သင်းက ပြောခဲ့ပါတယ်။

ပအိုဝ်းပြည်သူ့စစ် (PNO)

“ ရွာကို မီးဖြတ်လိုက်တယ်။ အကွက်ကျကျ လမ်းကြောင်းတွေ ကင်းချပြီးမှ ကျနော်အိမ် စဝင်လာတယ်။ ပထမ ရဲ ၃ ယောက်ပါတယ်။ နောက်တော့ စစ်သား၊ ပြည်သူ့စစ် ရဲတွေ စက်လှေနဲ့ ၅ စီး ရောက်လာတယ် “ လို့ ကိုအောင် (နာမည်လွှဲ) က နေအိမ်ဝင်စီးနင်းခံရတဲ့အကြောင်း ပြောပြလာပါတယ်။

အခု နှစ်ဦးပိုင်း မတ်လ ၂၁ ရက် ညက စစ်ကောင်စီ အပါအဝင် ပြည်သူ့စစ် အင်အား ၂၀ ခန့် လက်နက်ကိုင် အပြည့်အစုံနဲ့ တပ်သားများက နေအိမ်ထဲကို ဝင်စီးနင်းခဲ့တဲ့အကြောင်း ကိုအောင်က ပြန်လည်ပြောပြနေပါတယ်။

ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင် တစ်ဦးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံတွေ့ရှိခဲ့လို့ PDF နဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက အင်အားအများအပြားနဲ့ နေအိမ်အထိ လာရောက် ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

အင်းလေးဒေသမှ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

“ သူတို့က PDF အဖွဲ့ထဲမှာ ရှိတဲ့တစ်ယောက်နဲ့အတူ ကျနော်ဓာတ်ပုံတွေ့လို့ လာဝိုင်းကြတယ်လေ။ ဓာတ်ပုံရိုက်ထားတာက လွန်ခဲ့တဲ့ ၂၀၁၉ ကတည်းက ရိုက်ထားတာ။ ကျနော် တပည့်ပေါ့။ အခု အဲ့တစ်ယောက်က PDF ထဲဝင်သွားတာ။ အဲ့ဒါကို PDF နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး လာဖမ်းဖို့လုပ်တာဗျ “ လို့ ကိုအောင်က ရှင်းပြနေပါတယ်။

PDF နဲ့ ပတ်သက် ဆက်စပ်နေတယ်ဆိုတဲ့ စစ်ကောင်စီ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ကိုအောင်က အခုလို ပြန်လည် ဖြေရှင်းခဲ့ရပါတယ်။

“ ကျနော် ကျွမ်းကျင်တဲ့ ဘာသာရပ်မဟုတ်လို့ ဘာမှလုပ်ထားတာ မရှိဘူး။ ကျနော်က ဖုန်းထဲက ဓာတ်ပုံတွေနဲ့ သက်သေပြခဲ့ပါတယ်။ ဖုန်းထဲက ဓာတ်ပုံတွေ သက္ကရာဇ်ပါတယ်လေ။ ဖြေရှင်းလို့ လွယ်သွားတာပေါ့ “ လို့ ကိုအောင်က ပြောပါတယ်။

လက်နက်ကိုင် အပြည့်အစုံကိုင်ထားတဲ့ စစ်ကောင်စီ အပါအဝင် ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် တပ်သားတွေဟာ နေအိမ်မှာရှိတဲ့ ပစ္စည်းတွေ၊ အိပ်ခန်းထဲက စာအုပ်တွေ၊ ဘီဒိုတွေကို တစ်ခုမကျန် ရလိုရာရကြောင်း မွှေနှောက်ခဲ့ပြီး လက်ကိုင်ဖုန်းတွေပါ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အင်းလေးဒေသမှ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

အင်းလေးဒေသ အဖွဲ့အစည်းဖြစ်တဲ့ Justice Movement for Community – Innlay မှ စုစည်းထားတဲ့ မှတ်တမ်းအရ အာဏာသိမ်းပြီးနောက်ပိုင်း အင်းလေးဒေသ ပြည်သူ ၉၅ ဦးကို အင်တာဗျူး မေးမြန်းခဲ့ရာ ဒေသအတွင်း လုံခြုံစိတ်ချခြင်း ရှိ၊ မရှိနဲ့ လွတ်လပ်စွာ သွားလာခွင့် ရှိ၊ မရှိ မေးခွန်းအပေါ် လူဦးရေ ၈၉ ရာခိုင်နှုန်းခန့်က မိမိလုံခြုံရေး မရှိကြောင်း ဖြေဆိုထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီ အပါအဝင် ဗျူစောထီး နဲ့ ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး မှတ်ပုံတင်နဲ့ လက်ကိုင်ဖုန်း စစ်ဆေးမေးမြန်းပြီး ငွေတောင်းခံတာတွေအပြင် ခြိမ်းခြောက်တာတွေ၊ ပစ္စည်းတွေကို ခိုးယူ၊ လုယက်၊ ဖျက်ဆီး ခံရတာတွေကြောင့် အင်းလေးပြည်သူတွေဟာ လုံခြုံရေး မရှိဘူးလို့ ရေးသားဖော်ပြထားပါတယ်။

“ အင်းထဲက ဗျူတွေကတော့ ရွာထဲမှာတင်မဟုတ်ဘူး။ အင်းတကြောလုံးကို ဗျူတွေက လိုက်မွှေနေတာ။ မူးယစ်ဆေးဝါး ဖြန့်တယ်။ လောင်းကစားဝိုင်း လုပ်တယ်။ ဆက်ကြေးတောင်းတယ် “ လို့ အင်းလေးဒေသခံ ကိုသောင်း (အမည်လွှဲ)က ပြောပါတယ်။

အင်းလေးဒေသမှ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

အင်းလေးဒေသ အသီးသီးရှိ လောင်းကစားများကို လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက စစ်ကောင်စီ အပါအဝင် ရဲတပ်ဖွဲ့နဲ့ ဗျူစောထီးအဖွဲ့က ၁ ပတ်ကို တစ်ကြိမ် ကျပ်ငွေ အနည်းဆုံး ၅ သိန်း ဆက်ကြေး ကောက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗျူစောထီးတွေဟာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို လိုက်လံဖမ်းဆီးပြီး ပိုက်ဆံနဲ့ လူကို ပြန်ရွေးခိုင်းတာမျိုးလည်း လုပ်ခဲ့ပါတယ်။ ဒါဟာ မူးယစ်ဆေးဝါး တိုက်ဖျက်နေတာမဟုတ်ဘဲ မူးယစ်ဆေးသုံးစွဲသူတွေထံကနေ ငွေညစ်တောင်းယူနေတယ်လို့ ဒေသခံများက ပြောဆိုနေပါတယ်။

အဲ့ချိန်တုန်းက အင်းလေးဒေသက အင်းသူ၊ အင်းသား တို့တွေဟာ ရိုးရာလှေလှော်ပြိုင်ပွဲကို ပြုလုပ်တာပဲ ဖြစ်ဖြစ်၊ ပွဲလမ်းသဘင်တွေ ပြုလုပ်တာပဲ ဖြစ်ဖြစ် စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းမှုတို့ဟာ အမြဲတစင် ရှိခဲ့ပြီး အခုနောက်ပိုင်း အင်းသူ၊ အင်းသားတွေ သွေးကွဲလာတာ မြင်ရတော့ စိတ်ပျက်မိတယ်လို့ ကိုအောင်က ပြောပါတယ်။

အင်းလေးဒေသမှ တွေ့ရသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ

“ဒေသခံတွေ သွေးကွဲတာက စိတ်ညစ်စရာပါ။ သွေးခွဲအောင် လုပ်ရမယ့် အလုပ်က စစ်ဘီးလူး အလုပ်ပါလေ။ ဒေသခံတွေဘက်က ပညာမျက်စိ၊ ပညာနားနဲ့ အသိတရား ရှိစေချင်ပါတယ် “ လို့ စိတ်မကောင်းစွာနဲ့ ပြောနေပါတယ်။

မြန်မာနိုင်ငံပြည်ကြီး ပြန်လည် ကောင်းမွန်လာတဲ့ တစ်နေ့ကျရင်တော့ ကိုယ့်မွေးရပ် နယ်မြေမှာရှိတဲ့ အိမ်အိုဟောင်းလေးဆီ ပြန်ပြီး နေချင်သေးပါရဲ့။ အခုတော့ ရေကြည်ရာမြက်နုရှာ တိုင်းတစ်ပါးကို ထွက်ပြေးခိုလှုံရတာဟာ မလွယ်လှပါလား ဆိုပြီး မယုက အိမ်ကိုလွမ်းကြောင်း ပြောလာပါတယ်။

စစ်တပ် အာဏာမသိမ်းခင် အင်းလေးဒေသခံ တစ်ဦးမှ နေ့စဥ်ဘဝ ကို ရိုးရှင်းစွာ ဖြတ်သန်းတာကို တွေ့ရစဥ်

“ သူများ တိုင်းပြည်မှာ နေရတာတော့ တကယ်မလွယ်ဘူး။ အစစ အရာရာ ဝယ်ပြီးသုံးရတယ်။ ဘာသာစကား အခက်ခဲရှိတယ်။ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည်၊ ကိုယ့်အိမ်မှာ ပြန်နေချင်တယ်။ အာဏာရှင် စနစ်မပြတ်၊ မဖြုတ်သေးသရွှေ့တော့ နိုင်သလောက် ဆက်ပြီး တော်လှန်နေအုံးမှာပဲ “ လို့ မယုက ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...