ရက်ပေါင်း ၂၀ ကျော် စစ်ကောင်စီ ပိတ်ထားသည့် မိုင်းနောင် – လဲချား ကားလမ်းပိုင်း ယနေ့ ထိ မဖွင့်သေး

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီ ပိတ်ထားသည့် မိုင်းနောင် – လဲချားကို ဆက်သွယ်ထားသည့် လမ်းပိုင်းသည် ယနေ့အထိ မဖွင့်နိုင်သေးကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

.

စစ်ကောင်စီ လက်အောက်ခံ မိုင်းနောင် အခြေစိုက် စကခ ၂ မှ ပိတ်ထားသည့် မိုင်းနောင် – လဲချားလမ်း ယနေ့ အထိ မဖွင့်သေးသည့်အတွက် ပြည်သူလူထု၏ သွားရေးလာရေး ခက်ခဲစေသည့်အပြင် ခရီးကြန့်ကြာမှုလည်း ဖြစ်စေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချား – မိုင်းနောင် ကားလမ်းမ

“စစ်ကောင်စီတွေ ပိတ်ထားတော့ လဲချားကနေ နမ့်စန်ဘက်ကို ဆန်သယ်သွားလို့လည်း မရဘူး၊ အဲ့ဘက်ကို သွားမရတော့ လဲချားဘက်ကို ပြန်လာပြီး ပင်လုံဘက်ကို သွားရတယ်။ ဒါကြောင့် မကြာသင့်ပဲ ကြာသွားတာပေါ့” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချား – မိုင်းနောင် – မိုင်းရှူး ကားလမ်းသည် လဲချား မှ မိုင်းနောင်သို့ နာရီပေါင်း ၂ နာရီ ခရီးနှင့်၊ မိုင်းနောင် မှ မိုင်းရှူးသို့ ၁ နာရီ ခရီးရှိသည့်အတွက် စုစုပေါင်း ၃ နာရီဝန်းကျင်ခန့်သာ ကြာမြင့်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ လမ်းပိတ်ထားသည့်အတွက် မိုင်းရှူးသို့ သွားလိုပါက နမ့်စန် – ခိုလမ် – ဝမ်စိမ်း စသဖြင့် ကွေ့ပတ်သွားရသည့်အတွက် ပိုမိုခက်ခဲကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချား – မိုင်းနောင်

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ အာဏာသိမ်း စစ်ကောင်စီ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်နေရာယူကာ လမ်းများကိုလည်း ပိတ်လိုက်ခြင်းဖြစ်သည်ဟု SSPP/SSA ၏ မြေပြင် အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“မိုင်းနောင် – ကျေးသီး ဘက်မှာတော့ ကျနော်တို့နဲ့ စကစကြား စစ်ရေးတင်းမာမှု မရှိပါဘူး၊ စစ်ရေးတင်းမာမှု ရှိတဲ့ နေရာတွေက လဲချား တောင်ဘက် နဲ့ အရှေ့ဘက်တွေ ဖြစ်ကြတယ်၊ အခုလို လမ်းပိတ်ထားတာကလည်း လုံခြုံရေး ကိုအကြောင်းပြတယ်ဆိုပေမဲ့ အဓိက ကတော့ ကျနော်တို့ ဆီကို ရိက္ခာတွေ၊ အကူညီတွေ ရောက်လာမှာ စိုးရိမ်နေတာ” ဟု ဒေသအတွင်း လှုပ်ရှားသည့် SSPP/SSA ၏ မြေပြင် အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ကားလမ်းပိတ်ထားသည့်အတွက် ပြည်သူတို့၏ သွားရေးလာရေး နှင့် ဒေသအတွင်း ကုန်သွယ်ရေးပါ ထိခိုက်လာသည့်အတွက် လမ်းကြောင်းကို အမြန်ဆုံး ပြန်လည်ဖွင့်ပေးစေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုနေကြသည်။

လဲချား – မိုင်းနောင် ကားလမ်းကြောင်းသည် မိုင်ပေါင်း ၈၁ မိုင် ရှည်လျားပြီး ၃ နာရီသာ မောင်းနှင်ရသည့် အတွက် လက်ရှိ အသုံးပြုရသည့် မိုင်းကိုင် – ကျေးသီး – မိုင်းနောင် – မိုင်းရှူး လမ်းကြောင်းသည် ၆ နာရီထက်မနည်း မောင်းနှင်ရသည့်အပြင် အချိန်ပို ကြန့်ကြာသည့် လမ်းကြောင်းဖြစ်သည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး-မန္တလေး ကုန်သွယ်ရေး အရေးပါးသည့် သီပေါတံတား ခရီးသည်ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသည့် သီပေါတံတားကို ခရီးသည်များကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ လားရှိုး-မန္တလေး ကုန်သွယ်ရေးအတွက် အရေးပါသည့် သီပေါတံတားကို (၈)လကြာ ပိတ်ဆိုင်းထားရမှာ ယမန်နေ့ (ဇူလိုင် ၂၁)ရက် မှ စပြီး ခရီးသည်များကို ပြန်လည် ဖြတ်သန်းခွင့်ပြုလုပ်ကြောင်း သီပေါမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...