ယူအန်အိုချာ၊ စစ်ခေါင်းဆောင်နှင့် ကိုယ်ကျိုးစီးပွားဗဟိုပြုတွေ့ဆုံမှု

နိဒါန်း

“လူသားချင်းစာနာမှုမှာ အသက်ရှင်သန်မှုကို ကယ်တင်ဖို့၊ ကာကွယ်ဖို့နဲ့ အခြေခံလိုအပ်ချက်တွေကို ပေးအပ်ဖို့ ထက် တခြားဘာရည်ရွယ်ချက်မျှ မရှိပါ။ အန္တရာယ်လည်း ရှိပါစေ၊ အခက်အခဲလည်း ရှိပါစေ”။

UNOCHA

သြဂုတ်လ ၁၉ ရက်တွင် ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေ့အတွက် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဂုဏ်ပြုဖော်ညွှန်းထားပါသည်။

သို့သော် စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းအတွက်မူ UNOCHA ၏ လုပ်ဆောင်ချက်များသည် မေးခွန်းထုတ်ခံနေရပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် UNOCHA ဒုတိယ အကြီးအကဲနှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ တွေ့ဆုံဆွေးနွေးမှုမှ တွေးဆဖွယ်ရာများကို လေ့လာတင် ပြသွားပါမည်။

သတင်းဖြစ်စဉ်

သြဂုတ်လ ၁၅ ရက်တွင် ဖြစ်သည်။ UNOCHA ၏ ဒုတိယအထွေထွေအတွင်းရေးမှူး မစ္စတာမာတင်ဂရီဖစ် (Mr. Martin Griffiths) နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဌရုံး၊ သံတမန်ဆောင်ခန်းမတွင် တွေ့ဆုံခဲ့သည်။

၎င်း၏ သုံးရက်တာခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ပဋိပက္ခနှင့် သဘာဝဘေးသင့် ရခိုင်ပြည်သူများနှင့် ရိုဟင်ဂျာများအား တွေ့ဆုံခဲ့သည်ဟု ဆိုပါသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ အကျပ်အတည်းအဆက်ဆက်ကြောင့် လူသားစာနာထောက်ထားမှုအကူအညီလိုအပ်နေ သူတွေဟာ တိုင်းပြည်လူဦးရေရဲ့ သုံးပုံတစ်ပုံအထိ ရှိနေတယ်”ဟု မစ္စတာမာတင်ဂရီဖစ်က ပြောဆိုခဲ့သည်။

UNOCHA

အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ဆုံအပြီး သြဂုတ်လ ၁၇ ရက် ထုတ်ပြန်ချက်တွင်တော့ မြန်မာနိုင်ငံအတွင်း လူ သားစာနာမှုအကူအညီများ တိုးချဲ့ဝင်ရောက်နိုင်ဖို့အတွက် ရန်ပုံငွေတိုးမြှင့်ပေးရန် တောင်းဆို လိုက်ပါသည်။

အာဏာသိမ်းစစ်အုပ်စု၏ သြဂုတ်လ ၁၅ ရက်၊ သတင်းထုတ်ပြန်မှုတွင်တော့ မစ္စတာမာတင်ဂရီဖစ်နှင့် တွေ့ဆုံ စဉ်အတွင်း “မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကိုထမ်းဆောင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်နေမှုနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ နိုင်ငံတကာတွင် သတင်းမှားများ ပြန့်နှံ့လျက်ရှိမှုနှင့် နိုင်ငံတကာမှ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အခြေအနေမှန်များကို သိရှိရန် လိုအပ်လျက်ရှိမှု အခြေအနေများ…” စသဖြင့် ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

ဆက်စပ်သတင်းတွေ့ရှိချက်

ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ၏ ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၄ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်း လုံးတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးသင့်ပြည်သူပေါင်း ၁ ဒသမ ၉ သန်း ကျော် ရှိနေ ပြီး ထိုအနက် ၁ ဒသမ ၆ သန်းကျော်သည် စစ်အာဏာသိမ်းကာလအတွင်း ဖြစ်တည်လာသော စစ်ဘေးသင့် ပြည်သူအရေအတွက် ဖြစ်နေပါသည်။

စစ်အာဏာသိမ်းကာလအတွင်း ဒေသအလိုက် အရေးပေါ်အကူအညီလိုအပ်နေသော စစ်ဘေးသင့်ပြည်သူများ ၏ အခြေအနေကို လေ့လာကြည့်ပါက စစ်ကိုင်းတိုင်းတွင် စစ်ဘေးသင့်ပြည်သူ ရှစ်သိန်း‌ကျော်အထိ ရှိပြီး စစ်အာဏာသိမ်းကာလအတွင်း ဖြစ်တည်လာသော စစ်ဘေးသင့်ပြည်သူအရေအတွက်၏ ထက်ဝက်ကျော် အထိ ရှိနေသည်ကို တွေ့ရသည်။

ထို့နောက်တွင်မှ မကွေးတိုင်းတွင် စစ်ဘေးသင့်ပြည်သူ နှစ်သိန်းကျော်၊ ကရင်ပြည်နယ်တွင် စစ်ဘေးသင့်ပြည်သူ တစ်သိန်းကျော်နှင့် ကရင်နီပြည်(ကယား)တွင် စစ်ဘေးသင့်ပြည်သူ တစ်သိန်းကျော် စသဖြင့် တွေ့ရှိရပါသည်။

ဆိုရသော် အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် UNOCHA ဒုတိယအကြီးအကဲ မစ္စတာ မာတင်ဂရီဖစ်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို နိုင်ငံတဝှမ်းလုံးရှိ အကူအညီ အလိုအပ်ဆုံးဒေသများမှ စစ်ဘေးသင့်ပြည်သူများမှ မျှော်လင့်နိုင်ပါ့မလားဟု မေးခွန်းထုတ်မိ ပါသည်။

မိမိတို့ BNI-Myanmar Peace Monitor မှ ထုတ်ဖြန့်ထားသည့် “လူသားစာနာကူညီရေးအကျပ်အတည်းအား အဖြေရှာကြည့်ခြင်း” သုတေသနစာတမ်းတွင်မူ အာဏာသိမ်းစစ်အုပ်စုထံမှ စီးဝင်သော နိုင်ငံတကာလူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများသည် အမှန်တကယ်အကူအညီလိုအပ်နေသူများထံ ရောက်ရှိ နိုင်ရေးအတွက် အကန့်အသတ်ရှိနေကြောင်း သုံးသပ်ထားပါသည်။

“စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ၏ ကောင်းကျိုးဆိုးပြစ်များကို ဓမ္မဓိဌာန်ကျကျဆင်ခြင်သုံးသပ်ကာ အမှန်တကယ်အကူအညီလိုအပ်နေသော သန်းနှင့်ချီသည့် မြန်မာပြည်သူလူထုအတွက် နိုင်ငံတကာလူသားစာနာအကူအညီများရောက်ရှိစေရေး ဝိုင်းဝန်း ကြိုးပမ်းကြရမည်ဖြစ်ဟုလည်း ဆိုထားပါသည်။
သုံးသပ်တင်ပြချက်

UNOCHA သည် ပြီးခဲ့သည့် မေလအတွင်း တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းအကြောင်းပြုကာ ရခိုင် ဒေသအပါအဝင် မုန်တိုင်းဒဏ်သင့်ပြည်သူများအား လူသားစာနာအကူအညီပေးနိုင်‌ရေးအတွက် အာဏာသိမ်း စစ်အုပ်စုထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း စစ်အုပ်စုက စည်းကမ်းချက်များ ချမှတ်ကာ ပိတ်ပင်ကန့်သတ် ထားခဲ့သည်။

ဇွန်လ ၁၆ ရက်တွင်တော့ ကုလသမဂ္ဂထံ တောင်းခံထားသည့် မိုခါမုန်တိုင်းအတွက် အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အနက် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၇ သန်းကို လက်ခံရရှိခဲ့ပြီ ဖြစ်သည်။

မိုခါမုန်တိုင်းအတွက် အလုပ်ပြရန် လိုအပ်လာသော UNOCHA အတွက် အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခြင်းသည် အခွင့်အလမ်းတရပ် ဖြစ်လာသည်ဟု ဆိုရပါမည်။

အာဏာသိမ်းစစ်အုပ်စုဘက်တွင်မူ ၎င်းတို့၏ ဝါဒဖြန့်သတင်းစကားများအား နိုင်ငံတကာအသိုင်းအဝိုင်းထံ ထုတ်ဖြန့်နိုင်ရေးအတွက် UNOCHA နှင့် တွေ့ဆုံမှုသည် အခွင့်အလမ်းကောင်းတရပ်ဟု ရှုမြင်ပုံရပါသည်။

သြဂုတ်လ ၁၅ ရက်၊ နေပြည်တော်ရှိ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုအား နှစ်ဖက်စလုံး၏ သတင်းထုတ်ပြန်မှုများကို လေ့လာကြည့်ပါက ကွဲပြားခြားနားမှုများကို ထင်ရှားစွာတွေ့မြင်နေရပြီဖြစ်သည်။

UNOCHA ဒုတိယ အထွေထွေအတွင်းရေးမှူးအနေဖြင့် လူသားစာနာအကူအညီ လိုအပ်နေသော မြန်မာပြည်သူလူထုအတွက်ဟုဆိုကာ ရန်ပုံငွေရရှိရေးကို ဦးစားပေးထုတ်ပြန်သကဲ့သို့ အာဏာသိမ်း စစ်အုပ်စုသည်လည်း နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အခြေအနေမှန်ကို မသိရှိကြောင်း ဝါဒဖြန့်ရန် ကြိုးပမ်းခဲ့သည်ဟု ဆိုရပါမည်။

တရားမဝင်စစ်အာဏာသိမ်းမှုနှင့်အတူ ပိုမိုအပြန့်ကျယ် အရှိန်မြင့်လာသည့် ပြည်တွင်းစစ်အခြေအနေများ၊ စစ်ကြောင့်နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်အခြေအနေများ၊ အာဏာသိမ်း စစ်ကောင်စီ တပ်သားများ၏ မြို့ရွာအလိုက် မီးရှို့ဖျက်ဆီးမှုများ၊ ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းနှင့် စစ်ဘေးရှောင်စခန်းပါ မကျန် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ စသည့် မြေပြင် သတင်းအချက် အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များကိုမူ ဆိုခဲ့ပါနှစ်ဖက်သတင်းထုတ်ပြန်မှုများတွင် မတွေ့ရှိရပေ။

မစ္စတာ မာတင်ဂရီဖစ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမှန်တကယ်လိုအပ်နေသော မြန်မာပြည်သူလူထု အတွက် မျှော်လင့်ချက်တစုံတရာ မြင်တွေ့ရခြင်းမရှိဘဲ ကိုယ်ကျိုးစီးပွားဗဟိုပြုသော တွေ့ဆုံဆွေး‌နွေးမှု အဖြစ်သာ ရှုမြင်သုံးသပ်ရပါသည်။

ထို့ကြောင့် သြဂုတ်လ ၁၉ ရက်၊ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့အတွက် သတိချပ်ဖွယ် တွေ့ရှိချက်အဖြစ် “လူသားချင်းစာနာမှုတွင် အသက်ရှင်သန်မှုကို ကယ်တင်ဖို့၊ ကာကွယ်ဖို့နှင့် အခြေခံလိုအပ်ချက်များကို ပေးအပ်ဖို့ထက် အခြားရည်ရွယ်ချက်များ ရှိနေနိုင်သေးသည်” ဟု တင်ပြအပ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...