စစ်ကောင်စီ ခွင့်ပြုထားသည့် စက်သုံးဆီကုမ္ပဏီများသာ တရုတ်နိုင်ငံမှ တိုက်ရိုက်တင်သွင်းခွင့်ရ

မြန်မာ – တရုတ်နယ်စပ် ဖြစ်သည့် သျှမ်းပြည် မူဆယ်ခရိုင်အတွင်းရှိ စက်သုံးဆီ ပန့်ဆီဆိုင်များထံသို့ စစ်ကောင်စီ ခွင့်ပြုထားသည့် ကုမ္ပဏီကသာ စက်သုံးဆီများကို ဖြန့်ဖြူးခွင့် ရနေကြောင်း စုံစမ်းသိရသည်။

.

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် စက်သုံးဆီများကို မြန်မာပြည်ဘက်မှ ကုမ္ပဏီကြီး ၄ ခုဆီသာ တင်ပို့ခွင့် ရရှိပြီး ယင်းကုမ္ပဏီများမှတဆင့် ဖြန့်ဖြူးသည့် ဆီများကိုသာ သျှမ်းမြောက်ရှိ ပန့်ဆီဆိုင်များ ရယူရောင်းချခွင့် ရနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု စစ်ကောင်စီကနေ ခွင့်ပြုထားတဲ့ ကုမ္ပဏီကနေ တင်သွင်းလာတဲ့ ဆီတွေကို ယူပြီး ရောင်းရတာ၊ ကုမ္ပဏီ ကနေ သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ရောင်းရမှာပေါ့၊ မရောင်းနိုင်တဲ့သူတွေကလည်း ဆီမရဘူး၊ အခု အခြေအနေက အဲ့လိုတွေ ဖြစ်နေတယ်” ဟု သျှမ်းသံတော်ဆင့်၏ ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။

တရုတ်မှ စက်သုံးဆီတင်သွင်းခွင့်ရသော ကုမ္ပဏီလေးခုတွင် မန္တလေးမြို့မှ နာမည်ကြီး New Star Light ကုမ္ပဏီ တစ်ခုပါဝင်ပြီး Myanmar Shwe San၊ Kyaw Ni Aung နှင့် Paw Kywe Wa တို့ဖြစ်ပြီး လွန်ခဲ့သည့် မတ်လကတည်းက လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

မူဆယ်ခရိုင်အတွင်း၌ စက်သုံးဆီအရောင်းဆိုင် ၄၀ ကျော်ရှိပြီး ထိုဆိုင်များအနေဖြင့် စစ်ကောင်စီခွင့်ပြု ကုမ္ပဏီလေးခုထံမှ တစ်ဆင့်ဝယ်ယူကာ လက်လီပြန်ရောင်းရသော်လည်း တစ်နေရာနှင့် တစ်နေရာ ဈေးနှုန်း မသိကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“မူဆယ်မြို့က ပန့်ဆီဆိုင်တွေမှာ ဆိုရင် 92 ကို တစ်လီတာ ၂၈၀၀ – ၂၉၀၀ ကျပ် ရှိတယ်။ ဒါပေမဲ့ ၁၀၅ မိုင်မှာကျတော့ 92 တစ်လီတာကို ၂၄၀၀ – ၂၅၀၀ ကျပ် အဲ့လိုရှိတာ။ ဒါကြောင့် မူဆယ်က သူတွေလည်း ၁၀၅ မိုင်တက်ပြီး ဆီဖြည့်လိုက်တယ်၊ မူဆယ် နဲ့ ၁၀၅ မိုင်က ၆ မိုင်လောက်တော့ ကွာဝေးတယ်” ဟု မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ဆီသွင်းခွင့်ရ ကုမ္ပဏီများမှ ၎င်းတို့ သတ်မှတ်ဈေးမရသဖြင့် ဆီဖြန့်ဖြူးမှု ရပ်ထားခြင်းလည်း ရှိနေပြီး ရောင်းချရန် ဆီမရှိသည့် မူဆယ်ခရိုင်မှ လက်လီဆိုင်တချို့ ပိတ်ထားရကြောင်းလည်း သိရသည်။

မူဆယ်ခရိုင်အတွင်းမှ ပိတ်ခံထားရသည့် စက်သုံးဆီပန့်ဆီဆိုင် စုစုပေါင်း ၆ ခုရှိနေပြီး ၎င်းတို့သည် ၁၀၅ မိုင်၊ မိုင်းယု ကျေးရွာအုပ်စုရှိ Denko, BOC, စုစံ၊ ဖူးမက်စ်၊ အသောက (၃၀)၊ Regency တို့ဖြစ်ကြောင်းလည်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...