မစ္စတာဒွန်၊ ပန်အိုရီရန့်နှင့် စစ်ကောင်စီအကြား ကွဲလွဲနေသော သတင်းစကားများ

နိဒါန်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ဖော် ပြောဆိုချက်သည် လက်ခံယုံကြည်ထိုက်ပါ၏လော။

ဇူလိုင်လ ၁၂ ရက်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှ လွင့်ပျံလာသည့် အဆိုပါသတင်းစကားသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကမ္ဘာ့သတင်းမီဒီယာရပ်ဝန်းတွင် ခေါင်းကြီးပိုင်းမှ ဖော်ပြခြင်းခံရသည့်အပြင် နောက်ဆက်တွဲမေးခွန်းပေါင်းများစွာကို ဖြစ်ပေါ်လာစေခဲ့ပါသည်။

မကြာခင် တာဝန်ပြီးဆုံးတော့မည့် ထိုင်းအိမ်စောင့်အစိုးရ၊ မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ဆိုခဲ့ပါသတင်းအား ပထမဦးဆုံးဖော်ပြလာခဲ့သည့် PanOrient News တို့ ပူးပေါင်းပြီး နိုင်ငံတကာအဝန်းအဝိုင်းအတွင်း ဝါဒဖြန့်ချိခြင်း သက်သက်လော၊ ပြည်သူလူထုနှင့်အတူ ရပ်တည်ကြောင်း တဖွဖွပြောဆိုလေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ပုံရိပ်ကို အသုံးချကာ နွေဦးတော်လှန်ရေးအင်အားစုများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား သပ်လျိုသွေးခွဲသည့် နည်းလမ်းတစ်ခုလော စသဖြင့် တွေးဆဖွယ်ရာများကို ဖြစ်ပေါ်စေခဲ့ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့အကြား အမှန်တကယ်တွေ့ဆုံဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ ဆိုသည့် အကြောင်းအချက်အပေါ် ချဉ်းကပ်လေ့လာတင်ပြသွားပါမည်။

သတင်းဖြစ်စဉ်

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးအပြီး သတင်းမီဒီယာသမားများမှ လိုက်လံမေးမြန်းစဉ်အတွင်း “တွေ့ခဲ့ပါတယ်။ သူ ကျန်းမာရေး ကောင်းပါတယ်။

ကောင်းမွန်တဲ့တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း (Don Pramudwinai) က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ၎င်းအကြား တွေ့ဆုံဆွေးနွေးခဲ့မှုကို အတည်ပြုပေးခဲ့သည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်)က တွေဆုံဆွေးနွေးရေးကို အားပေးတယ်၊ ဒါဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေအနေနဲ့ ချဉ်းကပ်မှုတစ်ခုပါပဲ၊ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းတဲ့ ပြေလည်မှုမျိုးကိုပဲ မြင်ချင်ပါတယ်” ဟုလည်း ဒွန်က ပြောဆိုသွားခဲ့ပါသည်။

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ၏ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ဒွန်သည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်က နေပြည်တော်သို့ လာရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သူဖြစ်သည်။

ထို့အပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးအပတ်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ဝန်ကြီးများအား ဖိတ်ခေါ်ကာ မြန်မာ့အရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဒွန်က ဦးဆောင်ကျင်းပပေးခဲ့သည်။

၂၀၂၃ ခုနှစ် ဇွန် ၁၉ ရက်ကလည်း အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေကို ဖိတ်ခေါ်ကာ ပတ္တရားတွင် မြန်မာ့အရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပပေးခဲ့ပါသည်။

အာဆီယံထိပ်သီးအဆင့် အစည်းအဝေးများမှ ဖယ်ထုတ်ခံထားရသည့် မြန်မာအာဏာသိမ်းစစ်အုပ်စုအား ပြန်လည်ဝင်ဆံ့လာနိုင်ရေးအတွက် ကြိုးပမ်းနေသော ထိုင်းအိမ်စောင့်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များ အား အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သတိပေးစာပေးပို့ခဲ့ရပါသည်။

PanOrient News ယုံကြည်ရနိုင်သလား

နေပြည်တော်၊ အကျဉ်းထောင်တစ်ခုအတွင်းရှိ ဒေါ်အောင်ဆန်းစုကြည်နှင့် အမှန်တကယ်တွေ့ဆုံသည် ဆိုသော ဒွန်ကိုယ်တိုင်ပင် ဇူလိုင် ၁၂ ရက်တွင်မှ သတင်းမီဒီယာသို့ အတည်ပြုခဲ့သည့်တိုင် ဆီးရီးယားနိုင်ငံသား Khaldon Azhari ပိုင်ဆိုင်သော PanOrient News သတင်းဌာနကမူ ဇူလိုင်လ ၁၁ ရက် ကတည်းက “ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရဲ့ အကျဉ်းကျနေတဲ့ အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ” ဟု ခေါင်းစဉ်တပ်ကာ ဖော်ပြခဲ့ပါသည်။

ဇူလိုင်လ ၉ ရက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း အစချီဖော်ပြထားသည့် PanOrient News သတင်းတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ကိုဖြစ်စေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖြစ်စေ အသိအမှတ်မပြု၊ မထောက်ခံကြောင်း တွေ့ဆုံဆွေးနွေးမှုတွင် အတည်ပြုခဲ့သည်ဟု ဆိုထားပါသည်။

Khaldon Azhari သည် PanOrient News ကို အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၆ ခုနှစ်က တည်ထောင်ခဲ့ ခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCJ) ၏ ၂၀၁၆ ခုနှစ် ၂၀၁၈ ခုနှစ် အထိ ဥက္ကဌတာဝန်ယူခဲ့သူလည်း ဖြစ်သည်။

ထူးခြားမှုအဖြစ် PanOrient News ပိုင်ရှင် Khaldon Azhari သည် ၂၀၂၃ ခုနှစ် မေလ ဒုတိယအပတ်ထဲတွင် မြန်မာနိုင်ငံသို့လာရောက်ကာ အာဏာသိမ်းစစ်ကောင်စီ၏ ပြန်ကြားရေး၊ နိုင်ငံခြားရေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး စသည့် ဝန်ကြီး (၄) ဦး နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပါသည်။

ဆိုရသော် PanOrient News သို့ သတင်းပေးပို့သည် အာဏာသိမ်းစစ်ကောင်စီ၏ ဝန်ကြီးများထဲမှသာ ဖြစ်နိုင်ချေများပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ထံမှ ရရှိနိုင်ချေ နည်းသည်ဟု ကောက်ယူနိုင်ပါသည်။

ဆက်စပ်တွေ့ရှိချက်များ

အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဇူလိုင်လ ၉ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုသည် မှန်ကန်ကြောင်း၊ တွေ့ဆုံချိန် တစ်နာရီခွဲနီးပါး ကြာမြင့်ကြောင်းနှင့် လွတ်လပ်စွာ နှစ်ယောက်တည်း တွေ့ဆုံဆွေးနွေးခြင်းဖြစ်သဖြင့် ဆွေးနွေးချက်အသေးစိတ်ကို မသိရကြောင်း သတင်းမီဒီယာကို ပြောဆိုထားပါသည်။

စစ်ကောင်စီပြောခွင့်ရသူ၏ အဆိုအရ ဆိုခဲ့ပါထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် အမှန်ဖြစ်ခဲ့ပါမူ ဆွေးနွေးချက်ပါ အကြောင်းအချက်များကို ကာယကံရှင်နှစ်ဦးမှတပါး မည်သူမျှ မသိရှိနိုင်ဟု ကောက်ယူနိုင်ပါသည်။

သို့ဆိုလျှင် PanOrient News တွင် ဖော်ပြထားသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် PDF နှင့် NUG အား အသိအမှတ်မပြု၊ မထောက်ခံဆိုသော သတင်းစကားကို သတင်းအမှားထုတ်ဖြန့်မှု သက်သက်သာ ဖြစ်နိုင်ချေများသည်ဟု မှတ်ယူနိုင်ပါသည်။

ထို့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ဇူလိုင်လ ၉ ရက်၊ မြန်မာနိုင်ငံသို့ နေ့ချင်းပြန်ခရီးစဉ်နှင့် လှုပ်ရှားဆောင်ရွက်မှု အခြေအနေများကို ဇူလိုင်လ ၁၁ ရက်၊ အာဆီယံအစည်းအဝေး မတိုင်ခင်အချိန်အထိ လျို့ဝှက်ထားခြင်းသည်လည်း ရိုးဖြောင့်မှုမရှိဟု ဆိုရပါလိမ့်မည်။

နိုင်ငံတကာအဝန်းအဝိုင်းမှ ဖယ်ကျဉ်ခြင်း ခံထားရသည့် အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မကြာခင်တာဝန်ပြီးဆုံးတော့မည့် ထိုင်းအိမ်စောင့်အစိုးရကို မှီတွယ်အားကိုးကာ စနစ်တကျ ဝါဒဖြန့်ရန် ကြိုးပမ်းလာခြင်းဖြစ်ကြောင်း ရှုမြင်နိုင်ပါသည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုအောင်မြင်ရေးနှင့် နိုင်ငံတကာ အစိုးရများ၏ အသိအမှတ်ပြုမှုရရှိရေးအတွက် အစ္စရေး-ကနေဒါနိုင်ငံသား Ari Ben-Menashe ကို ၎င်းတို့ကိုယ်စား နိုင်ငံတကာတွင် ရပ်တည်ပြောဆိုပေးရန် အကျိုးဆောင်ခအဖြစ် အမေရိကန်ဒေါ်လာ နှစ်သန်းဖြင့် ငှားရမ်းခဲ့ဖူးသည်။

Ari Ben-Menashe ၏ အစီအစဉ်ဖြင့် CNN နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward ကို မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုခဲ့ဖူးသည်။ သို့သော် ၎င်းတို့၏ ဝါဒဖြန့်သတင်းစကားများသည် ထိရောက်မှုမရှိဘဲ ကျရှုံးခဲ့ရသည်။

သုံးသပ်တင်ပြချက်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာသိမ်းမှုသည် လပေါင်း ၂၆ လ ကျော် ကြာလာပြီ ဖြစ်သော်လည်း ၎င်းတို့၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းနေမှုအား ဆန့်ကျင်နေကြသည့် နွေဦးတော်လှန်ရေး အင်အားစုများ၏ ဘက်ပေါင်းစုံမှ ပုံသဏ္ဍာန်မျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေမှုများသည် အရှိန်အဟုန် ကောင်းနေဆဲ ဖြစ်သည်။

နွေဦးတော်လှန်ရေးကာလအတွင်း ပေါက်ဖွားဖြစ်တည်လာသည့် NUG သည် နိုင်ငံတကာအဝန်းအဝိုင်းအတွင်း တိုးဝင်နေရာယူလျက် ရှိသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခု ဖြစ်လာမည့် အရှေ့တီမောနိုင်ငံ၏ သမ္မတကျမ်းသစ္စာပြုပွဲကိုပင် NUG နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် တက်ရောက်ဂုဏ်ပြု ခဲ့သည်။

ထိုင်း၊ ကမ္ဘောဒီးယားကဲ့သို့ အာဏာသိမ်းစစ်အုပ်စုနှင့် အလွန်သင့်မြတ်သည့်နိုင်ငံများ ရှိနေလင့်ကစား အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုသည်လည်း NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစု(ERO)များ အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံနိုင်ရေး စဉ်းစားချက်များ ရှိလာနေသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်အုပ်စု အနေဖြင့် ခုခံတော်လှန်ရေးအင်အားစုများ၏ နိုင်ငံတဝှမ်း စစ်မျက်နှာ အစုံဖွင့်ခြင်း ခံနေရသည့်အပြင် နိုင်ငံတကာအဝန်းအဝိုင်းမှ ဖယ်ကျဉ်ခြင်းခံနေရပါသည်။

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီသည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ထိုင်းနိုင်ငံ အိမ်စောင့် အစိုးရ၏ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ ဒွန်ပရာမွတ်ဝီနိုင်းနှင့် PanOrient News တို့ကို အသုံးချကာ “ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကား” ဆိုပြီး ဝါဒဖြန့်ရန် ကြိုးပမ်းလာခြင်းဟု ဆိုရမည်ဖြစ်သည်။

သို့သော် မစ္စတာရှောင်တာနဲလ် ပြောပြသည့် “ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစကား” နှင့်မူ ပြတ်ပြတ်ထင်ထင် ကွဲလွဲနေသည်ကို တွေ့ရသည်။

ချုပ်၍ဆိုရသော် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ အကြား အမှန်တကယ် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ရှိ၊ မရှိ ဆိုသည့် အကြောင်းအချက်သည် တိကျခိုင်မာမှုအားနည်းသော ဝါဒဖြန့် သတင်းစကားအဖြစ်သာ ကောက်ချက်ချနိုင်ပြီး မစ္စတာဒွန်၊ PanOrient News နှင့် စစ်ကောင်စီတို့၏ သတင်းစကားများသည်ပင် ကွဲလွဲမှုများ ရှိနေပါသည်။ ထိုအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထံတွင်တော့ ရိုးဖြောင့်မှန်ကန်သော “အဖြေ” တစ်ခု ရှိနေနိုင်ကြောင်း ရှုမြင်မိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...