လူမှုကွန်ရက် (ဖေ့ဘွတ်) မှ တစ်ဆင့် ငွေတုရောင်းဝယ်ရေး ပြုလုပ်ပြီး လိမ်လည်သူများပြားလာ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် ငွေအတုရောင်းဝယ်ရေးလုပ်ပြီး လိမ်လည်နေကြောင်း စုံစမ်းသိရသည်။

လူမှုကွန်ရက်ပေါ်မှ တင်ပြီး ငွေတုလိမ်လည်ရောင်းချ

လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ငွေအတုရောင်းဝယ်ရေး ဟု နာမည် အမျိုးမျိုးပေးပြီး Page (ပေ့)ထောင် ကာ အိမ်သုံးပစ္စည်း၊ အဝတ်အစားရောင်းဝယ်ရေး (Online Shopping) အလား ငွေသား စက္ကူအတုများကို ရောင်းဝယ်မှုပြုလုပ်နေသည်။

ထို ငွေအတုများသည် ဖယောင်းဖြင့် အရည်အသွေး ကောင်းမွန်စွာ ပြုလုပ်ထားကာ ငွေရဲ့ ဆေးသားလည်း တနှစ် အာမခံရှိသည်ဟု ငွေအတုလုပ်ရောင်းသူများက လူမှုကွန်ရက်စာမျက်နှာတွင် ပေါ်ထင်စွာ ကြေညာ ရောင်းဝယ်နေကြသည်။

လူမှုကွန်ရက်ပေါ်မှ တင်ပြီး ငွေတုလိမ်လည်ရောင်းချ

လက်ရှိကာလ ပေါက်ဈေးသည် ငွေသား အစစ်ကျပ် ၅ သောင်းကို ငွေသားအတု ကျပ် ၅ သိန်း ရပြီး၊ ငွေသားအစစ်ကျပ် ၁ သိန်းကိုတော့ ငွေသားအတု ကျပ် ၁၀ သိန်း ရရှိကာ ငွေအတုဝယ်ယူသူ နေထိုင်သည့်မြို့၏ အနီးဆုံးကားဂိတ်၌ ပို့ပေးနေကြောင်း သိရသည်။

“ငွေအစစ် ၁ သိန်းကို ငွေအတု ၁၂ သိန်းရတယ်။ စိတ်ဝင်စားရင် လဲလို့ရတယ်နော်ဆိုပြီး ပြောတာ။ ကျနော်လည်း စိတ်ဝင်စားတာနဲ့ တန့်ယန်းမြို့ကို ပို့ပေးလို့ရလားဆိုပြီး ဝယ်လိုက်တာ။ ကျနော်က ကျပ် ၁ သိန်း ၅ သောင်း ဖိုးဝယ်လိုက်တာ။ ပုံထဲမှာတော့ ကျနော်ကို ငွေသား အတုပို့ပေးဖို့ ဖာထဲထည့်ပြီး ဂိတ်မှာပို့ပေးမယ့် ပုံစံ ပို့လာပေးတာပေါ့။ ပိုက်ဆံက လွှဲလည်းလွှဲပြီးရော သူ့ကို ဆက်သွယ်လို့ မရတော့ဘူး “ ဟု ငွေသားအတုဝယ်ယူ၍ လိမ်စားခံရသည့် တန့်ယန်းဒေသခံတစ်ဦးက ပြောသည်။

လူမှုကွန်ရက်ပေါ်မှ တင်ပြီး ငွေတုလိမ်လည်ရောင်းချ

အဆိုပါ ငွေသားစက္ကူ အတုထုတ်လုပ်မှု များပြားလာသည့်အတွက် စီးပွားရေး ဈေးကွက်ထဲ၌ ငွေသားအတု သုံးစွဲမှုများလည်း ရှိလာပြီး လက်ရှိ အချိန်ထိ ငွေသားစက္ကူ (အစစ်၊ အတု) ကို ခွဲခြား၍ သုံးစွဲနိုင်ခြင်း မရှိသေးပေ။

ငွေသားစက္ကူ (အစစ်၊ အတု) ကို ခွဲခြားပြီး သုံးစွဲနိုင်ရန်အတွက် ငွေအတုအစစ် စစ်ဆေးသည့် စက်ရှိသလို၊ ငွေစက္ကူ စစ်သည့် ဓါတ်မီးလည်း ရှိပြီး တချို့သည် ငွေစက္ကူ၏ ဘယ်ဘက်ဘေး၌ CBM အသားတံဆိပ် ပါဝင်ခြင်း ရှိ၊ မရှိ နှင့် ငွေစက္ကူ အလင်းရောင်၌ ကြည့်ပါက ကြာဖြူပွင့် ပုံရေစာ ရှိ၊ မရှိကြောင်း စစ်ဆေးခြင်း ပြုလုပ်သည်။

“အခုတလော ငွေသားတွေ အတုထုတ်ပြီး ရောင်းလာကြတာ အတော်များများ တွေ့တယ်။ လုပ်လာတဲ့သူလည်း များတယ်။ ကိုယ်တွေ ငွေအစစ်၊ အတု မသိရင် ခံရမှာ အသေအချာပဲ။ တချို့လူတွေလည်း ငွေသားအတုကို သုံးပြီး အကြွေးပေးတာလည်း ရှိတယ်။ ဒီလိုသာဆိုရင် ကျနော်တို့ ကုန်ပစ္စည်း ရောင်းဝယ်ရေးသမားတွေ စီးပွားရေးသမားတွေ ခံရမှာ အများဆုံးပဲ။ ပြီးရင် ကျနော်တို့ဘဲ နစ်နာဆုံးရှုံးရမှာ “ ဟု ကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်သူ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ငွေသားစက္ကူ ထုတ်လုပ်မှုများလာသည့်အတွက် စီးပွားရေးလုပ်ကိုင်သူအနေဖြင့်လည်း ငွေ (အစစ်၊ အတု) ခွဲခြားနိုင်ဖို့ အခက်ခဲရှိနေသလို ငွေအတုများကို သုံးစွဲမိပါက စီးပွားရေးအပေါ် ဆိုးကျိုးများ သက်ရောက်မည်ကို စိုးရိမ်နေကြောင်း စီးပွားရေးသမားတစ်ဦးက ပြောသည်။

ထိုအတူ မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့မှာလည်း ငွေစက္ကူအတုများ ပေါများလာကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကျွန်မတောင် ထိုင်းဘတ် ၁ ထောင်တန် အတုရသေးတယ်။ ဘယ်လိုမှ ပြန်သုံးလို့မရဘူးလေ။ တစ်ခါတလေ ကိုယ့်ဆီရောက်လာတယ်၊ သူများဆီ ရောက်သွားတယ် အဲ့လိုပါပဲ။ အခုလို အဲ့လိုပိုက်ဆံအတုတွေများ လာတော့ စိတ်ပူရတယ်။ ကိုယ်လက်ထဲ ရောက်ရင် ပြန်သုံးလို့ မရမှာကို ကြောက်တာပေါ့။ ဖြစ်နိုင်ရင်တော့ ဉပဒေကနေပြီး အဆင့်ဆင့် ပြုလုပ်ပြီး ဒီပြဿနာကို ပျောက်အောင်မလုပ်နိုင်ရင်တောင်မှ လျော့နည်းသွားအောင် လုပ်နိုင်တော့ကောင်းတယ်။” ဟု နယ်စပ်ကုန်စုံဆိုင်ဖွင့်ထားသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုကြောင့် စီးပွားရေး၊ ပညာရေး အဆမတန် ကျဆင်းလာပြီး နိုင်ငံရေးမူဝါဒ ပြောင်းလဲမှုကြောင့် ဒေါ်လာဈေး၊ ရွှေဈေး၊ တရုတ်ယွမ်ငွေဈေးသည် မြင့်တက်လာရပြီး ကျပ်ငွေဈေးနှုန်း ကျဆင်းရာ ငွေကြေးဖောင်းပွမှု ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...