မြန်မာ့နွေဦးတော်လှန်ရေးနှင့် အိန္ဒိယဗဟိုအစိုးရအခန်းကဏ္ဍ

နိဒါန်း

“အိန္ဒိယဟာ ဒီမိုကရေစီရဲ့ မိခင်ပါ”။

ဇူလိုင် ၂၃ ရက်နေ့၊ အမေရိကန်ကွန်ဂရက်တွင် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အထက်ပါအတိုင်း ဝင့်ဝင့်ကြွား ကြွား ပြောဆိုသွားခဲ့သည်။

၎င်း၏ မိန့်ခွန်းအား နားစွင့်နေကြသည့် လွှတ်တော်အမတ်များကလည်း လက်ခုပ်သံများဖြင့် သြဘာပေးခဲ့ကြပါသည်။

သို့သော် ဝန်ကြီးချုပ်မိုဒီဦးဆောင်သည့် အိန္ဒိယဗဟိုအစိုးရသည် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး ဟစ်ကြွေးတိုက်ပွဲဝင်နေကြသည့် မြန်မာ့နွေဦးတော်လှန်‌ရေး (ဝါ) မြန်မာပြည်သူ လူထု၏ တောင်းဆိုသံများကို လစ်လျူရှုထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုနှင့် ဖက်လဲတကင်းဆက်ဆံနေသည်ကို တွေ့ရပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် မြန်မာ့နွေဦးတော်လှန် ရေးနှင့် အိန္ဒိယဗဟိုအစိုးရ၏ အခန်းကဏ္ဍကို ချဉ်းကပ်လေ့လာတင်ပြသွားပါမည်။

အာဏာသိမ်းစစ်အုပ်စုအား အိန္ဒိယက ထောက်ပံ့နေသလား ဒီမိုကရေစီ၏ မိခင်နိုင်ငံဟု ဝင့်ကြွားလျက်ရှိသော အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နမိတ်ထိစပ်မှုအရှည် မိုင် ၁၀၀၀ နီးပါး(ကီလိုမီတာ ၁၆၄၃) ရှိသည်။

အိန္ဒိယနိုင်ငံအတွင်းရှိ မီဇိုရမ်၊ မဏိပူ၊ နာဂလန်း နှင့် အရူနာချေပရာဒက် အမည်ရှိ ပြည်နယ်များနှင့် မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တို့သည် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။

အိန္ဒိယပြည်ပတင်ပို့မှု မှတ်တမ်းများအရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ ခြောက်လတာ အတွင်း အိန္ဒိယအစိုးရပိုင် လက်နက်ကုမ္ပဏီတစ်ခုဖြစ်သည့် Bharat Electronics Limited (BEL) သည် မြန်မာ အာဏာသိမ်းစစ်အုပ်စုထံ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိ စစ်ဘက်သုံးကုန်ပစ္စည်းများ၊ နည်းပညာနှင့် နည်းပညာဆိုင်ရာ စာရွက်စာတမ်းများ ပါဝင်နေကြောင်း Justice For Myanmar က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

(BEL ကို အိန္ဒိယအစိုးရက ၅၁ ဒသမ ၁၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ကျန်အစုရှယ်ယာရှင်များ အဖြစ် Nippon Life India Asset Management ၊ Goldman Sachs ၊ Vanguard၊ BlackRock ၊ Fidelity ၊ Canadian Pension Plan ၊ California Public Employees’ Retirement System၊ California State Teachers Retirement System ၊ Caisse de Depot et Placement du Quebec၊ Swedish ပင်စင်ရန်ပုံငွေ အဖွဲ့၊ AP -fonden (AP1) ၊ Andra AP-fonden (AP2) နှင့် Sjunde AP-fonden (AP7) တို့ ပါဝင်နေပါသည်)

ထို့ပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းတွင်လည်း ၁၂၂ မမ ဟောင်ဝစ်ဇာ (Howitzers) အမြောက်သုံး အစိတ်အပိုင်းများအား အိန္ဒိယနိုင်ငံပိုင် ကုမ္ပဏီတစ်ခုဖြစ်သည့် Yantra India Limited က မြန်မာအာဏာသိမ်း စစ်ကောင်စီထံ တင်ပို့ရောင်းချခဲ့ကြောင်း သိရပါသည်။

အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့အနေဖြင့် ၎င်းတို့ နှင့်အတူ The Quad (Quadriateral Security Dialogue) တွင် ပါဝင်သော အိန္ဒိယအစိုးရအား မြန်မာအာဏာသိမ်း စစ်အုပ်စုထံ စစ်လက်နက်ပစ္စည်းများ ရောင်းချထောက်ပံ့နေခြင်းအား ရပ်တန့်ပေးရန် တောင်းဆိုမှုများ ရှိခဲ့ သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်တော့ အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း တမူးမြို့ မှတဆင့် ကလေး-တမူးလမ်းအတိုင်း စစ်လက်နက်များ သယ်ဆောင်လာသော အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကား ၁၃ စီး၊ အင်အား ၁၀၀ကျော်ပါဝင်သည့် ယာဉ်တန်းအား ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက် ခိုက်ခဲ့ပါသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များဘက်က လက်နက်ကြီးများ၊ အဝေးထိန်းမောင်းသူမဲ့ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်ထောင်ထားသည့် မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော People Defence Force (PDF-ကလေး)က ထုတ်ပြန်ပါသည်။

ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပြောဆိုထုတ် ပြန်သကဲ့သို့ မြန်မာအာဏာသိမ်းစစ်တပ်အား လက်နက်ခဲယမ်းထောက်ပံ့မှုမရှိကြောင်း Myanmar Now သ တင်းဌာနကို အကြောင်းပြန်ငြင်းဆိုခဲ့သည်။

အဆိုပါယာဉ်တန်းတိုက်ခိုက်မှုကို PDF – ကလေးတပ်ရင်းများ၊ ညီ ညွတ်သော မြောက်ပိုင်းမဟာမိတ်ညီနောင်များအဖွဲ့ (Harmonious Northern Brotherhood) အဖွဲ့ ၊ RKDF ၊ KL – UGF S2 ၊ ဒေါင်းသွေးရာဇာ၊ မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ဒေသခံကာကွယ် ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

နွေဦးတော်လှန်ရေးနှင့် အိန္ဒိယဗဟိုအစိုးရအခန်းကဏ္ဍ

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများသည် အိန္ဒိယနိုင်ငံအတွင်း ရှေးပဝေဏသီကပင် အပြန်အလှန်ကူးလူးသွားလာဆက်ဆံနေကြခြင်း ဖြစ်သည်။ နယ်စပ်ချောင်းကလေးတစ်ခုသာ ခြားသည့် နှစ် ဘက်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများသည် အချင်းချင်းခင်မင်ရင်းနှီးကြသည်။ ရိုင်းပင်းကူညီကြသည်။ “တံခါးမရှိ၊ ဓားမရှိ” ဝင်ထွက်သွားနေကြလေ့ရှိသည်။

မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်းတော့ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော အကြမ်းမဖက်ပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သော နိုင်ငံဝန်ထမ်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ရွေး ကောက်ခံလွှတ်တော်အမတ်များနှင့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူပေါင်း ၆၀၀၀၀ ကျော်အထိ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်တိမ်းရှောင်ခိုလှုံနေခဲ့ကြရကြောင်း မီဇိုရမ်ပြည်နယ်အ တွင်း စစ်ရှောင်ပြည်သူများအား ကူညီပေးနေသူများကဆိုပါသည်။

စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြ သည့် ဒေသခံပြည်သူများအတွက်မူ မြေပြင်တိုက်ပွဲအခြေအနေပေါ်မူတည်ကာ နေရပ်ပြန်ဝင်လိုက်၊ ပြန်ပြေး လာလိုက် ပြုမူနေရပြီး အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ချိန်များ တွင် ခရိုင် (၁၁) ခုရှိရာ မီဇိုရမ်ပြည်နယ်အတွင်း အလုံးအရင်းဖြင့် ပြေးဝင်လာလေ့ရှိသည်ဟုလည်း ဆိုပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကမူ ၎င်းတို့၏ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်အတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသူ အရပ်သားပြည်သူ ၅၀၀၀၀ ကျော်အထိ ရှိပြီး ဒေသဆိုင်ရာလူမှုအဖွဲ့အစည်းများ နှင့် ဒေသအာဏာပိုင်များက လက်ခံပေးထားသည်ဟု သတင်းမီဒီယာကို ပြောဆိုထားပါသည်။

၂၀၂၃ ခုနှစ် မတ်လ ၉ ရက်၊ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးတွင် တင်ပြခဲ့ သော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews)၏ အစီခံစာတွင်တော့ မြန်မာနိုင်ငံအတွင်း အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံမှ ဒုက္ခသည်ပြည်သူများကို တားဆီးရန် အိန္ဒိယဗဟို အစိုးရက နည်းလမ်းရှာကြိုးပမ်းနေကြောင်းနှင့် ဒုက္ခသည်ပြည်သူများအား ပြန်လည်နှင်ထုတ်မှုများ ရှိနေကြောင်း အပြစ်တင်ထားပါသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တဘက်ခြမ်းရှိ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ် နယ်စပ်တလျှောက် ကျေးရွာ ပေါင်း ၁၇ ရွာတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများအတွင်း ဒေသအာဏာပိုင်များမှ အထူးကွန်မန် ဒိုတပ်သားများဖြင့် တစ်အိမ်တက်ဆင်းလိုက်လံ ဖမ်းဆီးခဲ့သဖြင့် နယ်စပ်တလျောက် ခိုလှုံနေကြရသည့် မြန်မာ စစ်ဘေးရှောင်ပြည်သူ ၁၇၀ ကျော် ဖမ်းဆီးခံခဲ့ရပါသည်။

အိန္ဒိယဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအကြား စစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသော မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် လုံခြုံမှုနှင့် အကာအကွယ်ပေးမှုသည် မေးခွန်းထုတ်ဖွယ် ဖြစ်နေဆဲဟု ဆိုရမည်ဖြစ်ပြီး အိန္ဒိယဗဟိုအစိုးရနှင့် မြန်မာအာဏာသိမ်းစစ်ကောင်စီအကြား ထိတွေ့ဆက်ဆံမှုများသည် လည်း မကြာခဏဆိုသလို ရုပ်လုံးပေါ်လာနေသည်ကို တွေ့ရသည်။

၂၀၂၃ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နယူးဒေလီမြို့တွင် “Track 1.5” အမည်ရှိ မြန်မာ့အရေးအတွက် လျှို့ဝှက်အစည်းအဝေးတစ်ခုကို အိန္ဒိယဗဟိုအစိုးရက ဦးဆောင်ပြုလုပ်ခဲ့သည်။

မြန်မာအာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင်တချို့ကို ဖိတ်ကြားပြီး တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် အာဆီယံလက်ရှိဥက္ကဌ အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အာဏာသိမ်းစစ်အုပ်စု၏ ကိုယ်စားလှယ်များကိုသာ အဓိက ဖိတ်ကြားဆွေးနွေးခြင်း ဖြစ်ပြီး စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကို ဦးတည်လျှောက်လှမ်းနေကြသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် နွေဦးတော်လှန်ရေးအင် အားစုများအား ဖယ်ကြဉ်ထားသည့်အတွက် ၎င်း “Track 1.5”အား ဝေဖန်ရှုတ်ချမှုများ ရှိနေပါသည်။

မြန်မာနိုင်ငံရှိ အိန္ဒိယသူပုန်များကဲ့သို့ နယ်စပ်ကိစ္စရပ်များနှင့် စီးပွားရေးဆိုင်ရာ အကျိူးစီးပွားများကြောင့် မြန်မာ အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်ဆံမှုကို ရှောင်လွှဲ၍ မရနိုင်ကြောင်း အိန္ဒိယဗဟိုအစိုးရက ယုံကြည်နေ ဟန်ရှိပါသည်။

“ဒီမိုကရေစီ၏ မိခင်” နိုင်ငံဟု ဟစ်ကြွေးနေသော ဝန်ကြီးချုပ်မိုဒီ၏ အိန္ဒိယဗဟိုအစိုးရသည် မြန်မာစစ်အာဏာရှင်အား ဖယ်ကြဉ်ဖိအားပေးဆက်ဆံနိုင်ဖို့အတွက်မူ အားအင်ဆုတ်ရုပ်နေဆဲဖြစ်သည်ဟု ရှုမြင်နိုင်ပါသည်။
တွေ့ရှိသုံးသပ်ချက်

ဇွန်လ ၂၂ ရက်နေ့၊ အမေရိကန်ပြည်ထောင်စု၊ အိမ်ဖြူတော်တွင် သမ္မတဂျိူးဘိုင်ဒန်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့၏ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အချက် (၅၈)ချက်ပါ ပူးတွဲထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်၏ အပိုဒ် (၃၀)မြောက်တွင်တော့ မြန်မာနိုင်ငံအတွင်း ပျက်စီးယိုယွင်းလာသော အခြေအနေများနှင့်ပတ်သတ်ပြီး အလွန်စိုးရိမ်ကြောင်းပါဝင်ပြီး မတရား ဖမ်းဆီးခံထားရသူများ အားလုံးကို လွှတ်ပေးရေး၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ထူထောင်ရေးနှင့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေးတို့ကို တောင်းဆိုထားသည်ကို တွေ့ရသည်။

ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သော အိန္ဒိယတွင် ဗဟိုအစိုးရ၏ အုပ်ချုပ်မှုအာဏာသည် ပိုမိုများပြား ပြင်းထန်သည်။

နိုင်ငံတကာရေးရာနှင့် ပြည်ပရေးရာကိစ္စရပ် အများစုကို ပြည်နယ်အစိုးရများတွင် လုပ်ပိုင်ခွင့် မရှိပေ။

ဥပမာ – မီဇိုရမ်ပြည်နယ် အစိုးရအနေဖြင့် မျိုးနွယ်တူတိုင်းရင်းသားအချင်းချင်း လူသားချင်းစာနာ ထောက်ထားမှုဖြင့် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးခိုလှုံလာသူများအား လက်ခံခြင်း၊ ရိုင်းပင်ကူညီစောင့်ရှောက် ခြင်းတို့ကို စီမံဆောင်ရွက်ပေးနေသည့်တိုင် ဝန်ကြီးချုပ်မိုဒီဦးဆောင်သည့် ဗဟိုအစိုးရ၏ မူဝါဒနှင့် ဖိအားပေးမှု ကိုတော့ ရှောင်လွှဲနိုင်လိမ့်မည်မဟုတ်ချေ။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနက် အင်အားအကြီးဆုံး ဖက်ဒရယ်စနစ်ကို အခြေခံ သော ဒီမိုကရေစီနိုင်ငံဖြစ်သည်။

ယခုနှစ် နိုဝင်ဘာလလယ်အထိ အမေရိကန်၊ ယူကေ၊ အီးယူ၊ ပြင်သစ်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ တရုတ်၊ ရုရှားစသော နိုင်ငံတကာစီပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (G20)၏ ဥက္ကဌ အဖြစ် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက တာဝန်ယူထားရသည်။ ထို့အပြင် ၎င်း၏ နိုင်ငံရေး ကြေညာစာတမ်း အဖြစ်လည်း “India-The Mother Of Democracy”ဟု ကြေညာထားသည်။

ထိုသို့ ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံ ရှိသော နိုင်ငံများအစုအဖွဲ့ကို ဦးဆောင်ရသူ၊ “ဒီမိုကရေစီ၏ မိခင်” ဟု ကမ္ဘာပတ်ဟစ်ကြွေးနေသော ဝန်ကြီးချုပ် မိုဒီ၏ အိန္ဒိယဗဟိုအစိုးရသည် မြန်မာ့နွေဦးတော်လှန်ရေးအတွက်၊ အထူးသဖြင့် စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မျှော်လင့်ချင်စရာ ဖြစ်နေပါသည်။

၂ နှစ်ကျော်လာသည့် စစ်အာဏာသိမ်းကာလအတွင်း အပြန့်ကျယ်လာသည့် ပြည်တွင်းစစ်နှင့် အာဏာသိမ်း စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံအတွင်း ဒုက္ခသည်ပြည်သူပေါင်း ၁ ဒသမ ၇ သန်းကျော်လာပြီဖြစ်သည်။

အဆိုပါဒုက္ခသည်ပြည်သူများအတွက် နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုအကူအညီများသည် အလှမ်းဝေးလျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ကြုံတွေ့နေရသည်။

ထိုအတွက် မိုင်ပေါင်း ၁၀၀၀ နီးပါး နယ်နမိတ်ထိစပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့နိုင်မှုသည် ကြီးမားသည့်အထောက်အပံ့တစ်ခု ဖြစ်နေပြီး မြန်မာ ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအား ဖြေရှင်းနိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖြစ်နေသည်ကို တွေ့ရှိရပါသည်။

ထို့အပြင် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း အိန္ဒိယ-မြန်မာနယ်စပ်တလျောက်တွင် ထပ်မံမကြုံတွေ့ရစေရေး အတွက်လည်း အိန္ဒိယဗဟိုအစိုးရအနေဖြင့် ချဉ်းကပ်အဖြေရှာသင့်ပြီဖြစ်သည်။

နယ်စပ်လုံခြုံရေးနှင့် နိုင်ငံအကျိုးစီးပွားကို ရှေ့တန်းတင်ချဉ်းကပ်နေသော အိန္ဒိယဗဟိုအစိုး၏ စဉ်းစားချက်များသည် မမှန်ဟု မဆိုနိုင်သော်လည်း လက်တွေ့လုပ်ဆောင်ချက်များကမူ မြန်မာ အာဏာသိမ်းစစ်အုပ်စုအတွက် အထောက်အပံ့ မဖြစ်စေရေးအတွက် သတိထားကိုင်တွယ်ရန် လိုအပ်ပါသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဦးတည် လျှောက်လှမ်းနေကြသော မြန်မာ့နွေဦးတော်လှန်ရေး (ဝါ) မြန်မာပြည်သူလူထု၏ တော်လှန်ရေး အတွက် “ဒီမိုကရေစီရဲ့ မိခင်နိုင်ငံပါ” ဆိုသော အိန္ဒိယဗဟိုအစိုးရ၏ ရှေ့လုပ်ငန်းစဉ်များက မည်သို့အကျိုးပြုနိုင်မလဲ ဆိုသည်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြပြီ ဖြစ်ကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...