သေနတ်ကျည်ဆန် သယ်ဆောင်သည့်ကား မီးလောင်မှုဖြစ်၊ ကားသမား ပျောက်ဆုံးနေ

သျှမ်းပြည် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ် ကျေးသီး နှင့် မိုင်းကောဝ် ကြား ကားလမ်းပိုင်း တစ်နေရာတွင် ကျည်ဆန်သယ်ဆောင်လာသည့်ကား မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကားသမားက ပျောက်ဆုံးနေကြောင်း ဆုံစမ်းသိရသည်။

ပုံ / စာ – မီးလောင်ပျက်စီးသည့် ကျည်ဆန်သယ်လာသည့် ကားပုံ

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင် အချိန်တွင် ကျေးသီးမြို့ နှင့် မိုင်းကောဝ် ကြားရှိ စစ်ကောင်စီ တပ်စခန်းကုန်းမြင့် အနီးတွင် ကျည်ဆန်များ သယ်ဆောင်လာသည့် Alphard အမျိုးအစား ကား တစ်စီးမီးလောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားရှေ့ခန်းပိုင်းကစပြီး မီးလောင်တာပါ၊ အဲ့ဒီ ကားရှေ့ခန်းမှာပဲ ကျည်ဆန်တွေ တွေ့ရတယ်၊ တချို့ကျည်က မီးလောင်သလို၊ မီးမလောင်ရသေးတဲ့ ကျည်ဆန်ကတ်တွေလည်း တွေ့ရတယ်၊ ကားခေါင်း အင်ဂျင်ပိုင်းတွေလည်း မီးလောင်တော့ ကားက စက်နှိုးမရတော့ဘူး၊ မီးသတ်လည်း မီးလာငြိမ်းသွားတယ်”ဟု ကျေးသီးမြို့ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မီးလောင်သည့် ကားတွင် ကျည်ဆန်ကတ်များ တွေ့ရှိရပြီး ကားတစ်စီးလုံး မီးလောင်ပြီး သံများသာ ကျန်ရှိသွားကြောင်း နှင့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် စစ်သားများက စစ်ဆေး ယူဆောင်သွားကြောင်း လည်း သိရသည်။

ပုံ / စာ – မီးလောင်ပျက်စီးသည့် ကျည်ဆန်သယ်လာသည့် ကားပုံ

မီးလောင်သည့် ကား နှင့် ကျည်ဆန်ကတ်သည် မည်သည့် အဖွဲ့အစည်း ပိုင်ဆိုင်သည်ကို မသိရသေးသည့် အကြောင်း နှင့် လက်ရှိတွင် ကားမောင်းသူလည်း ပျောက်ဆုံး နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ဘယ်အဖွဲ့က ကျည်ဆန်တွေလဲတော့ မသိဘူး၊ ကားသမားကလည်း ပျောက်ဆုံးနေတယ်၊ ဒီဘက်မှာရှိတဲ့ လှုပ်ရှားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကတော့ စစ်ကောင်စီတပ်ရှိမယ်၊ SSPP တပ်ပေါင်းစုလည်း ရှိမယ်၊ ပြီးတော့ RCSS တပ်ဖွဲ့ပေါ့” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွိုင်လင်ခရိုင်အတွင်း သျှမ်းတပ်နှစ်တပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးသည့်နောက်ပိုင်း အဆိုပါ ဒေသအတွင်း လှုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်များ ဆုတ်ခွာပေးရန် စစ်ကောင်စီမှ အကြိမ်ကြိမ် သတိပေး ညွှန်ကြားလာမှု ရှိလာခဲ့သည်။

ယင်းကဲ့သို့ စစ်ကောင်စီ၏ ညွှန်ကြားမှုကို (SSPP/SSA) မှ လက်မခံနိုင်ကြောင်း အကြာင်းပြန်သည့်အတွက် လွိုင်လင်ခရိုင် ဒေသအတွင်း၌ အာဏာသိမ်းစစ်ကောင်စီ နှင့် SSPP/SSA တို့၏ စစ်ရေးတင်းမာမှုများလည်း ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...