ကျောင်းတက်ဖို့ အခွင့်လမ်း မဲ့နေတဲ့ စစ်ရှောင်ကလေးငယ်များ

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်မှာ စစ်ကောင်စီ လက်အောက်ခံ ပညာရေးကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းတက်နိုင်တဲ့ မိဘတွေကတော့ ကလေးတွေ အတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်၊ ထမင်းဗူးတွေ ဝယ်ယူ စုဆောင်းနေကြပါတယ်။

ပုံ – ကြယ်တံခွန်လူမှုကူညီရေးပရဟိတအသင်း (ကျောင်းနေအရွယ် စစ်ရှောင်ကလေးများ)

ဒါပေမယ့် တိုင်းပြည်ရဲ့ နိုင်ငံရေး ပဋိပက္ခ အခြေအနေကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးငယ်တွေ များစွာ ရှိနေဆဲပါ။

စစ်ရေးပဋိပက္ခကြား ဟိုမရောက်၊ ဒီမရောက် ပညာရေး နဲ့ အလှမ်းဝေးနေတဲ့ စစ်ရှောင်ကလေးငယ်တွေ ဘဝဟာ စစ်ကောင်စီ လက်အောက်ခံကျောင်း တက်ချင်တော့လည်း ကျောင်းစရိတ်တွေ ဝတ်စုံတွေ မဝယ်နိုင်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်မယ့်ကျောင်း တက်လိုတော့လည်း နည်းပညာက ခက်ခဲပြန်ပါတယ်။

ဒါစစ်ရှောင်ကလေးတွေရဲ့ ပညာရေးကိုလည်း ဘယ်အဖွဲ့အစည်း၊ ဘယ်အစုအဖွဲ့မှ စိတ်မဝင်စားတဲ့အတွက် စစ်ရှောင်စခန်းမှာ စာသင်ဖို့ကလည်း ဆရာ၊ ဆရာမတွေကလည်း မရှိသေးပါဘူး။

“အစိုးရကျောင်းတက်ရင် အဖြူ၊ အစိမ်းတွေက ဝယ်ရမယ်။ စာအုပ်တွေကလည်း ဝယ်ရမယ်။ ကျမတို့က သူများလှူမှ စားနေရတဲ့ဘဝမှာ ကလေးတွေတွက် ဘယ်လို အပိုဝင်ငွေ ရှိမှာလဲ။ ကလေးတွေ ကျောင်းထားချင်ပေမယ့် မိသားစု ထမင်းတောင် နပ်မမှန်တာ” လို့ နန်းပြုံးငယ်က လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောလာပါတယ်။

ပုံ – ကြယ်တံခွန်လူမှုကူညီရေးပရဟိတအသင်း (ကျောင်းနေအရွယ် စစ်ရှောင်ကလေးများ)

နန်းပြုံးငယ် ဟာ ပြီးခဲ့တဲ့ ပင်လောင်းမြို့နယ် အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှာ သား ၂ ဦး နဲ့အတူ စစ်ရှောင် လာခဲ့တာ ၄ လကျော်ကြာလာခဲ့ပါပြီ။

အချိန်တွေ ကြာလာတဲ့အလျောက် အရင်နှစ်တွေက စုဆောင်းထားတဲ့ ပိုက်ဆံတွေကလည်း ကုန်လုဆဲဆဲ ဖြစ်ပြီး၊ အလှူရှင်တွေကို အားကိုးနေရတဲ့ နန်းပြုံးငယ်တစ်ယောက် က သား၂ ယောက်ရဲ့ ပညာရေးကို တွေးပူ နေကြပါတယ်။

ခေတ်စနစ်မကောင်းတဲ့အလျောက် အဖွဲ့အစည်းအများစုဟာ စစ်ကောင်စီရဲ့ လက်အောက်ခံ ပညာရေးကို သွားရောက်ပြီး မတက်ဖို့အတွက် နှိုးဆော်နေကြပါတယ်။

ငွေကြေး ချမ်းသာတဲ့ အသိုင်းအဝန်းကတော့ ပုဂ္ဂလိကကျောင်းကို သွားရောက်သင်ကြားနိုင်ပေမယ့် နန်းပြုံးငယ် တို့လို စစ်ရှောင်မိခင်တွေ အတွက်ကတော့ စစ်ဘေးရှောင်စခန်းမှာ စာသင်ကြားတဲ့ ပညာရေးဝန်ထမ်း မရှိပါက စစ်ကောင်စီ ရဲ့ ပညာရေးကိုသာ ဦးတည်သွားရမှာပါပဲ။

“ကျမတို့ စစ်ဘေးရှာင်စခန်းမှာ CDM ဆရာမတွေရှိရင်တမျိုး၊ အခုက စခန်းမှာလည်း စာသင်ကျောင်းမရှိတော့ အစိုးရကျောင်းကိုပဲ သွားထားရမှာ။ ထားဖို့တောင် ကျမက ပိုက်ဆံမရှိဘူး။ ဒါကို ဘယ်အဖွဲ့မှ လာကူတာလည်း မရှိဘူး။ ကလေးတွေ ကျောင်းပညာမတက်ဘဲ အသက်ကြီးသွားမှာ ဆိုးတယ်” လို့ နန်းပြုံးငယ် က စိတ်မကောင်း စွာ ပြောပါတယ်။

သူမရဲ့ လေးနှစ်အရွယ် အကြီးဆုံးသားဟာ ပထမဆုံးကျောင်းတက်ရမယ့် အရွယ်ဖြစ်ပြီး၊ မိဘတိုင်းဟာ ကိုယ့်သား၊ သမီးကျောင်းစတက်ရင် ရင်ခုန်ပျော်ရွှင်တက်ခဲ့ကြပြီး၊ ကိုယ့်သား၊ သမီးတွေကို အကောင်းဆုံး ပညာရေးနဲ့ ငြိမ်းချမ်းစွာ စာသင်ခွင့် ရစေချင်ကြပါတယ်။

ပုံ – ကြယ်တံခွန်လူမှုကူညီရေးပရဟိတအသင်း (ကျောင်းနေအရွယ် စစ်ရှောင်ကလေးများ)

ဒါပေမယ့် နန်းပြုံးငယ် တယောက်ကတော့ “ သားကြီး ကျောင်းစတက်မယ်ဆိုတော့ စိတ်တော့ လှုပ်ရှားတာပေါ့။ အခုက စိုးရိမ်နေရတယ်။ သူများတွေ အဖြူ၊ အစိမ်းဝတ်၊ လွယ်အိတ်လေးလွယ်ပြီး ကျောင်းသွားတဲ့ပုံရိပ်ကို မိဘတိုင်းက မြင်ချင်တယ်လေ” လို့ ဝမ်းနည်းစွာပြောပါတယ်။

သူမ နေထိုင်တဲ့ စစ်ဘေးရှောင်စခန်းဟာ အလှူရှင်တွေ မရှိသလောက် ရှားပါးတဲ့အတွက် စစ်ရှောင်တွေဟာ တချို့ရက်တွေမှာ ပင်လောင်းမြို့ပေါ်တက်ပြီးတော့ နေ့စားလိုက်နေရပြီး ဝမ်းရေးကို ဖြေရှင်းနေရပါတယ်။

“စားဝတ်နေရေး ပြေလည်ဖို့အတွက် ပုံမှန် နေ့စားအလုပ် လိုက်ရပါတယ်။ ပုံမှန် ထမင်းနှစ်နပ် စားရဖို့တောင် မနည်းရုန်းကန်နေရတယ်။ အခုအချိန်မှာ ကလေးတစ်ယောက်ကို ကျောင်းထားဖို့အတွက် စဉ်းစားရင်း စိတ်ပူပန်သောက ရောက်နေပါတယ်” လို့ နန်းပြုံးငယ်က ဆိုပြန်ပါတယ်။

ပင်လောင်းမြို့နယ်အတွင်း ရောက်ရှိနေသည့် စစ်ရှောင်ကလေးငယ်များကို စစ်ရှောင်ကော်မတီများထံမှ စာရင်းပြုစုထားအရ လက်ရှိ ပင်လောင်းမြို့နယ်တွင် KG တန်းမှ အထက်တန်းအထိ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၄၀၀ ကျော်ရှိပါတယ်။

တချို့မှာ အစိုးရကျောင်းတက်ရသလို တချို့မှာလည်း ဘုန်းကြီးကျောင်းဆောင်မှ ကိုယ်ထူကိုယ်ထပညာရေး ကျောင်းကိုသာ တက်နေရပေမယ့် စစ်ဘေးရှောင် စခန်း အများစုမှာ ပညာသင်ကြားဖို့ ဆရာ၊ ဆရာမတွေ မလုံလောက်နေကြောင်း စစ်ရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။

အဲ့ဒီလို အစိုးရကျောင်းတက်နေရတဲ့ စစ်ရှောင်ကလေးများဟာ ကျောင်းဝတ်စုံ အဖြူအစိမ်း၊ ဗလာစာအုပ်၊ လွယ်အိတ်၊ စားရေးကိရိယာ ခဲတံ၊ ဘောပင် စတဲ့ ကျောင်းသုံးပစ္စည်း မရှိတဲ့အတွက် အခက်ခဲရှိနေတယ်လို့ စစ်ရှောင်ကော်မတီက ပြောပါတယ်။

“ အခု ကျနော်တို့ ကော်မတီတွေ စာရင်းကောက်နေတယ်။ လောလောဆယ် အခု ကျောင်းသား/ ကျောင်းသူတွေ က အဓိက အဖြူအစိမ်း၊ လွယ်အိတ်တွေ လိုအပ်တယ်။ အဲ့ဒီ လိုအပ်ချက်တွေကို ကျနော်တို့ ကော်မတီတွေ ဖြည့်ဆည်းပေးဖို့ ကျနော်တို့ အစည်းအဝေး ခေါ်ထားတယ်။ ပါဝင်ကူညီဖို့လည်း တောင်းဆိုချင်ပါတယ် “ ဟု စစ်ရှောင်ကော်မတီက ဆိုပါတယ်။

ပင်လောင်းမြို့နယ်ရှိ အစိုးရကျောင်းမှာ စစ်ရှောင်ကလေးငယ်များလာသည့်အတွက် တချို့ကျောင်းမှာ အကန့်သတ်ဖြင့် ကျောင်းသား လက်ခံနေပါတယ်။

ပုံ – ကြယ်တံခွန်လူမှုကူညီရေးပရဟိတအသင်း (ကျောင်းနေအရွယ် စစ်ရှောင်ကလေးများ)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသရှိ ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်တွင် စစ်ရှောင်ဦးရေ ၆ ထောင်ကျော် ရောက်ရှိလာပါတယ်။

စစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာ လိုအပ်နေတဲ့အပြင် ကလေးငယ်တွေရဲ့ ပညာရေးဟာလည်း ချန်လှပ်ထားလို့မရပါဘူး။

“လူတိုင်း ပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံး မူလတန်း ပညာကို အခမဲ့ သင်ခွင့်ရှိသည်” ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်မှာ လူသားတိုင်း ရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေးတွေကို လူ့အခွင့်အရေး ကြေညာ စာတမ်းအဖြစ် အတည်ပြု ကြေညာခဲ့ပါတယ်။

အဲ့ဒီ ကြေညာစာတမ်းပါ အချက်တွေကို လေးစား လိုက်နာဖို့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံးကို ဖြန့်ဝေ သက်ဆိုင်ရာ နိုင်ငံသူ နိုင်ငံသားတွေ သိရှိစေဖို့ စာသင်ကျောင်းတွေ၊ ပညာရေး အဖွဲ့အစည်းတွေမှာ ထင်ရှား သိသာမြင်တွေ့စေဖို့ ထပ်ဆင့် ဖြန့်ဝေခိုင်းပါတယ်။

ဒါ့ကြောင့် စစ်ရှောင်ကလေးငယ်တွေရဲ့ ပညာရေးကို အင်တိုက်အားတိုက်ထည့်ပြီးတော့ အဖက်ဖက်မှ လုပ်ဆောင် စေချင်ကြောင်း၊ ကလေးငယ်တွေရဲ့ ပညာရေးကို ဦးစားပေး မပြုလုပ်ပါက တော်လှန်ရေး သက်တမ်းရှည် လာတဲ့အလျောက် ကလေးတွေဟာ ပညာသင်ခွင့်မရဘဲ စာမတက်လူဦးရေ တိုးလာနိုင်ပါတယ်။

“ ကျနော်တို့ဆီမှာ စစ်ကောင်စီလို အများက သတ်မှတ်တဲ့ ကျောင်းပဲတက်နေရတယ်။ စစ်ရှောင်စခန်းမှာလည်း ပညာရေး ကောင်းကောင်း မဖွင့်နိုင်ဘူးလေ။ နောက်ပြီး NUG ကလည်း ပညာရေးကို လာလုပ်ပေးတာ မရှိဘူး” လို့ ပင်လောင်းစစ်ရှောင် ကော်မတီအဖွဲ့ဝင် တစ်ဦးက ထောက်ပြပြောပါတယ်။

ပင်လောင်းမြို့နယ်သို့ ရောက်ရှိလာတဲ့ စစ်ရှောင်ကလေးငယ်တွေအတွက် အများက ကန့်ကွက်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးကိုသာ သွားတက်နေရကြောင်း၊ စစ်ကောင်စီ ဖြုတ်ချရေး အတွက် တော်လှန်နေတဲ့ အဖွဲ့တွေ စစ်ကောင်စီ ပညာရေး ကန့်ကွက်နေတဲ့အဖွဲ့တွေအနေနဲ့ ပင်လောင်း စစ်ရှောင်ကလေးတွေကို မေ့မထားရန် လည်း ကော်မတီအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

“ ကျမအနေ နဲ့ ကလေးငယ်ကို ပညာရေးကို ဦးစားပေးပြီး ကျောင်းတက်စေချင်တယ်။ သူများကလေးလို ပုဂ္ဂလိက ကျောင်းမထားနိုင်ရင်တောင် အစိုးရကျောင်းဖြစ်ဖြစ် စစ်ရှောင်က ဖွင့်တဲ့ ကျောင်းဖြစ်ဖြစ် စာသင်စေချင်တယ်။ ကလေးကို စာသင်ခန်းပို့ချိန် မပို့ရရင် ကျမ တာဝန်မကျေသလိုပါပဲ” လို့ နန်းပြုံးငယ်က စိတ်မကောင်းစွာပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...