တအာင်းစာပါ ရွာအဝင်ဆိုင်းဘုတ် ၃ ခုကို စစ်ကောင်စီက ထပ်မံ ဖျက်ဆီး

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ် အတွင်းရှိ ဒေသခံများ ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် တအာင်း စာပါ ရွာအဝင် ဆိုင်းဘုတ် ၃ ခုကို စစ်ကောင်စီတပ်ဖွဲ့က ထပ်မံ ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။

ပုံ – ဒေသခံ (ဇွန်လ – ၁၃ ရက်နေ့တွင် စစ်ကောင်စီ ဖျက်ဆီးသည့် ကျေးရွာ ဆိုင်းဘုတ်များ)

ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် လားရှိုးမြို့နယ် ခေးနင်းကျေးရွာအုပ်စု ခေးနင်းရွာ၊ ပိန်းညောင် နှင့် စံဖြတ်ရွာ တို့မှ ရွာအဝင် ဆိုင်းဘုတ်များကို စစ်ကောင်စီက လာရောက် ဖျက်ဆီးလိုက်ခြင်း ဖြစ်ကြောင်း ဖြစ်စဥ်ကို သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ပိုင်းမှာ ခေးနင်းရွာက ဆိုင်းဘုတ်ကို ဖျက်ဆီးပြီး ပြန်သွားကြတယ်၊ မွန်းလွဲပိုင်းမှာ နောက်တစ်ခေါက် ပြန်လာပြီးတော့ ပိန်းညောင်ရွာ နဲ့ စံဖြတ်ရွာက ဆိုင်းဘုတ်ကို ထပ်ဖျက်ဆီးတယ်။ မနေ့က တစ်နေ့တည်းကို ၃ ခု ဖျက်ဆီးသွားတယ်။ စစ်ယူနီဖောင်း နဲ့ သေနတ်တွေနဲ့ စစ်သားအင်အား ၃၀ နီးပါးလောက်ရှိတယ်” ဟု ဖြစ်စဥ်ကို သိရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ကျေးရွာ ဆိုင်းဘုတ်များကို ဖျက်ဆီးပြီးသည့် စစ်ကောင်စီ တပ်ဖွဲ့သည် ရွာလူကြီး နှင့် တွေ့ဆုံပြီး အထက် အမိန့်အရ လာရောက်လုပ်ဆောင်ရခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ရွာသားများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပုံ – ဒေသခံ (ဇွန်လ – ၁၃ ရက်နေ့တွင် စစ်ကောင်စီ ဖျက်ဆီးသည့် ကျေးရွာ ဆိုင်းဘုတ်များ)

လက်ရှိတွင် လားရှိုးမြို့နယ်အတွင်းမှ တအာင်းစာပါသည့် ကျေးရွာဆိုင်းဘုတ်များ (၈) ခု ထက်မနည်း ဖျက်ဆီး ခံရပြီး တအာင်းစာပါ ဆိုင်းဘုတ်များ မလုပ်ဆောင်ရန် စစ်ကောင်စီက ခြိမ်းခြောက် ပြောဆိုမှု ရှိခဲ့ကြောင်းလည်း အထက်ပါ အမျိုးသားက ပြောသည်။

“ဖျက်ဆီးခံရတဲ့ ဆိုင်းဘုတ်တွေက အသစ်လုပ်ထားတဲ့ ဆိုင်းဘုတ်တွေပဲ ဖြစ်တယ်။ ပြီးတော့ သူတို့ ပြောသွား တာက တအာင်းစာ နဲ့ ဆိုင်းဘုတ်တွေ လုပ်လို့ မရဘူးတဲ့၊ ဆိုင်းဘုတ်တွေမှာ သူတို့စာ (မြန်မာစာ) ကိုပဲ ရေးဖို့ ပြော သွားတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုသည်။

တအာင်းစာ ပါသည့် ဆိုင်းဘုတ်များ၊ ရွာလမ်းညွှန် ဆိုင်းဘုတ်များကို စစ်ကောင်စီတပ်ဖွဲ့က ကား နှစ်စီးရှိ လူအင်အားအတူ တူရွင်း၊ သံချောင်း နှင့် တခြား လက်နက်ပစ္စည်းများ အသုံးပြုကာ ဖျက်ဆီးခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ဒေသခံများကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် ကျေးရွာဆိုင်းဘုတ်များသည် တစ်ခုကို ကျပ်သိန်း ၂၀ နီးပါး ကုန်ကျထားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြန်လည် တည်ဆောက် ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။

“ကျနော်တို့ ရွာသားတွေ တစ်အိမ်နည်းနည်းစီ စုပြီး ဆောက်လုပ်ထားတာတွေပါ။ အခုလို ဖျက်ဆီးခံရတော့ စိတ်မကောင်းဘူးပေါ့၊ ရွာအဝင်ဆိုင်းဘုတ်တွေ၊ လမ်းညွှန်တွေကို ပြန်ဆောက်ပေးစေချင်ပါတယ်၊ သူတို့ပိုက်ဆံ နဲ့ သူတို့ လုပ်ပေးပြီး သူတို့စာရေးလည်း ရတယ်၊ အဓိက ကတော့ ဆိုင်းဘုတ်တွေ ပြန်ဆောက်ပေးစေချင်တယ်” ဟု အထက်ပါ အမျိုးသားက ဆက်ဆိုသည်။

စစ်ကောင်စီ တပ်ဖွဲ့သည်ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင်လည်း လားရှိုးမြို့နယ်မှ ကျေးရွာ ၅ ရွာရှိ တအာင်းစာပါ ဆိုင်းဘုတ်များကို ဖျက်ဆီးပြီးနောက် ကျေးရွာလူကြီးများကို စခန်းသို့ခေါ်သွားတာ ခံဝန်လက်မှတ် ရေးထိုးခိုင်း သည့် အကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...