Wednesday, January 28, 2026

မြန်မာ – တရုတ်နယ်စပ် နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) တရုတ် ယွမ် ၁ ထောင်ထိပေါက်

မြန်မာ – တရုတ် နယ်စပ်ဒေသဖြစ်သည့် ချင်းရွှေဟော်မြို့တွင် နယ်ခံမဟုတ်ပါက နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) ကို တစ်ဦးလျှင် တရုတ်ယွမ် ၁၀၀၀ (ဒေသကာလပေါက်စျေး မြန်မာငွေ ကျပ် ၄၅၀,၀၀၀) အထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။

ချင်းရွှေဟော်ဂိတ်

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့မှစပြီး မြန်မာ – တရုတ် နယ်စပ်ဒေသရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရုတ်ဖက်မှ ပြန်လည်စတင်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံ အစိုးရဖက်မှ နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) ကို ပြန်လည် ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) ပြုလုပ်ဖို့ ကုန်ကျငွေစရိတ်ကို တစ်ဦးလျှင် တရုတ်ယွမ် ၄၀ ပေးပြီး ပြုလုပ်ခဲ့ရာမှ လက်ရှိမှာ နယ်ခံမဟုတ်ပါက တစ်ဦးလျှင် တရုတ်ယွမ်ငွေ ၁၀၀၀ အထိပေးပြီး ပြုလုပ်လာရသဖြင့် ဖြတ်သန်းသွားလာသူများ အခက်ခဲ ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ ဒီက နယ်ခံဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ ဟိုပန်၊ ကွမ်းလုံ ကဆိုရင် အနီရောင်စာအုပ်လုပ်ရင် တစ်ယောက်ကို ယွမ် ၄၀ ပဲပေးရတယ်။ ဒီက နယ်ခံမဟုတ်တဲ့ သိန္နီ၊ လားရှိုး ဖက်ကလူတွေဆို သူတို့တောင်းသလောက် တရုတ်ယွမ် ၃၀၀ ကနေစပြီး ၅၀၀၊ ၇၀၀၊ ၈၀၀ အထိ ပေးရတယ်။ တချို့ ကြားခံ ပွဲစားငှားပြီး လုပ်ခိုင်းရင် ၁၀၀၀ အထိ ပေးရတယ် “ ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ နိုင်ငံကူးလက်မှတ် လုပ်ချင်သူများကို တရားမဝင် ကုန်ကျစရိတ် အများအပြား တောင်းခံနေသောကြောင့် ဖြတ်သန်းသွားလာသူများအနေဖြင့် ငွေရေးကြေးရေး အခက်ခဲ ကြုံတွေ့နေရကြောင်း သိရသည်။

“ သူတို့က နိုင်ငံကူးလက်မှတ်လုပ်ချင်တဲ့သူကို တောင်းချင်သလောက် တောင်းနေတာ။ တရုတ်ဖက်ကတော့ ဘာမှ စကား မများဘူး။ ဒီစာအုပ်တွေ ပြည့်စုံရင် သူတို့ဝင်ခွင့်ပေးတယ်။ ခက်ခဲတာတော့ ဒီဖက်ကလူတွေ စစ်တပ်က အာဏာသိမ်း လာကတည်းက အဓ္ဓမ ငွေတောင်းခံနေတယ် “ ဟု ၎င်းက ထပ်လောင်း ပြောသည်။

အလားတူ မြန်မာ – တရုတ် နယ်စပ်ဒေသ၊ မူဆယ်မြို့ရှိ ရွှေနန်းတော်ဂိတ်တွင် နိုင်ငံကူးလက်မှတ် လုပ်ကိုင်သူများကို မြန်မာနိုင်ငံ အစိုးရဖက်မှ တစ်ဦးလျှင် ကျပ် ၁ သောင်းမှ ၂ သောင်းအထိ တောင်းခံပြီး နှစ်ရက်ကြာ စောင့်ဆိုင်းစေပြီး ကြားခံပွဲစား နှင့် ပြုလုပ်ပါက တစ်ဦးကို ကျပ် ၅ သောင်းပေးရကာ တစ်ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ဂိတ်တွင် တစ်ခါသုံးကတ် ပြုလုပ်သူများပြားနေ

0
မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ဂိတ်များတွင် ယနေ့ စက်တင်ဘာလ ၅ ရက်၌ နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ပြုလုပ်သူ များပြားနေကြောင်း စုံစမ်းသိရသည်။ . ယနေ့ (စက်တင်ဘာလ ၅ ) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မူဆယ်မြို့နယ် ဆင်ဖြူဂိတ် နှင့်...

မြန်မာ – တရုတ်နယ်စပ်ဂိတ် မူဆယ်လမ်းတလျောက် ကားပိတ်ဆို့မှုဖြစ်

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ မြန်မာ - တရုတ် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးနောက် ရန်ကုန်၊ မန္တလေး ဘက်မှ ကုန်တင်ကားများ မူဆယ်မြို့ရှိ နယ်စပ် ဂိတ်ပေါက် ဆီသို့ အများအပြား ရောက်ရှိလာကြောင်း သတင်း သိရသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး နှင့် အောက်မြန်မာဘက်မှ...

ရွှေလီမြစ်ဝှမ်းဒေသ ကြံစိုက်ပျိုးသူများ တင်ပို့ရောင်းချရန် ခက်ခဲနေဆဲ

0
မြန်မာ - တရုတ်နယ်စပ် ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) စိုက်ပျိုးရေးသမားများ တပိုင်တနိုင်တင်ပို့နေသည့် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ကြံစိုက်ပျိုးသူများ ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားချိန်မှ စပြီး ယနေ့ထိ ၃ နှစ်ခန့်ကြာ ပိတ်ထားသည့် ရွှေလီမြစ်ဝှမ်းဒေသရှိ တပိုင်တနိုင်တောင်သူများ...

ဖရဲသီးကား လမ်းတွင် ကြန့်ကြားမှုကြောင့် တရုတ်ပြည်သို့ တင်ပို့ရန် အရည်အသွေးကျဆင်း

0
တရုတ်ပြည်တင်ပို့မည့် ဖရဲသီးသည် လမ်းတွင် ကြန့်ကြာနေသဖြင့် အရည်အသွေးညံ့နေသဖြင့် ရောင်းဝယ်ရန် ခက်ခဲနေကြောင်း မူဆယ်မြို့ ကုန်စည်ဒိုင်များ ထံ စုံစမ်းသိရသည်။ မြန်မာ - တရုတ် နယ်စပ်ဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့် ဖရဲသီးများသည် လမ်းပေါ်တွင် ကြန့်ကြာမှုရှိကာ အရည်အသွေးညံ့မှုကြောင့်...