Tuesday, January 27, 2026

ဖရဲသီးကား လမ်းတွင် ကြန့်ကြားမှုကြောင့် တရုတ်ပြည်သို့ တင်ပို့ရန် အရည်အသွေးကျဆင်း

တရုတ်ပြည်တင်ပို့မည့် ဖရဲသီးသည် လမ်းတွင် ကြန့်ကြာနေသဖြင့် အရည်အသွေးညံ့နေသဖြင့် ရောင်းဝယ်ရန် ခက်ခဲနေကြောင်း မူဆယ်မြို့ ကုန်စည်ဒိုင်များ ထံ စုံစမ်းသိရသည်။

မြန်မာ – တရုတ် နယ်စပ်ဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့် ဖရဲသီးများသည် လမ်းပေါ်တွင် ကြန့်ကြာမှုရှိကာ အရည်အသွေးညံ့မှုကြောင့် ဖရဲသီး ကို ဈေးပေါပေါဖြင့် မြန်မာပြည်တွင် ပြန်လည်ရောင်းချနေရသည်။

“ ကျနော်တို့ ကားတွေ တရုတ်ပြည်ထဲတောင် မရောင်းရသေးဘူး။ ပြန်ဆင်းလာရတယ်။ ဖရဲသီးကို ပြည်တွင်းမှာပဲ ဈေးပေါပေါနဲ့ရောင်းတယ်။ အလကားလည်း ဝေပေးလိုက်တယ်” ဟု ဖရဲသီးတင်သည့် ကားသမား တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။


တရုတ်ပြည်ဘက်သို့ ကုန်ကားများ ဝင်ရန် ခက်ခဲခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဟု ဆိုပြီး စစ်ဆေးမှု ပိုတင်းကြပ်လာသဖြင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန် တွင် ကားများပိတ်ဆို့နေပြီး ဖရဲသီးများ အလိုအလျောက် အရည်အသွေး ကျဆင်းလာကြောင်း ၎င်း ယာဉ်မောင်းက ထပ်လောင်းပြောသည်။


“ကျနော်တို့ သိန်နီဈေးထဲမှာ ဈေးပေါပေါ နဲ့ ပြန်ရောင်းပေးနေရတယ်”ဟု ပြောသည်။


လက်ရှိမှာ မူဆယ် (၁၀၅)မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်တွင် ဖရဲသီးကား အစီး (၁၀၀၀) ကျော် တရုတ်ပြည်သို့ ဝင်ရန် စောင့်ဆိုင်းနေကြောင်း၊ တရုတ်ပြည်အတွင်း သို့ တရက်လျှင် ဖရဲသီးကား အစီး(၁၀၀)ကျော်သာ ဝင်ခွင့်ရကြောင်း မူဆယ်သစ်သီဝလံ ကုန်စည်ဒိုင်မှ စုံစမ်းသိရသည်။

“ တရုတ်ဘက်ကို တရက်ကို အစီး (၁၀၀)ကျော် ပဲဝင်ခွင့်ရတယ်။ အရမ်းစစ်ဆေးတယ်။ မြန်မာပြည်ဘက်က တက်လာတဲ့ကားက တရက်ကို အစီး (၄၀၀)စီးတော့ ကားတွေက ပိတ်ဆို့မှုတွေဖြစ်ကုန်တာ။ အဲ့ဒါနဲ့ ဖရဲသီး အရည်အသွေးတွေ ကျကုန်တာ” ဟု သစ်သီးဝလံ ပွဲရုံမှ စိုင်းခင်မောင်က ပြောသည်။

ယမန်နေ့ ဧပြီ (၁၉) ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ တရုတ်ပြည်သူ သမ္မတနိုင်ငံသို့ မြန်မာနိုင်ငံမှ တင်ပို့သော မည်သည့် ကုန်ပစည်းမဆို ပို့ကုန်ကား နှင့် ကုန်တစ်စီးလျှင် ကိုဗစ်-၁၉ စစ်ဆေးရန်အတွက် နမူနာ (၃၀) စစ်ဆေးရန် လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ဂိတ်တွင် တစ်ခါသုံးကတ် ပြုလုပ်သူများပြားနေ

0
မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ဂိတ်များတွင် ယနေ့ စက်တင်ဘာလ ၅ ရက်၌ နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ပြုလုပ်သူ များပြားနေကြောင်း စုံစမ်းသိရသည်။ . ယနေ့ (စက်တင်ဘာလ ၅ ) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မူဆယ်မြို့နယ် ဆင်ဖြူဂိတ် နှင့်...

မြန်မာ – တရုတ်နယ်စပ် နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) တရုတ် ယွမ် ၁ ထောင်ထိပေါက်

0
မြန်မာ - တရုတ် နယ်စပ်ဒေသဖြစ်သည့် ချင်းရွှေဟော်မြို့တွင် နယ်ခံမဟုတ်ပါက နိုင်ငံကူးလက်မှတ် (အနီရောင်စာအုပ်) ကို တစ်ဦးလျှင် တရုတ်ယွမ် ၁၀၀၀ (ဒေသကာလပေါက်စျေး မြန်မာငွေ ကျပ် ၄၅၀,၀၀၀) အထိ ပေးဆောင်ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့မှစပြီး မြန်မာ -...

မြန်မာ – တရုတ်နယ်စပ်ဂိတ် မူဆယ်လမ်းတလျောက် ကားပိတ်ဆို့မှုဖြစ်

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ မြန်မာ - တရုတ် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးနောက် ရန်ကုန်၊ မန္တလေး ဘက်မှ ကုန်တင်ကားများ မူဆယ်မြို့ရှိ နယ်စပ် ဂိတ်ပေါက် ဆီသို့ အများအပြား ရောက်ရှိလာကြောင်း သတင်း သိရသည်။ လက်ရှိတွင် ရန်ကုန်၊ မန္တလေး နှင့် အောက်မြန်မာဘက်မှ...

မူဆယ် (၁၀၅) မိုင် မိုင်းယု ပစ်ခတ်သံများ ကြားနေရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ညလူနေတိတ်ချိန်၌ ပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန် ၂၈ ရက်) ည ၁၀ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် (၁၀၅) မိုင် မိုင်းယုဘက်မှ သေနတ်သံများ ထွက်ပေါ်လာ...

မူဆယ် ကုန်သွယ်ရေးဇုန်အတွင်းတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကုန်သွယ်ရေးဇုန်အတွင်းတွင် ယနေ့ (အောက်တိုဘာ ၇ )ရက် မနက်ပိုင်း အချိန်အတွင်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင့် သတင်းသိရသည်။ ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် မူဆယ်မြို့အဝင် နယ်စပ်ကုန်သွယ်ရေးမှ ဝန်ထမ်းရိပ်သာအနီးတွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး...