မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ဂိတ်တွင် တစ်ခါသုံးကတ် ပြုလုပ်သူများပြားနေ

မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ဂိတ်များတွင် ယနေ့ စက်တင်ဘာလ ၅ ရက်၌ နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ပြုလုပ်သူ များပြားနေကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (စက်တင်ဘာလ ၅ ) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မူဆယ်မြို့နယ် ဆင်ဖြူဂိတ် နှင့် နန်းတော်ဂိတ်တွင် နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP (အပြာရောင်စာအုပ်) ကိုသွားရောက်လုပ်ကိုင်သူ များပြားနေကြောင်း သွားရောက်လုပ်ကိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ကတ်သွားလုပ်တဲ့သူတွေက ရာနဲ့ ချီရှိတယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးနေတာပဲ။ တန်းစီပြီးနေရတာ အခုမရသေးတဲ့လူတွေလည်း စောင့်နေရတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ လုပ်ဆောင်ပေးနေသည့် နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP သည် ရွှေလီမြို့ထိသာ သွားရောက်လည်ပတ်နိုင်ပြီး အလုပ်လုပ်ကိုင်ခွင့် မပေးထားကြောင်းလည်း သိရသည်။

အဆိုပါ တစ်ခါသုံးကတ် TBP (အပြာရောင်စာအုပ်) ကို လည်ပတ်ရန်သာ သတ်မှတ်ထားသောကြောင့် တရုတ်ပြည်တွင်း သွားရောက်အလုပ်လုပ်ပါက ဖမ်းဆီးခံရပြီး မြန်မာပြည် ပြန်ပို့ခံရနိုင်ကြောင်းလည်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကတည်းက တစ်ခါသုံးကတ် နဲ့ တရုတ်ပြည်သွားကြတယ်။ အဲ့ဖက်ဝင်လို့ ရသွားပြီဆိုရင်တော့ အလုပ်လုပ်ဖို့ ခေါ်မယ့်သူရှိရင် သွားလုပ်ကြတယ်။ စစ်ဆေးမေးမြန်းခံလာရရင်တော့ ဖမ်းခံရတာပေါ့။ ပြီးရင်တော့ မြန်မာပြည်ကို ပြန်ပို့တယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို စစ်တပ်က အာဏာသိမ်းချိန် ၂၀၂၁ ဧပြီလပိုင်းမှစ၍ ပိတ်ထားခဲ့ရာ ၃ နှစ်ကျော်ကာလအတွင်း ယခုလို နှစ်နိုင်ငံဝင်ထွက်ခွင့် ကတ်ကို ပြုလုပ်ပေးပြီး တရုတ်ပြည်ဝင်ခွင့်ပေးနေ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...