Tuesday, January 27, 2026

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့ဂိတ်တွင် တစ်ခါသုံးကတ် ပြုလုပ်သူများပြားနေ

မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ဂိတ်များတွင် ယနေ့ စက်တင်ဘာလ ၅ ရက်၌ နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP ပြုလုပ်သူ များပြားနေကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (စက်တင်ဘာလ ၅ ) ရက် နံနက်အစောပိုင်း အချိန်မှစပြီး မူဆယ်မြို့နယ် ဆင်ဖြူဂိတ် နှင့် နန်းတော်ဂိတ်တွင် နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP (အပြာရောင်စာအုပ်) ကိုသွားရောက်လုပ်ကိုင်သူ များပြားနေကြောင်း သွားရောက်လုပ်ကိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ကတ်သွားလုပ်တဲ့သူတွေက ရာနဲ့ ချီရှိတယ်။ လူတွေကတော့ ကြိတ်ကြိတ်တိုးနေတာပဲ။ တန်းစီပြီးနေရတာ အခုမရသေးတဲ့လူတွေလည်း စောင့်နေရတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ လုပ်ဆောင်ပေးနေသည့် နှစ်နိုင်ငံဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP သည် ရွှေလီမြို့ထိသာ သွားရောက်လည်ပတ်နိုင်ပြီး အလုပ်လုပ်ကိုင်ခွင့် မပေးထားကြောင်းလည်း သိရသည်။

အဆိုပါ တစ်ခါသုံးကတ် TBP (အပြာရောင်စာအုပ်) ကို လည်ပတ်ရန်သာ သတ်မှတ်ထားသောကြောင့် တရုတ်ပြည်တွင်း သွားရောက်အလုပ်လုပ်ပါက ဖမ်းဆီးခံရပြီး မြန်မာပြည် ပြန်ပို့ခံရနိုင်ကြောင်းလည်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကတည်းက တစ်ခါသုံးကတ် နဲ့ တရုတ်ပြည်သွားကြတယ်။ အဲ့ဖက်ဝင်လို့ ရသွားပြီဆိုရင်တော့ အလုပ်လုပ်ဖို့ ခေါ်မယ့်သူရှိရင် သွားလုပ်ကြတယ်။ စစ်ဆေးမေးမြန်းခံလာရရင်တော့ ဖမ်းခံရတာပေါ့။ ပြီးရင်တော့ မြန်မာပြည်ကို ပြန်ပို့တယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို စစ်တပ်က အာဏာသိမ်းချိန် ၂၀၂၁ ဧပြီလပိုင်းမှစ၍ ပိတ်ထားခဲ့ရာ ၃ နှစ်ကျော်ကာလအတွင်း ယခုလို နှစ်နိုင်ငံဝင်ထွက်ခွင့် ကတ်ကို ပြုလုပ်ပေးပြီး တရုတ်ပြည်ဝင်ခွင့်ပေးနေ ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...