Tuesday, January 27, 2026

မူဆယ် ကုန်သွယ်ရေးဇုန်အတွင်းတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကုန်သွယ်ရေးဇုန်အတွင်းတွင် ယနေ့ (အောက်တိုဘာ ၇ )ရက် မနက်ပိုင်း အချိန်အတွင်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင့် သတင်းသိရသည်။

ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် မူဆယ်မြို့အဝင် နယ်စပ်ကုန်သွယ်ရေးမှ ဝန်ထမ်းရိပ်သာအနီးတွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၊ မနက် ၁၀ နာရီဝန်းကျင်တွင်လည်း ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ လားရှိုးအဝင်စစ်ဆေးရေးဂိတ် ဒေသအခေါ် လားရှိုးမောင်းတံ အနီးတွင်လည်း ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီနေ့ အစောပိုင်း ၇ နာရီဝန်းကျင်မှာ ကုန်သွယ်ရေး ဝန်ထမ်းရိပ်သာနားမှာ ဗုံးတစ်ခါကွဲတယ်၊ နောက်တော့ ၁၀၅ မိုင်အနီးက မူဆယ်ကနေ လားရှိုးအဝင် မောင်းတံနားမှားဗုံးနှစ်လုံးထပ်ပေါက်တယ်၊ ဒီနေ့ တစ်နေ့တည်းကို ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်သွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ဗုံးများပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုများ မရှိသော်လည်း ပစ္စည်းများ ထိခိုက်မှု ရှိမရှိကိုတော့ မသိရသေးကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“ဘယ်သူ့ကြောင့် ဗုံးပေါက်ကွဲတယ်ဆိုတာတော့ မသိရသေးဘူး၊ လူထိခိုက်မှုတော့ မရှိဘူး၊ ကြည့်ရတာ ဆင်ထားပြီးမှ ချိန်ကိုက်ထားတဲ့ ဗုံး ပေါက်ကွဲတာ ဖြစ်နိုင်တယ်” ဟု၎င်းက ဆိုသည်။

မူဆယ်မြို့နယ်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် TNLA ၊ KIA နှင့် MNDAA တို့ အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေ အဓိကစစ်ရေးလှုပ်ရှားနေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာလည်း မူဆယ်မြို့ နှင့် ကျင်စန်းကျော့နယ်စပ် ဂိတ်နယ်မြေစခန်းအနီးတွင် ရဲအရာရှိ တစ်ဦး ပစ်ခတ်ခံရကာ သေဆုံးရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...
Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

မူဆယ်တွင် မဲမပေးလျှင် ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ် မလုပ်ပေးဟု ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမထည့်ပါက စာအုပ် (အနီ) မလုပ်ပေးဟု ခြိမ်း‌ခြောက်ခံနေရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှ စ၍ မူဆယ်မြို့‌ပေါ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ဝင်များက...

မူဆယ်တွင် မြို့ပေါ်ရပ်ကွက်သာ စစ်အုပ်စုရွေးကောက်ပွဲ ကျင်းပနိုင်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များသာ ကွက်၍ စစ်အုပ်စု ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး မြို့ပြင်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ချေ မရှိကြောင်း ဒေသခံများက ပြောသည်။ လက်ရှိတွင် မူဆယ်မြို့ပေါ် ရပ်ကွက်များကိုသာ စစ်အုပ်စုက ထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ပတ်လည်တွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြသည့် အာရက္ခတပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...

မူဆယ် – ၁၀၅ မိုင်ကြား ကားဘရိတ်ပေါက်ပြီး လူတိုက်မိ၊ ၂ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - ၁၀၅ မိုင်လမ်းပိုင်းတွင် ၆ ဘီးကား တစ်စီး ဘရိတ်ပေါက်ပြီး လမ်းသွားနေသည့် လူများကို တိုက်မိရာ နှစ်ဦးသေဆုံးကာ ရှစ် ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီဝန်းကျင်...