မြန်မာ – တရုတ်နယ်စပ်ဂိတ် မူဆယ်လမ်းတလျောက် ကားပိတ်ဆို့မှုဖြစ်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ မြန်မာ – တရုတ် နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးနောက် ရန်ကုန်၊ မန္တလေး ဘက်မှ ကုန်တင်ကားများ မူဆယ်မြို့ရှိ နယ်စပ် ဂိတ်ပေါက် ဆီသို့ အများအပြား ရောက်ရှိလာကြောင်း သတင်း သိရသည်။

ပင်လောင်းမြို့ နှင့် နေပြည်တော် လမ်းမကြီးကြား တိုက်ပွဲဖြစ်

လက်ရှိတွင် ရန်ကုန်၊ မန္တလေး နှင့် အောက်မြန်မာဘက်မှ တက်လာသည့် သခွားမွှေး၊ ပြောင်းဖူး၊ ဆန်၊ စပါး နှင့် ရော်ဘာ ကုန်တင်ကားများသည် လက်ရှိတွင် မူဆယ် – တရုတ်နယ်စပ်ဂိတ်ပေါက်မှာ စုပြုံရောက်ရှိ နေကြကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု အချိန်မှာ တချို့ကုန်ကားတွေက နယ်စပ်ဂိတ်ကနေ အဝင်အထွက် လုပ်နိုင်ပေမယ့် ယာဉ်မောင်း တစ်ဦးတည်း နဲ့ပဲ ဝင်သွားလို့ရတယ်၊ ကျင်ဆန်းကျော့ဂိတ် နဲ့ မန့်ဝိန်းဂိတ်ကနေပဲ ဝင်ခွင့်ပြုနေတယ်၊ ပြီးတော့ ၁၂ ဘီး/ ၂၂ ဘီးကား တွေကျတော့ ဝင်လို့ မရသေးဘူး၊ လက်ရှိမှာတော့ အောက်မြန်မာပြည်ကနေ တက်လာတဲ့ ကုန်ကားတွေလည်း အရမ်းများနေတယ်၊ ဂိတ်ဖြတ်ဖို့ စောင့်နေကြတာပေါ့” ဟု မူဆယ်မြို့နေ အမျိုးသား တစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိတွင် မူဆယ်မြို့ ကျင်ဆန်းကျော့ဂိတ်နှင့် မန့်ဝိန်းဂိတ်တို့မှ ၆ ဘီး ကုန်တင်ကားများသာ ဝင်ထွက် သွားလာနိုင်သည့်အတွက် ကုန်တင်ကားကြီးများက ရပ်စောင့်နေရခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

တရုတ်ဘက်မှ မြန်မာဘက်သို့ တင်သွင်းသော ကုန်စည်များမှာ ဆိုင်ကယ်၊ စက်ပစ္စည်းများ၊ လျှပ်စစ် နှင့် ပတ်သက်သော ပစ္စည်းများ၊ ဘီယာ နှင့် စားသောက်ကုန် ပစ္စည်းများဖြစ်ကြောင်းလည်း သိရသည်။

တရုတ်ဘက်မှ နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်ခဲ့ပြီးသည့်နောက် တရုတ်ဘက်မှ မြန်မာရွှေ့ပြောင်း လုပ်သား အများအပြားလည်း နေရပ်ပြန်ပို့ခြင်း ခံရသည့်အပြင် အောက်မြန်မာပြည်ဘက်မှ အလုပ်သမားသစ်များလည်း အလုပ်အကိုင် ရှာဖွေရေးအတွက် မူဆယ်နှင့် နယ်စပ်ဒေသသို့ အများအပြား ရောက်လာကြောင်းလည်း အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

“ရွှေနန်းတော် ဂိတ်ပေါက်ကနေ တရုတ်ပြည်ထဲ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀၀ လောက်က နေရပ်ပြန်ပို့ခံရတယ်၊ တရုတ်ဘက် အလုပ်လုပ်ဖို့ မူဆယ်မှာ လာစောင့်နေတဲ့ မြန်မာဘက်က လုပ်သားအသစ် တွေကိုတော့ တစ်ယောက်မှ ဝင်ခွင့် မပြုသေးဘူး၊ အခုလို လာစောင့်နေတဲ့ သူတွေလည်းအရမ်းများနေတော့ ပြဿနာတွေ တိုးလာမှာလည်းစိုးရိမ်ရတယ်၊ ခိုးဆိုးလုယက်မှုတွေလည်း ဖြစ်လာနိုင်တယ်လေ” ဟု ၎င်းက ပြောသည်။

မန့်ဝိန်း – ကျယ်ဂေါင် နယ်စပ်ဂိတ်ပေါက်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း ၄၈ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ် ဆေးစစ်ချက်ပါသည့် ကုန်တင်ကား ၆ ဘီးကား တစ်မျိုးတည်းသာ ဝင်ထွက်ခွင့် ပြုနိုင်ပြီး လူအဝင်အထွက်ခွင့် မပြုသေးကြောင်း လည်း သိရသည်။

ကိုဗစ် – ၁၉ ကူးစက်ပျံ့နှံ့မှု မဖြစ်ခင် နယ်စပ်ကုန်သွယ်ရေးဂိတ် မဖြစ်ခင်တွင် မူဆယ် – တရုတ် နယ်စပ်ဂိတ်ပေါက်များမှ ကုန်တင်ကားများ၏ အတက်အဆင်းပြုလုပ်မှု တစ်နေ့တာအတွက် ကားအစီးရေ ၃,၀၀၀ ထက် မနည်း ရှိခဲ့ဖူးသော်လည်း ကိုဗစ် နောက်ဆက်တွဲကာလအတွင်း ၁/၄/၂၀၂၀ မှ ၈/၁/၂၀၂၃ ခုနှစ်အထိ တစ်နေ့အတွက် ကားအစီး ၁၀၀ ဝန်းကျင်သာ ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...