အရပ်သားပြည်သူများအား ပစ်မှတ်ထားလာသော စစ်အုပ်စု၏ လေကြောင်းရန်

နိဒါန်း

မိမိတို့ BNI-Myanmar Peace Monitor အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ်၊ လက်ယက်ကုန်းရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်၊ ဖားကန့်မြို့နယ် အနန့်ပါ(ANang Pa) ဒေသ ဂီတဖျော်ဖြေပွဲ ဗုံးကြဲတိုက် ခိုက်မှုဖြစ်စဉ်များကို အခြေပြုကာ ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများအပေါ် အာဏာသိမ်း စစ်အုပ်စု၏ အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်စွမ်းအပေါ် Weekly News Reviews (အမှတ်စဉ် – ၇၇) တွင် သုံးသပ် တင်ပြခဲ့ပြီးဖြစ်သည်။ ထို့နောက် အရှိန်မြှင့်ထိုးစစ်ဆင် တိုက်ခိုက်လာနေသော အာဏာသိမ်းစစ်အုပ်စု၏ လေ ကြောင်းတိုက်ခိုက်မှုများကို အချက်အလက်အခြေပြုကာ ယခုနှစ်ဆန်းပိုင်းတွင် လေ့လာတင်ပြခဲ့ပြီး ဖြစ်ပါ သည်။

သျှမ်း-ကယားတကြော စစ်ကြောင်းထိုစစ်းဆင်မှု

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် အရှိန်မြှင့်ထိုးစစ်ဆင်လာ နေသော လေကြောင်းတိုက်ခိုက်မှုများ၏ ပစ်မှတ်ထားရာ ဒေသများနှင့် သက်ရောက်မှုအခြေအနေများကို ကိန်း ဂဏာန်း အချက်အလက် အခြေပြုကာ လေ့လာတင်ပြသွားပါမည်။

စစ်အုပ်စု၏ လေကြောင်းရန်သင့် ပစ်မှတ်ဒေသများ

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုစတင်သော ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အတွင်း အာဏသိမ်းစစ်ကောင်စီအနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရက်ပေါင်း ၂၄၆ ရက်အထိ ရှိခဲ့ပါသည်။ အကြိမ်ရေအားဖြင့်မူ ထောင်နှင့်ချီ၍ ရှိနိုင်သည် ဟု ဆိုရပါမည်။


အရှိန်မြှင်ထိုးစစ်ဆင်လျက်ရှိသော လေကြောင်းတိုက်ခိုက်မှုများ၏ ပစ်မှတ်ထားရာဒေသများကို လေ့လာကြည့် ပါက ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းတို့မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ် (၁၂)ခုစလုံးသည် စစ်အာဏာသိမ်းကာလအတွင်း စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရပါသည်။ ထိုအနက် ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းသည် လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရသည့် ဒေသများ ဖြစ် နေသည်ကို တွေ့ရပါသည်။

လေကြောင်းစစ်ဆင်းမှုကြောင့်နေအိမ်မီးလောင်

ကချင်ပြည်နယ်သည် တတိယမြောက် လေကြောင်းတိုက်ခိုက်မှုအခံရဆုံးဒေသ ဖြစ်ခဲ့သည်။ ထို့နောက်တွင်မှ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့သည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုပစ်မှတ်ထားရာ ဒေသ များဖြစ်ခဲ့သည်ကို တွေ့ရသည်။

မြို့နယ်အလိုက် လေ့လာကြည့်ပါမူ ကရင်ပြည်နယ် မြဝတီနှင့် ဖာပွန်မြို့နယ်တို့သည် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုအများဆုံးခံရသည့် မြို့နယ်များဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုရက်ပေါင်း ၅၁ ရက်အထိ အများ ဆုံးကြုံတွေ့ခဲ့ရသည်ကို တွေ့ရပါသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်၊ ရခိုင်ပြည်နယ် မောင်းတော၊ စစ်ကိုင်းတိုင်း ကသာ၊ ယင်းမာပင်နှင့် ဒီပဲယင်း၊ ကချင်ပြည်နယ် ဖားကန့်၊ ဝိုင်းမော်နှင့် မိုးမောက်၊ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ၊ ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တို့သည် လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုရက်ပေါင်း ၅ ရက်မှ ၁၁ ရက်အကြား ကြုံတွေ့ခဲ့ရပါသည်။

စစ်အာဏာသိမ်းကာလအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိ မှတ်တမ်းအရ စစ်ကောင်စီတပ်၏ လေ ကြောင်းမှတဆင့် ပစ်မှတ်ထားဗုံးကြုံတိုက်ခိုက်မှုခံရသည့် မြို့နယ်‌ပေါင်း ၆၉ မြို့နယ်အထိ ရှိခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုအနည်းဆုံး တစ်ရက် ကြုံတွေ့ခဲ့ရသည့် မြို့နယ်ပေါင်း ၂၃ မြို့နယ် ရှိပါသည်။ လေကြောင်းတိုက် ခိုက်မှု နှစ်ရက် ကြုံတွေ့ခဲ့ရသည့် မြို့နယ်ပေါင်း ၁၉ မြို့နယ် ရှိသည်။ လေကြောင်းတိုက်ခိုက်မှု ၃ ရက်မှ ၁၀ ရက် အထိ ကြုံတွေ့ခဲ့ရသည့် မြို့နယ်ပေါင်း ၂၄ မြို့နယ်ရှိပြီး လေကြောင်းတိုက်ခိုက်မှု ၁၀ရက်အထက် ကြုံတွေ့ခဲ့ရ သည့် မြို့နယ် ၃ မြို့နယ်ရှိခဲ့သည်ကို တွေ့ရပါသည်။

လေကြောင်းတိုက်ခိုက်မှုများ၏ သက်ရောက်မှုများ

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိ မှတ်တမ်းအရ အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက် ခိုက်မှုများကြောင့် အသက်သေဆုံးခဲ့ရသည့် အရပ်သားပြည်သူပေါင်း ၂၃၀ နီးပါးအထိ ရှိကာ သက်ရောက်မှုကြီး မားခဲ့သည်ကို တွေ့ရသည်။ ထို့နောက်တွင်မှ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်(PDF-LDF) အဖွဲ့ဝင် ၆၈ ဦးကျဆုံးကာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO) တပ်ဖွဲ့ဝင် ၃၀ နီးပါးကျဆုံးခဲ့ရပါသည်။

စစ်ကောင်စီ မှ ကရင်နီပြည်ကို တိုက်လေယာဥ်ဖြင့် ပျံဝဲနေစဥ်

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို လေ့လာကြည့်ပါက အရပ်သားပြည်သူ ၂၅၃ ဦးအထိ အများဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရပြီး ERO တပ်ဖွဲ့ဝင် ၅၀ဦးနှင့် PDF-LDF တပ်ဖွဲ့ဝင် ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူပေါင်း ၄၅၅၀၀ အထိ ရှိခဲ့သည်ကို တွေ့ရပါသည်။

ဆိုရသော် အရှိန်အဟုန်မြှင့်ထိုးစစ်ဆင်လာနေသော အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲ တိုက်ခိုက်မှုများ၏ ပစ်မှတ်ထားရာဒေသများအဖြစ် ခုခံတော်လှန်စစ်ပြင်းထန်ရာ စစ်ကိုင်းတိုင်း၊ ကချင်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့ ဖြစ်နေသည်ဟု ဆိုနိုင်ပါသည်။

လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် အသက်သေဆုံးခဲ့ရသော အရပ်သားပြည်သူစုစုပေါင်း ၅၀၀ နီးပါးရှိနေသည့်အတွက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချယ်ရှိစွာ ပစ်မှတ် ထားတိုက်ခိုက်နေသလားဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်၊ ဖားကန့်မြို့နယ် အနန့်ပါ(ANang Pa) ဒေသ ဂီတဖျော်ဖြေပွဲ ဗုံးကြဲတိုက် ခိုက်မှုဖြစ်စဉ်နှင့် ဒီးမောဆိုမြို့ နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများအား ၄ရက်ကြာ လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်များ သည် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည်ကို သက်သေပြနေပါသည်။

ယခုနှစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစကာ အာဏာသိမ်းစစ်အုပ်စုသည် နွေဦးတော်လှန်‌ရေးနှင့်အတူ ပူးပေါင်းပါ ဝင်နေကြသော ERO များအား ပစ်မှတ်ထားတိုက်ခိုက်သည်ကိုလည်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ် အား ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်က ထင်ရှားစေပါသည်။
သုံးသပ်တင်ပြချက်

နှစ်နှစ်ကျော်ကြာမြင့်လာသည့် စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ် သည် ပိုမိုအပြန့်ကျယ်စွာ ပြင်းထန်လာပြီဖြစ်သည်။ ၂၀၂၃ ခုနှစ်အား နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ် အဖြစ် ရည်မှန်းချက်ထားကာ ခုခံတော်လှန်စစ်ဆင်နွှဲနေကြသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအ ဝင် မြို့ပြဒေသအလိုက် PDF – LDF များ၊ ERO များ စသည့် အင်အားစုများအချင်းချင်း ချိတ်ဆက်လက်တွဲကာ စစ်အုပ်စုအား ခုခံတော်လှန်တိုက်ပွဲဖော်ဆောင်များကို စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား)ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တွေ့မြင်နေရပြီဖြစ်သည်။

မြေပြင်အင်အားလျော့နည်းကာ နယ်မြေထိန်းချုပ်နိုင်စွမ်းကျဆင်းလာသော အာဏာသိမ်းစစ်အုပ်စုသည် လေ ကြောင်းမှတဆင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုသာ အဓိကလုပ်ဆောင်နေရသည်ကို တွေ့ရသည်။

ထို့ကြောင့် အဓမ္မရယူရန် ကြိုးပမ်းနေသော စစ်အာဏာသိမ်းမှုသက်ဆိုးရှည်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ စစ်အုပ်စုနှင့် အစေအပါးများသည် လေကြောင်းတိုက်ခိုက်မှုများကိုသာ အားကိုးနေရပြီဖြစ်သည်။ ၎င်းစစ် အုပ်စု၏ လေကြောင်းရန်သည်ပင် အရပ်သားပြည်သူများ၏ အသက်ဇီဝိန်နှင့် ရပ်တည်ရှင်သန်ရေးကို အကြီး မားဆုံး ခြိမ်းခြောက်နေကြောင်း ဆိုခဲ့ပါကိန်းဂဏန်းများက သက်သေပြနေပါသည်။

စစ်အုပ်စု၏ လေကြောင်းရန်သည် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟူသော နွေဦးတော်လှန်ရေး၏ မျှော်ရည်ရာကို အဟန့်အတား ဖြစ်စေနိုင်ပါသည်။ စစ်အုပ်စု၏ လေကြောင်းရန်ကို ထိန်းချုပ်နိုင်ရေးသည် နွေဦးတော်လှန်ရေးအင်အားစုများ၊ အစုအဖွဲ့များအကြား အဖြေရှာရပေလိမ့်မည်။

နိုင်ငံတကာအစိုးရများနေဖြင့်လည်း စစ်အုပ်စု၏ လေကြောင်း ရန်ကို ဟန့်တားကာကွယ်နိုင်ရေး နည်းလမ်းရှာချဉ်းကပ်ကာ မြန်မာပြည်သူလူထု၏ အသက်၊ အိုးအိမ်စည်းစိမ် များအား ကာကွယ်နိုင်ရေးအတွက် အရေးတယူကြိုးပမ်းသင့်ပြီ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၉၄ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...