တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသား ပြည်ဝင်ခွင့်မရ

တရုတ်နိုင်ငံတွင်းရှိ မြန်မာနိုင်ငံသား ပြည်တွင်းပြန်ဝင်လာရန်စောင့်ဆိုင်းနေသည်ကို မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးမှ လက်မှတ်ထိုးလက်ခံပေးခြင်းမရှိသည့်အတွက်ကြောင့် ပြန်ဝင်လာခွင့်မရကြောင်း စုံစမ်းသိရှိရသည်။

တရုတ်ပြည် မှ​မြန်မာပြည်ဘက်ဝင်ရန်စောင့်ဆိုင်းနေသူ

တရုတ်နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြည်တွင်းသို့ ပြန်ဝင်လာရန် ရွှေလီမြို့တွင် စောင့်ဆိုင်းနေကြပြီး မြန်မာနိုင်ငံဘက်က ပြန်လက်ခံရန် ကြန့်ကြာနေသည့်အတွက်ကြောင့် ပြည်ဝင်ခွင့်မရသေးကြောင်း သိရသည်။

“ မြန်မာပြည်ကို ပြန်ဝင်လာဖို့စောင့်နေကြတာ။ ဒီမြန်မာဘက်က လက်မခံပေးလို့ ပြန်လာလို့မရသေးတာ။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးက လက်မှတ်မထိုးသေးလို့ ကြန့်ကြာနေတာ။ တကယ်လို့ သူလက်မှတ်ထိုး ပေးလိုက်ရင် အကုန်ပြန်ဝင်လာလို့ရပြီ” ဟု မူဆယ်မြို့ရောက် ရွေ့ပြောင်းအလုပ်သမား ကို လာကြိုသည့်သူ အမျိုးသားက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်လာရန် စောင့်ဆိုင်းနေသူ (၂၂၅) ဦး နာမည်စာရင်းပေးထားပြီး တတိယအသုတ် အနေဖြင့် ပြန်လာမည်သူများဖြစ်သည်။

ပုံမှန်အားဖြင့် တရုတ်နိုင်ငံတွင်းရောက် ရွေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်လာရန်အတွက် နာမည်စာရင်းပေးပြီး ၁ ပတ်အထိသာ စောင့်ဆိုင်းရသည်။

သို့သော်လက်ရှိ တတိယအသုတ်အနေဖြင့် ပြန်လာမည့်သူများသည် ၁ လ ကျော်ကြာစောင့်ဆိုင်းနေရကြောင်း၊ ပြန်လာမည့်သူကို တရုတ်နိုင်ငံဘက်က စစ်ဆေးပြီပြီး ဖြစ်သော်လည်း မြန်မာဘက်ကသာ လက်မခံသောကြောင့် ပြန်ဝင်မလာနိုင်သေးကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

“ အခုပြန်လာမဲ့သူတွေက ၁ လကျော်လောက်စောင့်နေရတယ်။ ပုံမှန်ဆိုရင်တော့ ၁ ပတ် ၁၀ ရက်လောက်ဆို ပြီပြီး။ အခုကမပြီးသေးဘူး။ ကျနော်တို့ကြားရတာတော့ တရုတ်ဘက်ကတော့ စစ်ဆေးတာပြီးပြီ။ မြန်မာဘက်ကပဲ လက်မခံလို့ သူတို့တွေ ပြန်မလာနိုင်သေးကြတာ။ ခရိုင်အုပ်ချုပ်ရေးမှူးက ဘာလုပ်နေလဲတော့မသိဘူး။ ဂေါက်ကွင်းတော့ သူကသွားနိုင်တယ်။ လက်မှတ်တော့ သူမထိုးပေးဘူး” ၎င်းက ပြောသည်။

တရုတ်နိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်လာရန်အတွက် ရွှေလီမြို့တွင် လချီစောင့်ဆိုင်းနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ဖမ်းဆီးခဲ့သည့်ရဲအရာရှိကို မွေးနေ့သီချင်း ဝိုင်းဆိုပေးခဲ့သည့် မြန်မာလုပ်သားများ

0
ထိုင်းနိုင်ငံ အန်ထောင် (Ang Thong ) ခရိုင်ရှိ အာရှအဝေးပြေး လမ်းမကြီးပေါ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားနှစ်စီးကို တားဆီးစစ်ဆေးရာတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၂၂ ဦးနှင့် မှောင်ခိုကူးသူဟု သံသယရှိသူ ၃ ဦးတို့ကို...

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...