စစ်အာဏာသိမ်းပြီးနောက် ပိတ်သိမ်းရသည့် တိုင်းရင်းသားမီဒီယာ ၁၀ ခု နီးပါးရှိနေ

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ပိတ်သိမ်းလိုက်ရသည့် တိုင်းရင်းသား မီဒီယာများ ၁၀ ခု နီးပါး ရှိနေကြောင်း နိုင်ငံတကာ မြန်မာသတင်းများ အဖွဲ့ (BNI) မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က သုတေသန စာတမ်း မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သုတေသနစာတမ်း

ယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အွန်လိုင်းစာမျက်နှာမှ တဆင့် မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ (BNI) မှ “စစ်အာဏာသိမ်း ကာလအတွင်း တိုင်းရင်းသား မီဒီယာများကို လေ့လာခြင်း “ စာတမ်းမိတ်ဆက်ပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါ မိတ်ဆက်ပွဲတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်မ မီဒီယာများနှင့် တိုင်းရင်းသားဒေသ အခြေစိုက် သတင်းမီဒီယာ အဖွဲ့အစည်းများကို စစ်ကောင်စီမှ လိုင်စင်ရုတ်သိမ်းခံရခြင်း၊ သတင်းထောက်များကို ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခြင်း စသည့် ဖိနှိပ်ချုပ်ခြယ်မှုများကြောင့် လက်ရှိတွင် ပိတ်သိမ်းလိုက်ရသည့် တိုင်းရင်းသား မီဒီယာ ၁၀ ခု နီးပါး ရှိနေကြောင်း BNI ဥက္ကဌ တစ်ဦးဖြစ်သည့် စိုင်းမိဏ်း က ပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်မှာ သူတို့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ သတင်းတွေကို မရေးဖို့ တိုင်းရင်းသား မီဒီယာတွေကို ဖိနှိပ်တယ်၊ တားဆီးတယ်ပေါ့၊ တားဆီးလို့ မရတဲ့ သတင်းဌာနတွေကိုကျတော့ အမှုဖွင့် အရေး ယူတယ်၊ တချို့မီဒီယာတိုက်ဆိုရင် သူတို့ လူတွေ အန္တရာယ်ကင်းဖို့ အလုပ်ကနေ ထုတ်ပယ်ကြောင်း တရားဝင် စာထုတ်ခဲ့ရတာ ရှိတယ်၊ အဲ့လို ဖိနှိပ်မှုတွေ အကြောင်းအမျိုးမျိုးတွေကြောင့် သတင်းတောင် မထုတ်ဖြစ်တော့တာ ရှိတယ်၊ စစ်အာဏာသိမ်း နောက်ပိုင်း ပိတ်သိမ်းလိုက်ရတဲ့ မီဒီယာ ၁၀ ခု နီးနီးရှိနေတယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်ကောင်စီမှ မီဒီယာလုပ်ကိုင်ခွင့် ပိတ်သိမ်းလိုက်သည့် တိုင်းရင်းသား မီဒီယာများအနက် မြစ်ကြီးနားဂျာနယ်၊ The 71 Media နှင့် တာချီလိတ်သတင်းအေဂျင်စီတို့သည် အစောဆုံးဖြစ်ကြပြီး တခြား လုပ်ငန်းလိုင်စင် ရုတ်သိမ်း ခံရသည့် တိုင်းရင်းသား မီဒီယာများစွာလည်း ရှိနေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လုပ်ငန်းလိုင်စင်များ ပိတ်သိမ်းလိုက်သည့်အပြင် သတင်းရေးသားမှု ဆိုင်ရာ ဖိနှိပ်ချုပ်ခြယ်မှုများ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် လိုက်လံဖမ်းဆီး အရေးယူမှုများကြောင့် တိုင်းရင်းသား မီဒီယာများမှ ဝန်ထမ်းများသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ရရှိလာကြောင်း မြန်မာ့ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BNI) မှ Peace Coordinator တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စစ်အာဏာသိမ်းမှု ဖြစ်တဲ့အချိန်က ကိုဗစ် တွေလည်း ပျံ့နေတဲ့အချိန်ဖြစ်တော့ နေ့စဥ်၊ လစဥ် စီမံခန့်ခွဲမှုအပိုင်းမှာ သတင်းဌာန ဝန်ထမ်းတွေအနေနဲ့ စိန်ခေါ်မှုတွေ ရှိလာတယ်၊ အဲ့လို စိန်ခေါ်မှုတွေ ရှိလာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရလာတယ်၊ တချို့က အလုပ်ကနေ ထွက်လိုက်ပေမဲ့ သတင်းထောက်ဟောင်းဆိုတဲ့ကြောက်စိတ်နဲ့ စိတ်ဒဏ်ရာရနေကြသူရှိတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

ခေတ်အဆက်ဆက် စစ်အာဏာသိမ်း ကာလအတွင်း တိုင်းရင်းသား မီဒီယာများအနေဖြင့် ဖိနှပ်ချုပ် ခြယ်ခံရမှုနှင့် ဖမ်းဆီးချုပ်နှောင် ခံခဲ့ရသည့်အပြင် အထောက်အပံ့ရရှိမှုလည်း Mainstream မီဒီယာများထက် လျှော့နည်းသည့် အတွက် ရပ်တည်ရန် ခက်ခဲလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

“တိုင်းရင်းသား မီဒီယာနဲ့ Mainstream မီဒီယာတွေရဲ့ အထောက်အပံ့ရရှိမှုက နိုင်ငံတကာကပဲ ဖြစ်ဖြစ် ဘယ်လို အဖွဲ့ ကပဲ ဖြစ်ဖြစ် ကွာခြားတယ်၊ ဒါတွေက အာဏာသိမ်းမှု နောက်ဆက်တွဲလည်း ဖြစ်သလို ရေရှည်မှာ ဒါတွေ ကြောင့် ဘယ်လို ဆက်ရပ်တည်နိုင်မလဲ၊ အခုဆို ပြိုလဲရတဲ့ တိုင်းရင်းသားမီဒီယာတွေ ရှိနေတယ်၊ ရှိနေတဲ့ အဖွဲ့ ကလည်း တဖြည်းဖြည်းနဲ့ အင်အားလျှော့လာတယ်၊ ပြည်မ မီဒီယာတွေကို အားပေးထောက်ပံ့ပေးနေကြသလို တိုင်းရင်းသား သတင်းဌာနတွေကိုလည်းပေးဖို့လိုတယ်” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှုကြောင့် သတင်းထုတ်ဝေမှု ရပ်တန့်ခဲ့ရသည့် တိုင်းရင်းသား သတင်းဌာနများ အဖြစ် ချင်းပြည်မှ သတင်းဌာန ၁၆ ခု ရှိသည့်အနက် လက်ရှိတွင် သတင်းဌာန ၆ ခု ပိတ်သိမ်းခဲ့ရပြီး၊ သျှမ်းပြည် မှ သတင်းဌာန နှစ်ခုလည်း ပိတ်သိမ်းခဲ့ရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား မီဒီယာများ၏ အခြေအနေကို သိရှိရန် BNI မှ တိုင်းရင်းသား သတင်းဌာနများ ဖြစ်ကြသည့် သံလွင်တိုင်းမ် သတင်းဌာန၊ ခေါနုသု သတင်းဌာန၊ NMG (Network Media Group)၊ နိရဥ္စရာ သတင်းဌာန၊ ကရင်ပြည် အခြေစိုက် ကရင်သတင်းစဥ် (KIC) နှင့် ကန္တရဝတီတိုင်း တို့ကို
ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...