စကစ မှ ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားမှုမရှိ

စစ်ကောင်စီ ဦးဆောင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု မရှိကြောင်း Myanmar Peace Monitor မှ ပြုလုပ်သည့် သုတေသီ စာတမ်းမှာ ဖော်ပြထားသည်။

စကစ နဲ့ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး ဆွေးနွေးစဥ်

စစ်အစိုးရ ခေတ်အဆက်ဆက်သည် ငြိမ်းချမ်းရေး ဆွေးနွေးမှု ခေါ်ယူသည့်အချိန်တိုင်း မြေပြင်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ အစဥ်ဖြစ်ပွားနေကြောင်းလည်း ဒီဇင်ဘာ (၃၀) ရက်နေ့က ပြုလုပ်သည့် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေး အဖွဲ့မှ “စစ်အာဏာရှင် အဓွန့်ရှည်ရေး အတွက် အသုံးချခံ ငြိမ်းချမ်းရေး” သုတေသီ စာတမ်းမှာ ဖော်ပြထားသည်။

“၂၀၁၂ နဲ့ ၂၀၁၅ ခုနှစ် နှစ်ခုရဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ရက်နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု ကိန်းဂဏန်းတွေက အရမ်းကိုကွာတယ်၊ အဲ့ကတည်းက ပြည်တွင်းစစ် အရှိန် မြင့်တက်ခဲ့တယ်၊ အဲ့နောက် ၂၀၁၉ မှာလည်း စစ်အုပ်စုနဲ့ NLD အစိုးရ အားပြိုင်မှုကြောင့် စစ်ပွဲတွေ ထပ်ပြင်းထန်ခဲ့တယ်၊ ပြီးတော့ အခု နွေဦးတော်လှန်ရေးကနေ ဒီအခုချိန်အထိ စစ်တပ်ဘက်က ငြိမ်းချမ်းရေး စနစ်လို့သာ ပြောတာ၊ သူတို့ကို တော်လှန် ခုခံနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ သူ့မှာငြိမ်းချမ်းလိုတဲ့ စိတ်ဆန္ဒတွေ မပြဘူး” ဟု Myanmar Peace Monitor မှ အကြီးတန်း သုတေသီ တစ်ဦး ကပြောသည်။

စစ်ကောင်စီသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ (ERO) များ၏ လှုပ်ရှားမှုများကို အကြမ်းဖက် လှုပ်ရှားမှု အဖြစ် ပုံဖော်နေခြင်းဖြစ်ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေးထက် ပိုလုပ်ဆောင်နိုင်ခြင်း မရှိသည့် တွေ့ဆုံဆွေးနွေးမှု များသည် နိုင်ငံရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟုပင် နာမည်မတပ်နိုင်ကြောင်း Myanmar Peace Monitor မှ အကြီးတန်း သုတေသီ တစ်ဦး ကပြောသည်။

“ကျနော်တို့ BNI – Myanmar Peace Monitor အဖွဲ့ကနေ အခု စာတမ်းအတွက် စစ်တပ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက မြန်မာပြည် ငြိမ်းချမ်းရေးကို အမှန်တကယ် ရရှိနိုင်မလားဆိုပြီး မေးလိုက်တော့ မရှိနိုင်ဆိုပြီး ဖြေဆိုသူ (၈) ဦးရှိခဲ့တယ်၊ ရနိုင်တယ်ဆိုပြီး ဖြေပေးတဲ့သူက တစ်ဦးမှ မရှိဘူး၊ သူတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုက အပစ်အခတ်ရပ်မယ်၊ စီးပွားရေး လုပ်ကိုင်ခွင့် ပေးမယ် ဒီလောက်နဲ့ ပိုမလာနိုင်တော့ နိုင်ငံရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်း ရေးဆွေးနွေးပွဲလို့တောင် နာမည်မတပ်နိုင်ဘူးလို့ ပြောဆိုသုံးသပ်တာလည်းရှိတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောဆိုရှင်းလင်းခဲ့သည်။

၂၀၁၃ ခုနှစ်မှ စတင်ကာ လေ့လာစောင့်ကြည့်ခဲ့သော BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၁ စစ်အာဏာမသိမ်းခင် အချိန်အထိ စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့၏ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ရက်နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု နေ့ရက်ကြား ဆက်စပ်မှု အခြေအနေများသည် ဆွေးနွေးမှု တစ်ရက်ဖြစ်တိုင်း ထိတွေ့တိုက်ပွဲ နှစ်ရက်တိုးလာကြောင်း “စစ်အာဏာရှင် အဓွန့်ရှည်ရေး အတွက် အသုံးချခံ ငြိမ်းချမ်းရေး” စာတမ်းအရ သိရှိရသည်။

ငြိမ်းချမ်းရေးခေါင်းစဥ်ဖြင့် စစ်ကောင်စီမှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ(EAO/ERO) ထံ ချည်းကပ်ပုံ သည် (EAO/ERO) အား တစ်ဖွဲ့ချင်းဖြစ်စေ၊ စုဖွဲ့ထားသည့် တပ်ပေါင်းစု ဖြစ်စေ ညီညွှတ်မှု ပျက်ပြားစေရန် ခွဲခြား ဆက်ဆံခြင်း၊ သပ်လျှိုသွေးခွဲနည်းလမ်းများကို အသုံးပြုပြီး ချည်းကပ်လေ့ရှိသည်ဟု စာတမ်းတွင် ထုတ်ပြန်ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...