ပင်းပက်သံမဏိ အတွက် ရထားလမ်း ဖောက်လုပ်ရန် မြေ ၂၈ ဧက စစ်ကောင်စီ အတင်းအဓမ္မသိမ်း

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုအတွင်းရှိ ပင်းပက်သံမဏိ စက်ရုံအတွက် ရထားလမ်းဖောက်လုပ်ရန် စစ်ကောင်စီက မြေ (၂၈) ဧက ကို အတင်းအဓမ္မ သိမ်းယူပြီး စုံစမ်းသိရှိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ မှ စတင်ပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ပင်းပက်စက်ရုံ စီမံကိန်း ပြန်လည်တည်ဆောက်ရန်အတွက် လုပ်ငန်းအကောင်အထည် ပြန်လည် စတင်ခဲ့သည်။

ထို့ကြောင့် ပင်းပက် သံမဏိ စက်ရုံမှထွက်သည့် ပစ္စည်းများကို သယ်ယူရန် အတွက် (၁၅) မိုင်ရှည်လျားမည့် ရထားလမ်းကို ဖောက်လုပ်သွားမည် ဟု သိရသည်။

“ပင်းပက်စက်ရုံ လုပ်ဆောင်မှုက မြန်လာတယ်။ ပင်းပက် နဲ့ ပတ်သက်ရင်တော့ အခုလောလောဆယ်က ရထားလမ်းဖောက်လုပ်နေတဲ့ ကိစ္စရပ်တွေရှိတယ်။ ရထားလမ်း အရှည်ကတော့ ကျမတို့ တွက်ချက်ရသလောက်တော့ (၁၅) မိုင် ရှည်တဲ့ ရထားလမ်းဖြစ်တယ်” ဟု ပအိုဝ်းလူငယ် အစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ နန်းကြည် က သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ဖြေကြားခဲ့သည်။

ပင်းပက်သံမဏိ စက်ရုံ

ထို ရထားလမ်းကို ပင်းပက်သံမဏိ စက်ရုံမှ ထွက်ရှိသည့် သံများကို မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံသို့ ပို့ဆောင်ရန် အတွက် ရထားလမ်း ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ တာဝန်ယူပြီး ရထားလမ်းဖောက်နေသည့် ကုမ္ပဏီ (၃) ခု ရှိကြောင်း သိရသည်။

“ရထားလမ်းဖောက်တဲ့အနေအထားက အမြန်ကြီးသွားတာတော့မဟုတ်ဘူ။ ပုံမှန်သွားနေတယ်။ မေလကတည်းက စပြီး သွားနေတယ်။ ရထားလမ်း ဖောက်လုပ်နေတဲ့ ကုမ္ပဏီတွေ ကတော့ (၃) ခုရှိတယ်။ ရွှေမင်းသားဆောက်လုပ်ရေးကုမ္ပဏီ နဲ့ ထပ် (၂) ခုတော့ သေချာမသိရဘူး”ဟု နန်းကြည် က ပြောသည်။

စက်ရုံကို သတ်မှတ်ရက်အတွင်း စတင်လည်ပတ်ပြီး သံမဏိထုတ်လုပ်မှုကို အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့်သံရိုင်းနှင့် သံမဏိ တို့ကို သယ်ယူရန်အတွက် လျှပ်စစ်ရထားပြေးဆွဲနိုင်ရန် ရထားလမ်းများ တည်ဆောက်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့ က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့ဖူးသည်။

ပင်းပက်သံမဏိ စက်ရုံသည် စစ်အစိုးရ လက်ထက် ၂၀၀၄ -၂၀၀၅ ခုနှစ်မှ စတင်ပြီး စီမံကိန်း ဖော်ဆောင်ရန်အတွက် တောင်သူထံ မြေဧက ၅ ထောင်ကျော် သိမ်းယူခဲ့ခြင်း၊ ၂၀၁၀ ခုနှစ်မှာ မြေဧက (၁၀၀) ကျော် သိမ်းယူခဲ့ခြင်း နှင့် ၂၀၂၁ ခုနှစ် မေလ နောက်ပိုင်းမှာ ရထားလမ်းဖောက်လုပ်ရန်အတွက် မြေဧက (၂၈) ဧက သိမ်းယူခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး၏ အစီရင်ခံစာ အရသိရသည်။

ပင်းပက်သံမဏိ စက်ရုံကို ၂၀၂၃- ၂၀၂၄ ခုနှစ်မှာ စက်ရုံလည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းနေပြီး၊ ပင်းပက်သံမဏိ စက်ရုံ လည်ပတ်လျှင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ (၃၀) နီးပါး တိုက်ရိုက် ထိခိုက်နိုင်ခြေရှိပြီး လူဦးရေ (၂) သောင်း နီးပါးခန့် နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။

စီမံကိန်းကြောင့် မတရား အတင်းအဓမ္မ သိမ်းဆည်းထားသည့် မြေယာများကို မူလ တောင်သူများထံ ပြန်လည်ပေးအပ်ရန် နှင့် အသုံးပြုပြီးသော မြေများကို တရားမျှတသော လျော်ကြေး နစ်နာကြေးများဆောင်ရွက်ပေးရန်လည်း ပအိုဝ်းလူငယ် အစည်းအရုံးက တိုက်တွန်းပြောဆိုလိုက်သည်။

“ ကျနော်တို့ ဒေသခံ အများစုကတော့ စိုက်ပျိုးစရာ မြေမရှိကြတော့လို့ စားမရ၊ အိပ်မရ ဖြစ်နေကြပါတယ်။ လျော်ကြေး နစ်နာကြေး ဆိုတာ က ခေတ္တ တဖြုတ်အတွက် အဆင်ပြေမှုရှိပေမယ့်လည်း ကျနော်တို့ ရေရှည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆုံးရှုံးနေကြတယ်။ ဒါကြောင့် အားလုံးက အနာဂတ် အတွက် တွေးပြီး စိုးရိမ်နေကြတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။

ထို့အပြင် လက်ရှိ နိုင်ငံရေးကာလတွင် ဒေသခံများအတွက် အကျိုးမပြုသော အကြီးစားရင်းနှီးမြုပ်နှံမှုနှင့် စစ်ကောင်စီ အကျိုးပြု စီမံကိန်းများ အားလုံးကို ပိတ်သိမ်းရန်လည်း ပအိုဝ်းလူငယ်အစည်းအရုံးက တိုက်တွန်း အကြံပြုလိုက်သည်။

စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း အာဏာသိမ်းမှု ကျောထောက်နောက်ခံ ရုရှား နှင့်အတူ နျူးကလီးယား စွမ်းအင် နှင့် နျူးကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး မင်းအောင်လှိုင် ထုတ်ဖော်ပြောကြားခဲ့ပြီး ပင်းပက် သံမဏိ စက်ရုံ စီမံကိန်း နှင့် ဆက်စပ်ပြီး ပြည်တွင်း ပြည်ပ တွေ့ဆုံဆွေးနွေးမှုများလည်းရှိနေသည်။

လက်ရှိ စစ်ကောင်စီ နှင့် ရုရှား ရင်းနှီးမြုပ်နှံမှု ပင်းပက်သံမဏိစီမံကိန်းကို စစ်ကောင်စီမှ အကြီးအကျယ် ကြိုးပမ်းလျှက်ရှိ နေသည့် အခြေအနေတွင် စစ်ကောင်စီမှ တိုင်းပြည်ကို လက်နက်ဖြင့် အာဏာတည်မြဲရေး ကြိုးပမ်းမှုများ ရှိနေသည့် အပြင် တောင်သူများ မြေယာဆုံးရှုံးခြင်း ရေ နှင့် သစ်တော အရင်းအမြစ်ထိခိုက်သော စီမံကိန်းအား စစ်ကောင်စီမှ ရုရှားနှင့်အတူ အကောင်ထည်ဖော်ဆောင်လျက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...