Wednesday, January 28, 2026

ပင်းပက်သံမဏိ အတွက် ရထားလမ်း ဖောက်လုပ်ရန် မြေ ၂၈ ဧက စစ်ကောင်စီ အတင်းအဓမ္မသိမ်း

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် နမ့်ဆီးကျေးရွာအုပ်စုအတွင်းရှိ ပင်းပက်သံမဏိ စက်ရုံအတွက် ရထားလမ်းဖောက်လုပ်ရန် စစ်ကောင်စီက မြေ (၂၈) ဧက ကို အတင်းအဓမ္မ သိမ်းယူပြီး စုံစမ်းသိရှိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလ မှ စတင်ပြီး စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ပင်းပက်စက်ရုံ စီမံကိန်း ပြန်လည်တည်ဆောက်ရန်အတွက် လုပ်ငန်းအကောင်အထည် ပြန်လည် စတင်ခဲ့သည်။

ထို့ကြောင့် ပင်းပက် သံမဏိ စက်ရုံမှထွက်သည့် ပစ္စည်းများကို သယ်ယူရန် အတွက် (၁၅) မိုင်ရှည်လျားမည့် ရထားလမ်းကို ဖောက်လုပ်သွားမည် ဟု သိရသည်။

“ပင်းပက်စက်ရုံ လုပ်ဆောင်မှုက မြန်လာတယ်။ ပင်းပက် နဲ့ ပတ်သက်ရင်တော့ အခုလောလောဆယ်က ရထားလမ်းဖောက်လုပ်နေတဲ့ ကိစ္စရပ်တွေရှိတယ်။ ရထားလမ်း အရှည်ကတော့ ကျမတို့ တွက်ချက်ရသလောက်တော့ (၁၅) မိုင် ရှည်တဲ့ ရထားလမ်းဖြစ်တယ်” ဟု ပအိုဝ်းလူငယ် အစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ နန်းကြည် က သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ဖြေကြားခဲ့သည်။

ပင်းပက်သံမဏိ စက်ရုံ

ထို ရထားလမ်းကို ပင်းပက်သံမဏိ စက်ရုံမှ ထွက်ရှိသည့် သံများကို မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံသို့ ပို့ဆောင်ရန် အတွက် ရထားလမ်း ဖောက်လုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ တာဝန်ယူပြီး ရထားလမ်းဖောက်နေသည့် ကုမ္ပဏီ (၃) ခု ရှိကြောင်း သိရသည်။

“ရထားလမ်းဖောက်တဲ့အနေအထားက အမြန်ကြီးသွားတာတော့မဟုတ်ဘူ။ ပုံမှန်သွားနေတယ်။ မေလကတည်းက စပြီး သွားနေတယ်။ ရထားလမ်း ဖောက်လုပ်နေတဲ့ ကုမ္ပဏီတွေ ကတော့ (၃) ခုရှိတယ်။ ရွှေမင်းသားဆောက်လုပ်ရေးကုမ္ပဏီ နဲ့ ထပ် (၂) ခုတော့ သေချာမသိရဘူး”ဟု နန်းကြည် က ပြောသည်။

စက်ရုံကို သတ်မှတ်ရက်အတွင်း စတင်လည်ပတ်ပြီး သံမဏိထုတ်လုပ်မှုကို အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့်သံရိုင်းနှင့် သံမဏိ တို့ကို သယ်ယူရန်အတွက် လျှပ်စစ်ရထားပြေးဆွဲနိုင်ရန် ရထားလမ်းများ တည်ဆောက်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့ က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုခဲ့ဖူးသည်။

ပင်းပက်သံမဏိ စက်ရုံသည် စစ်အစိုးရ လက်ထက် ၂၀၀၄ -၂၀၀၅ ခုနှစ်မှ စတင်ပြီး စီမံကိန်း ဖော်ဆောင်ရန်အတွက် တောင်သူထံ မြေဧက ၅ ထောင်ကျော် သိမ်းယူခဲ့ခြင်း၊ ၂၀၁၀ ခုနှစ်မှာ မြေဧက (၁၀၀) ကျော် သိမ်းယူခဲ့ခြင်း နှင့် ၂၀၂၁ ခုနှစ် မေလ နောက်ပိုင်းမှာ ရထားလမ်းဖောက်လုပ်ရန်အတွက် မြေဧက (၂၈) ဧက သိမ်းယူခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး၏ အစီရင်ခံစာ အရသိရသည်။

ပင်းပက်သံမဏိ စက်ရုံကို ၂၀၂၃- ၂၀၂၄ ခုနှစ်မှာ စက်ရုံလည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းနေပြီး၊ ပင်းပက်သံမဏိ စက်ရုံ လည်ပတ်လျှင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ (၃၀) နီးပါး တိုက်ရိုက် ထိခိုက်နိုင်ခြေရှိပြီး လူဦးရေ (၂) သောင်း နီးပါးခန့် နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။

စီမံကိန်းကြောင့် မတရား အတင်းအဓမ္မ သိမ်းဆည်းထားသည့် မြေယာများကို မူလ တောင်သူများထံ ပြန်လည်ပေးအပ်ရန် နှင့် အသုံးပြုပြီးသော မြေများကို တရားမျှတသော လျော်ကြေး နစ်နာကြေးများဆောင်ရွက်ပေးရန်လည်း ပအိုဝ်းလူငယ် အစည်းအရုံးက တိုက်တွန်းပြောဆိုလိုက်သည်။

“ ကျနော်တို့ ဒေသခံ အများစုကတော့ စိုက်ပျိုးစရာ မြေမရှိကြတော့လို့ စားမရ၊ အိပ်မရ ဖြစ်နေကြပါတယ်။ လျော်ကြေး နစ်နာကြေး ဆိုတာ က ခေတ္တ တဖြုတ်အတွက် အဆင်ပြေမှုရှိပေမယ့်လည်း ကျနော်တို့ ရေရှည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆုံးရှုံးနေကြတယ်။ ဒါကြောင့် အားလုံးက အနာဂတ် အတွက် တွေးပြီး စိုးရိမ်နေကြတယ်” ဟု တောင်သူတစ်ဦးက ပြောသည်။

ထို့အပြင် လက်ရှိ နိုင်ငံရေးကာလတွင် ဒေသခံများအတွက် အကျိုးမပြုသော အကြီးစားရင်းနှီးမြုပ်နှံမှုနှင့် စစ်ကောင်စီ အကျိုးပြု စီမံကိန်းများ အားလုံးကို ပိတ်သိမ်းရန်လည်း ပအိုဝ်းလူငယ်အစည်းအရုံးက တိုက်တွန်း အကြံပြုလိုက်သည်။

စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း အာဏာသိမ်းမှု ကျောထောက်နောက်ခံ ရုရှား နှင့်အတူ နျူးကလီးယား စွမ်းအင် နှင့် နျူးကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး မင်းအောင်လှိုင် ထုတ်ဖော်ပြောကြားခဲ့ပြီး ပင်းပက် သံမဏိ စက်ရုံ စီမံကိန်း နှင့် ဆက်စပ်ပြီး ပြည်တွင်း ပြည်ပ တွေ့ဆုံဆွေးနွေးမှုများလည်းရှိနေသည်။

လက်ရှိ စစ်ကောင်စီ နှင့် ရုရှား ရင်းနှီးမြုပ်နှံမှု ပင်းပက်သံမဏိစီမံကိန်းကို စစ်ကောင်စီမှ အကြီးအကျယ် ကြိုးပမ်းလျှက်ရှိ နေသည့် အခြေအနေတွင် စစ်ကောင်စီမှ တိုင်းပြည်ကို လက်နက်ဖြင့် အာဏာတည်မြဲရေး ကြိုးပမ်းမှုများ ရှိနေသည့် အပြင် တောင်သူများ မြေယာဆုံးရှုံးခြင်း ရေ နှင့် သစ်တော အရင်းအမြစ်ထိခိုက်သော စီမံကိန်းအား စစ်ကောင်စီမှ ရုရှားနှင့်အတူ အကောင်ထည်ဖော်ဆောင်လျက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်ထံ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာတွေ့

0
သျှမ်းပြည် ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ တည်ထားသည့် ဗုဒ္ဓဥယျာဉ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီး ယမန်နှစ် မေလအတွင်းက သရဖူ...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...