ဖယ်ခုံမြို့ ရပ်ကွက်တစ်ချို့ထဲ စစ်ကောင်စီ မြေမြှုပ်မိုင်းထောင်ထား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ရှိ ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီ က မြေမြှုပ်မိုင်းထောင်ထားကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိမှာ ဖယ်ခုံမြို့ မြန်မာ့စီးပွားရေးဘဏ်‌ရှေ့ လမ်းသွယ်တွင် စစ်ကောင်စီက ထောင်ထားသည့် မြေမြှုပ်မိုင်း တစ်လုံးကို စက်တင်ဘာ နောက်ဆုံးပတ်တွင် တွေ့ရှိခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံ တစ်ဦးက ပြောသည်။

“ဘယ်တုန်းကတည်းက ထောင်ထားတာလဲတော့မသိဘူး။ ထောင်ထားတယ်လို့ပဲ သိရတာ။ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွေမှ ထောင်ထားတာတဲ့။ သူတို့အဲ့နား ဖြတ်သွားဖြတ်လာ မလုပ်စေချင်လို့ထင်တယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

Photo: Credit

အဆိုပါ ဘဏ်သည် စစ်ကောင်စီ၏ ဘဏ်ဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားပြီး ဘဏ်ကို ထိခိုက်မှာ စိုးရိမ်သောကြောင့် မြေမြှုပ်မိုင်းထောင်ထားကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ဟုတ်တယ်ဗျ။ သူတို့မြေမြှုပ်မိုင်းထောင်ထားတာ။ သူတို့ ဘဏ်နားတိုက်ပွဲဖြစ်ပွားမှာဆိုးလို့ ထောင်ထားတာထင်တယ်ဗျ။ အခုတော့ တိုက်ပွဲက မဖြစ်ဘူး။ ငြိမ်နေတယ်။ စစ်ရေးတော့ တင်းမာတာရှိတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း ဆီဆိုင် ၊ ဖယ်ခုံ၊ လွိုင်ကော် ဘက်တွင် အသွားအလာ မပြုလုပ်ကြသေးရန် ပြည်သူများ တစ်ချို့ နှင့် PDF တပ်ဖွဲ့များက ပြောသည်။

“တိုက်ပွဲတော့ မဖြစ်ဘူး။ စစ်ရေးပဲတင်းမာနေတာ။ လမ်းတွေလည်း အသုံးမပြုသေးတာကောင်းတယ်။ ဆီဆိုင် ၊ ဖယ်ခုံ၊ လွိုင်ကော်ဘက်တွေ အသွားအလာ သိပ်မလုပ်တာ ပိုကောင်းပါတယ်” ဟု PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

လက်ရှိ ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့တို့တွင် စစ်ကောင်စီ နှင့် PDF တိုက်ပွဲငြိမ်နေသော်လည်း ကရင်နီပြည် (ကယား) လွိုင်ကော် နှင့် ဒီးမော့ဆိုဘက်တွင် တိုက်ပွဲဆက်ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...