Wednesday, January 28, 2026

စစ်ကောင်စီ ကိုဗစ်-၁၉ ဘယ်လို ထိန်းချုပ်နေလဲ။

စစ်ကောင်စီ တက်လာပြီး (၄) လကျော် ဇွန်လပိုင်းက စတင်ကာ မြန်မာတဝှမ်း ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ကို အများအပြားခံစားရပြီး၊ ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရပါတယ်။

သျှမ်းပြည်တဝှမ်းမှာ ကိုဗစ်-၁၉ ကို ဇွန်လ မှာ စတင်ဖြစ်ပွားလာပြီး ဒေသလူမှုအဖွဲ့အစည်း ကောက်ခံထား တဲ့စာရင်း အရ ဇူလိုင် (၁၁) ရက်ထိ (၃၆၀၀) ကျော်ကူးစက်ခံရပြီး၊ သေဆုံးသူ (၇၀)ကျော်ထိ ရှိလာပါတယ်။

ကိုဗစ်-၁၉ ကူးစက်မှုနှုန်းဟာ တရက်ထက် တရက်မြင့်မားလာတဲ့အတွက် သျှမ်းပြည်ရဲ့ ဆေးရုံ တော်တော် များများ မှာ လူနာအတွက် နေရာမရှိတော့ကြောင်း တချို့ ရောဂါလက္ခဏာမပြင်းထန်တဲ့ ကိုဗစ်-၁၉ လူနာ တွေဟာ ကိုယ့်နည်းကိုယ့်ဟန် နဲ့ မိမိနေအိမ်ထဲမှာ ကုသနေရပါတယ်။

စစ်ကောင်စီရဲ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု Quarantine Center တွေကို ကြည့်လိုက်ရင် ဖြစ်သလို ဖျာခင်းတွေခင်းထားတာ၊ ပလပ်စတစ်နဲ့ အကာအရံပြုလုပ်ထားတာတွေကို တွေ့ရသဖြင့် ပြည်သူတွေကတော့ Quarantine Center သွားရန် အဆင်မပြေတဲ့အနေအထားဖြစ်နေပါတယ်။

“ကွာရန်တင်း စင်တာကို ကြည့်လိုက်တာ သွားချင်စရာလည်းမရှိဘူး။ ပိုးတွေတောင်ပိုကူးလာနိုင်တယ်။ ဖြစ်သလိုလုပ်ထားတယ်။ အရင်အစိုးရလက်ထက်နဲ့ တော်တော်ကွာတယ်” လို့ လားရှိုးမြို့ တွင်နေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနောင့် က ပြောပါတယ်။

လွန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်မှာ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး ကိုဗစ်-၁၉ ကာကွယ်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတအဖွဲ့အစည်း နဲ့ သက်ဆိုင်ရာ ဌာနအားလုံးပူးပေါင်းပြီး ကိုဗစ် လူနာကို ကောင်းမွန်စွာ ကုသမှု၊ ကွာရန်တင်းဝင်ရေးအတွက် အကောင်းဆုံးပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါ့ပေမယ့် လက်ရှိမှာတော့ ကိုဗစ်-၁၉ စစ်ဆေးရေးအတွက်ကအစ အခက်အခဲများစွာဖြစ်နေပြီး၊ ကိုဗစ် ရှိ၊မရှိ စစ်ဆေးရန် ဓာတ်ခွဲခန်းပို့ဖို့ ခက်ခဲနေပြီး၊ ပြည်သူတွေ က ကိုယ့်နည်းကိုယ်ဟန့် နဲ့တခါသုံး (Rapid Test Kit) များဖြင့်သာ စစ်ဆေးခဲ့ပါတယ်။

၂၀၂၀ မတ်လ နောက်ဆုံးပတ် မှစတင်ပြီး ကိုဗစ်-၁၉ သည် မြန်မာနိုင်ငံတွင်းသို့ ပထမလှိုင်း စတင် ဝင်ရောက် လာပြီး (NLD) အစိုးရလက်ထက်မှာ ပြည်သူ ပြည်သားများ၊ကျန်းမာရေး ဝန်ထမ်းများ ၊ ပရဟိတများ စသည့် ကျေးရွာမှ အစ မြို့ပြ မှ အဆုံး ပြည်သူများ ကိုဗစ်-၁၉ ပထမ လှိုင်း နှင့် ဒုတိယလှိုင်းကို ဝိုင်းဝန်း ကာကွယ် ထိန်းချုပ် နိုင်ခဲ့သည်ကို တွေ့ရပါတယ်။

“အမေစု အစိုးရ ထက်လက်က ကိုဗစ်-၁၉ ကို ကောင်းကောင်းကာကွယ် ထိန်းချုပ်နိုင်ခဲ့တယ်။ Q ဝင်တဲ့ သူတွေကိုလည်း ထမင်း တစ်နေ့ (၃) နပ် ကျွေးတယ်။ ဒီလောက်ထိ သိပ်ပြီး မစိုးရိမ်ရဘူး။ ကျန်းမာရေး ဝန်ထမ်းတွေလည်း အားတက်သရော ကူညီ ကြတယ်” ဟု အသက် (၃၀) အရွယ် တောင်ကြီး ဒေသခံ ကိုစိုင်း ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်တွင် သျှမ်းပြည်နယ်မှာ ကိုဗစ် -၁၉ စစ်ဆေးနိုင်သည့် အမျိုးသား ကျန်းမာရေး ဓါတ်ခွဲဌာန (၂) ခု ရှိပြီး ၎င်းတို့မှာ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ နှင့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးပြည်သူ့ဆေးရုံမှာ စစ်ဆေးနိုင်သည်ဟု အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

“လားရှိုးမှာတော့ စစ်လို့မရသေးဘူး။ ဓါတ်ခွဲခန်း အဆောက်အဦးပဲ ဆောက်လုပ်နေဆဲ ကာလဖြစ်တယ်။ စဝ်စံထွန်းမှာတော့ စစ်လို့ရတယ်။ ကယားကလာတဲ့ ဓါတ်ခွဲနမူနာတွေတောင်ပါ စစ်တယ်”ဟု NLD အစိုးရလက်ထက်က တာဝန်ရှိသူများက ပြောဆိုခဲ့ဖူးပါတယ်။

“အရင် အစိုးရ လက်ထက်က လူတွေ ဒီလောက် သေဆုံးမှုနှုန်းမြင့်တာ မရှိဘူး။ ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့တယ်။ ခုလက်ရှိ ကျနော်တို့ သျှမ်းပြည်လည်း ကူးစက်မှုနှုန်း တအားမြန်နေတယ်။ သေတဲ့သူလည်း နေ့တိုင်းရှိနေတယ်” ဟု လားရှိုး ပရဟိတ လုပ်နေသည့် အမျိုးသား တစ်ဦးကပြောသည်။

ကိုဗစ်-၁၉ ကူးစက်မှု နှုန်းမြန်ပြီး သေဆုံးသူလည်း များပြားလာသည့်အတွက် တစ်ချို့ပြည်သူများက စစ်အာဏရှင်ရဲ့ နိုင်ငံရေး ကစားကွက်တာဖြစ်ကြောင်းလို့ သုံးသပ်ပြောဆိုသည်ကိုလည်းတွေ့ရှိရပါတယ်။

“လူတွေ ဒီလောက်သေပြီး ကူးစက်မှုနှုန်း တအားမြန်တယ်ဆိုတာ ကျမ အနေနဲ့ အစက မယုံဘူး။” လို့ သျှမ်းမြောက် လားရှိုးဒေသခံ အမျိုးတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ (၁) ရက်တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ပြည်သူလူထု တစ်ရပ်လုံး လူစုလူဝေး ဖြင့်ဆန့်ကျင် ဆနပြခဲ့ပါတယ်။

ထို ဆန့်ကျင်ဆနပြချိန်မှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းများပြားပေမယ့် ပြည်သူများ ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လိုက်နာခြင်းရှိပြီး Mask များကိုသာ တပ်ဆင်ကာ လူစုလူဝေး ဖြင့် စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ပါတယ်။

“ပြည်သူတွေ ဆနဒပြတဲ့ချိန်မှာ ကိုဗစ် ကိုကြောက်ဖို့ထက် စစ်အာဏာရှင်ကို ပိုကြောက်ခဲ့တယ်။ သူတို့ အုပ်ချုပ်တာ မခံချင်လို့ နှာခေါင်းစည်းတွေ၊ လက်ကို မကြာခဏ ဆေးပြီး ကျနော်တို့ ဆန္ဒဖော်ထုတ်ခဲ့တယ်။ ရောဂါက မိမိက စကာကွယ်ရင် ရတယ်။ ဒီစစ်အာဏာရှင်ကို မတော်လှန်ရင် သားစဉ်မြေးဆက် သူတို့ အုပ်ချုပ်တာ ခံရနေမှာမလို့ ရောဂါကို ဂရုမစိုက်ပဲ လမ်းပေါ်ထွက်ပြီး ဆန္ဒဖော်ထုတ်ခဲ့တယ်”ဟု တောင်ကြီးဒေသခံ ကိုစိုင်း ကပြောသည်။

စစ်အာဏာရှင်ကို ဆန္ဒဖော်ထုတ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော်လည်း ပြည်သူများ အလေးထားခြင်း မရှိခဲ့ကြပေ။

စစ်အာဏာရှင် လက်ထက်မှာ ပြန်လည် အသက်ဝင်လာခဲ့တဲ့ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါလက္ခဏာသည် မြန်မာနိုင်ငံမှာ တတိယလှိုင်းအဖြစ် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

ဗီဇပြောင်း ကိုဗစ်-၁၉ ကို စစ်အာဏာရှင်မှ ဘယ်လို ပုံစံဖြင့် ထိန်းချုပ်မည်ကို ပြည်သူများမှ မသိရှိပါ။

ကိုဗစ်-၁၉ ကူးစက်ခံရသူ များပြားသည့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ နှင့် လောက်ကိုင်မြို့တို့ကို ပြီးခဲ့သည့် ဇွန် (၂၇) ရက်မှ စတင်ပြီး Stay at Home မြို့များအဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။

ဒါပေမယ့် သျှမ်းပြည်အတွင်းရှိမြို့တွေ ကျေးရွာတွေကိုတော့ မိမိသဘောဆန္ဒနဲ့ လော့ဒေါင်း (ဝင်၊ ထွက်)ပိတ် ထားကြပါတယ်။

“ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတာ သူတို့ဘာနဲ့ စစ်လဲဆိုတာ မသိရှိရဘူး။ တစ်ခါသုံးနဲ့ပဲ စစ်တာလား ဒါမှမဟုတ် ဓါတ်ခွဲခန်းထဲကနေ ထွက်လာတဲ့ အဖြေလားဆိုတာ မသိရဘူ” ဟု တောင်ကြီးဒေသခံ တစ်ဦးကပြောပါတယ်။

စစ်အစိုးရသည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းများပြားလာသည်ကို ကူးစက်မှု နည်းပါးသည့် မြို့များကို စာသင်ကျောင်းများ၊ ဈေးများဆက်လက် ဖွင့်ထားသည်ကို တွေ့ရှိရပါတယ်။

“စစ်အစိုးရက ပရဟိတ သမားတွေကို ခေါ်ပြီး ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ဖို့အတွက် လူတွေ လိုက်ခေါ်တာ ကြားရတယ်။ ဒါပေမယ့် တစ်ချို့ ပရဟိတ သမားတွေတော့ မလုပ်ကြဘူး။ သူတို့နဲ့ လက်တွဲ မလုပ်ချင် ကြတာကိုလည်း ရှိတယ်လို့ ကြားတယ်” ဟု အမည်မဖော်လိုသူ ပရဟိတ တစ်ဦး ကပြောသည်။

စစ်အစိုးရသည် အာဏာသိမ်းပြီးနောက် ပရဟိတ သမားများကိုလည်း ဖမ်းဆီးခြင်း၊ ဖမ်းဝရမ်း ထုတ်ခြင်းများ ပြုလုပ်လာသဖြင့် တစ်ချို့ ပရဟိတ သမားများ ထွက်ပြေးတိမ်းရှောင်တာတွေရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်းအများစုသည် (CDM) လှုပ်ရှားမှုမှာ ပါဝင်လာကြသဖြင့် ဆေးရုံမှာ ကျန်းမာရေး အင်အားမလုံလောက်သဖြင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ များစွာ ဒုက္ခ ရောက် ရသည်ကို လည်းတွေ့ရှိရပါတယ်။

“ဆေးရုံမှာ ဝန်ထမ်းအင်အား သိပ်မရှိတော့ ပရဟိတကပဲ ဝင်ရောက် ကူညီပေးနေရတယ်။ ကျနော်တို့ ကြားသလောက် တစ်ချို့ဒေသမှာဆို ဆေးရုံတွေ ပြည့်နေလို့ အိမ်မှာပဲ ကိုယ်တိုင် ကုသမှုတွေ လုပ်နေရ တယ်လို့လဲ ကြားပါတယ်” ဟု နမ္မတူဒေသခံ ပရဟိတ တစ်ဦးကပြောသည်။

စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင် ၁၀ရက် မှာ ကိုဗစ်-၁၉ ကာကွယ်ရေး နဲ့ကုသရေးအတွက် ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ ခေါ်ယူမယ်လို့ ပြောဆိုကာ ကြေညာချက် ထုတ်ခဲ့ပါတယ်။

“ ဆရာဝန်တွေ ပရဟိတ သမားတွေ ကို သေနတ်နဲ့ပစ်ချင်တိုင်းပစ်၊ ဖမ်းချင်တိုင်းဖမ်း၊ ဆရာဝန်တွေမရှိလဲ စစ်ဆေးရုံရှိတယ် လာကုနိုင်တယ်။ ဆရာဝန်တွေမရှိလဲ စစ်ဆေးဆရာဝန်တွေ ကုပေးမယ်ဆိုတဲ့စကားသံတွေ ထွက်လာတယ်”ဟု ဆရာဝန်တစ်ဦး ကဆိုပါတယ်။

စစ်ကောင်စီ က ပြည်သူ့အာဏာပြန်လွှဲပေးပါက CDM ဆရာဝန်တွေ ဟာ မိမိတာဝန်ကျတဲ့နေရာထံ အမြန်ဆုံးပြန်လာပြီး ဆေးကုကြမှာဖြစ်ကြောင်းလည်း ဆရာဝန်တွေက ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီ ထိန်းချုပ်တဲ့ကာလမှာ ကြုံရတဲ့ တတိယ ကိုဗစ်-၁၉ လှိုင်းဟာ အလွန်ပင်စိုးရိမ်ကြောက်ကြပြီး၊ ကိုဗစ်-၁၉ လူနာတွေဟာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် မသေသင့်ဘဲ သေနေရတဲ့ အခြေအနေတွေ ရောက်နေပါတယ်။

သျှမ်းပြည်မှာလည်း ထိုအောက်ဆီဂျင် ရရှိမှု ပရဟိတ အဖွဲ့တွေကလည် ခက်ခက်ခဲခဲ တန်းစီစောင့်ဆိုင်းနေရတဲ့ အဖြစ်တွေ ကြုံနေရပါတယ်။

“ မနေ့က ကျနော်တို့အောက်စီဂျင်ရဖို့အတွက် သွားစောင့်တယ်။ ဒါပေမယ့် ကျနော်တို့အောက်ဆီဂျင်အိုး တလုံးမှ မရခဲ့ဘူး။ လူနာတွေအတွက် အခက်အခဲဖြစ်လာနိုင်တယ်။ ကျနော်တို့ အောက်ဆီဂျင် ပြတ်လပ်မှု တွေ ကြုံနေရတဲ့အနေအထားပါပဲ” လို့ လားရှိုးပရဟိတ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီ အုပ်ချုပ်ရေးအောက်တော့ ကိုဗစ်-၁၉ ကာကွယ်ရေး ထိန်းချုပ်ရေးဟာ အလွန်ပင် စည်းစနစ်မဲ့ပြီး၊ ထိရောက်မှု မရှိတဲ့အပြင် ကိုဗစ်-၁၉ လူနာအတွက်လည်း ကောင်းမွန်စွာ ဆေးကုသမှုမပေးတဲ့ ပြဿနာတွေ ဖြစ်နေကြောင်း သျှမ်းပြည်လူထုတွေက ပြောဆိုလိုက်ပါတယ်။

စစ်အစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတဲ့ပြည်သူတွေ၊ အောက်ဆီဂျင်မရလို့ ဆုံးရှုံးရမည့်သူတွေ ဘယ်လောက်ထိပေးဆပ်ရမှာလဲဆိုတာ သျှမ်းပြည်သူတွေ အတွက် ရင်လေစရာတွေ စိုးရိမ်စရာတွေဖြစ်ကြပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...