Wednesday, May 8, 2024

သျှမ်းပြည်တွင် Stay at home (၃)မြို့နယ် ထပ်တိုး

Must read

ကိုဗစ် – ၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသည့် သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၃)မြို့နယ်ကို Stay at home အဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင် ၁၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။

ဇူလိုင် (၁၃)ရက်နေ့ စတင်ပြီး Stay at home အဖြစ် ထပ်မံ သတ်မှတ်ခံရသည့် မြို့နယ်များမှာ သျှမ်းမြောက်ရှိ မူဆယ်မြို့နယ်နှင့် သီပေါမြို့နယ် ၊ သျှမ်းရှေ့ရှိ တာချီလိတ်မြို့နယ်တို့ ဖြစ်သည်။

မူဆယ်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ (၃၀၀)ကျော်၊ သေဆုံးသူ (၁၀)ဦးခန့်ရှိပြီး သီပေါမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ (၂၄၉)ဦး၊ သေဆုံးသူ (၉)ဦး၊ သျှမ်းရှေ့ တာချီလိတ်မြို့နယ်တွင် ကိုဗစ် အတည်ပြုလူနာ (၃၁၇)ဦးထိ ရှိနေကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ကူးစက်မှုများပြားသည့် သျှမ်းပြည်နယ်တွင် လောက်ကိုင်မြို့နယ်၊ လားရှိုးမြို့နယ်နှင့် နောင်ချိုမြို့နယ် အပါအဝင် Stay at home သတ်မှတ်ခံရသည့် မြို့နယ်များမှာ သျှမ်းမြောက်တွင် (၅)မြို့နယ်အထိ ရှိနေပြီး သျှမ်းရှေ့ တာချီလိတ်မြို့နယ် (၁)မြို့နယ် ပါဝင်နေပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article