ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ခွင့်ပေးထားသည့် လုပ်ငန်းများနှင့် တားမြစ်ထားသည့်လုပ်ငန်းများအားထိုင်းအစိုးရကြေငြာ

ထိုင်းနိုင်ငံအစိုးရ အလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံရေး ရွှေ့ပြောင်းအလုပ်သမားများအတွက် လုပ်ပိုင်ခွင့်ပေးထားသည့်အလုပ် ၁၂ မျိုးနှင့် လုပ်ခွင့်မပေးဘဲ ကန့်သတ်ထားသည့်အလုပ် ၂၈ မျိုးတို့ကို ထုတ်ပြန်ကြေငြာကာ ဂျူလိုင်လ ၁ ရက်နေ့မှစပြီး အပြင်းအထန်ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ TNA သတင်းမှ သတင်းထုတ်ပြန်ချက်အရ ထိုင်းအစိုးရမှ ခွင့်ပြုချက်ပေးထားသော ရွှေ့ပြောင်းအလုပ်သမားများအတွက်လုပ်ငန်း ၁၂ ခုမှာ အထွေထွေ အောက်ခြေလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ တောင်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မြေထည်လုပ်ငန်း ၊ သံထည်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ အထည်စက်ရုံ အစရှိတို့တွင် အလုပ်သမားအဖြစ်သာလုပ်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

Photo by Prachachat

လုပ်ခွင့်တားမြစ်ထားသော လုပ်ငန်း ၂၈ မျိုးမှာ ရိုးရာထုတ်ကုန်  OTOP လုပ်ငန်းများဖြစ်ကြသည့်   ပန်းပုထွင်းလုပ်ငန်း၊ အထည်ယက်လုပ်ငန်း၊ ဖျာယက်သည့်လုပ်ငန်း၊ စေ့ဆာ စက္ကူလုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ရွှေထည်လုပ်ငန်း၊ စိန်ထည်လုပ်ငန်း၊ အရုပ်လုပ်ငန်း၊ အသုံးအဆောင်ပစ္စည်းလုပ်ငန်း၊ ပန်းကန် ၊ အိုး၊ခွက်၊ သပိတ်လုပ်ငန်း၊ ဘုရားဆင်းထုတော်ထွင်းလုလုပ်ငန်း၊ ယာဉ်မောင်း၊ ဈေးသည်၊ ကုန်တိုက်အရောင်းစာရေး၊ ဆံပင်ညှပ်အလှပြင်လုပ်ငန်း၊ ခြေသည်းလက်သည်းအလှပြင်လုပ်ငန်းနှင့် ဧည့်လမ်းညွှန်လုပ်ငန်း စသည်တို့ပါဝင်ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီး ဗိုလ်ချုပ်ကြီး အဒွန်း ဆိုင်ဆင်ကျော့ က-  ရွှေ့ပြောင်းအလုပ်သမားတွေအတွက်အလုပ်က စားသောက်ဆိုင်တွေဘာတွေဆိုရင် အိုးခွက်ပန်းကန်ဆေးလုပ်တာဘဲရမယ်။ ဝိတ်တာ လုပ်လို့ရတယ်။အလှပြင်ဆိုင်မှာဆိုရင် သန့်ရှင်းရေးလုပ်သားဘဲ လုပ်ရမယ်။ ခြေသည်းလက်သည်းအလှပြင်ဆိုင်ဆိုရင် ခြေထောက်ဆေးတာတွေဘာတွေတော့ရမယ်။ အလှပြင်တဲ့အလုပ်တော့မရဘူး- ဟု ထိုင်းသတင်းဌာနအား ပြောသည်။

အဆိုပါတားမြစ်ထားသောလုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးတွေ့မိပါက ဖမ်းဆီးပြစ်ဒဏ်ပေးမည့်ဥပဒေအား လာမည့်ဩဂတ်စ်လတွင် စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်းလည်း ထိုင်းအစိုးရကထုတ်ပြန်ပြောဆိုထားသည်။

ပြောမယ်ဆိုရင် အရင်ကထက် ၁၀ ခု ပိုလာတော့ နဲနဲသက်သာတယ်ပြောရမှာပေါ့။ အရင်က အလုပ်သမားတွေအတွက်လုပ်ခွင့်ပြုထားတဲ့အလုပ်က ၂ ခုတည်းရယ် အောက်ခြေ အထွေထွေအလုပ်ရယ် အိမ်စေ အလုပ်ရယ်ဘဲခွင့်ပြုထားတယ်လေ- ဟုလူ့အခွင့်အရေးဖောင်ဒေးရှင်းမှ ဥပဒေပိုင်းဆိုင်ရာတာဝန်ရှိသူ စိုင်းပိုင်း ကပြောသည်။

ထိုင်းနိုင်ငံတွင်ရောက်ရှိအလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမားများအဖို့ အလုပ်လုပ်ခွင့်ကတ်ပြားပါလုပ်ငန်းနှင့် လုပ်ငန်းရှင်အမည်တို့အား ကိုက်ညီတူညီမှုရှိစေရန် ဇွန်လကုန်အထိ လုပ်ခွင့်အချိန်ပေးထားရာ ဇူလိုင်လ ၁ ရက်နေ့မှစတင်ပြီး အပြင်းအထန် ကွင်းဆင်းစစ်ဆေးဖမ်းဆီးမှုပြုသွားမည်ဖြစ်ကြောင်း  အစိုးရက ကြေငြာထားသည်။

အလုပ်လုပ်ခွင့်ကတ်မရှိသူများအား လုပ်ငန်းခွင်အတွင်းဖမ်းဆီးရမိပါက  ဒဏ်ငွေ ဘတ်ငွေ ငါးထောင်မှ ၅ သောင်း ဒဏ်ငွေရိုက်မည်ဖြစ်ပြီး နယ်စပ်သို့ဖမ်းဆီးပို့ဆောင်ခံရမည်ဖြစ်ကာ ထိုင်းနိုင်ငံဝင်ခွင့် ၂ နှစ် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ၊ အလုပ်သမားကတ်မရှိသူအား ငှားရမ်းပါက အလုပ်ရှင်အား ဒဏ်ငွေ ဘတ် ၁ သောင်းမှ ဘတ် ၁ သိန်းအထိလည်းကောင်း၊ အကြိမ်ကြိမ် ကျူးလွန်ထားသည်ကိုစစ်ဆေးတွေ့ရှိပါကအဆိုပါအလုပ်ရှင်အား ထောင်ဒဏ် ၁ နှစ် ဒဏ်ငွေ ဘတ် ငါးသောင်းမှ ဘတ် ၂ သိန်းအထိ ဒဏ်တပ်မည်ဖြစ်ပြီးအလုပ်သမားငှားရမ်းခွင့် ၃ နှစ်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထို့အပြင် အလုပ်သမားများ ငှားရမ်းနေထိုင်သည့်အိမ်ခန်း၊ တန်းလျား၊ တိုက်ခန်း များတွင်လက်ရှိနေထိုင်နေကြောင်းကိုပါ အိမ်ရှင်မှ ဧည့်စာရင်းတင်ထားရမည်ဖြစ်ရာ ဧည့်စာရင်းမတင်ဘဲ စစ်ဆေးတွေ့ရှိမိပါက အိမ်ရှင်အား ဘတ်ငွေ ၈၀၀ ၊ အလုပ်သမား (အိမ်ငှား)အား ဘတ်ငွေ ၁၆၀၀ ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်းလည်းကြေငြာထားသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာဒုက္ခသည်များအား အလုပ်လုပ်ခွင့်ပြုသည့် ထိုင်းနိုင်ငံသည် အာရှနိုင်ငံများအတွက် စံပြဖြစ်ဟု ကုလသမဂ္ဂပြော

0
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော မြန်မာဒုက္ခသည်များအား ထိုင်းအစိုးရက အလုပ်အကိုင်ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက် လူပေါင်း ၅,၅၀၀ ကျော် အလုပ်အကိုင်ရရှိခဲ့သည်။ ထို လုပ်ဆောင်ချက်သည် ဒုက္ခသည်ပြဿနာရင်ဆိုင်နေရသည့် အာရှဒေသတွင်းနိုင်ငံများအတွက် ရှေ့ဆောင်လမ်းပြစံပြနမူနာတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားအကူအညီများကို...

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

ထိုင်းတွင်ဆေးလိပ်သောက်သူအသစ် လုံးဝမရှိလာစေရေး ဥပဒေပြဋ္ဌာန်းရန် အစိုးရစဉ်းစားနေ

0
ထိုင်းနိုင်ငံတွင် ဆေးလိပ်သောက်သုံးသူအသစ်များ မပေါ်ပေါက်လာစေရန် သတ်မှတ်ထားသော နှစ်နောက်ပိုင်းမွေးဖွားသူ လူငယ်များအား ဆေးလိပ်နှင့် နီကိုတင်းထုတ်ကုန်များ တရားဝင်ဝယ်ယူခွင့် အပြီးတိုင်ပိတ်ပင်မည့် "နီကိုတင်းကင်းစင်သော မျိုးဆက် (Nicotine-Free Generation)" မူဝါဒကို ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စတင်လေ့လာသုံးသပ်နေကြောင်း The Nation Thailand တွင်ဖော်ပြသည်။ မေလ ၂၈ ရက် (ကြာသပတေးနေ့)...

ထိုင်းအစိုးရမှ စက်သုံးဆီဈေးနှုန်း ကန့်သတ်ချက်ရုတ်သိမ်းလိုက်သည့်နှင့် ဆီဈေးခုန်တက်

0
ထိုင်းအစိုးရမှ စက်သုံးဆီ ဈေးနှုန်းကန့်သတ်ထားမှုကို ရုတ်သိမ်းပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ပြောင်းလဲခွင့်ပြုလိုက်သည့်အတွက် ထိုင်းတနိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီဈေးနှုန်း တစ်လီတာလျှင် ၆ ဘတ်ခန့် မြင့်တက်သွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ (မတ်လ ၂၆) ရက်တွင် ထိုင်းအစိုးရမှ စက်သုံးဆီဈေးနှုန်း ကန့်သတ်ထားချက်ကို ရုတ်သိမ်းလိုက်ပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုလိုက်သည့်အတွက် ဆီတစ်လီတာလျှင်...

ထိုင်းအစိုးရ မြစ်ချောင်း အဆိပ်သင့်ညစ်ညမ်းမှုကို အထူးအာရုံစိုက်ရန် လူထုတောင်းဆို

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့တွင် ယမန်နေ့ (မတ်လ ၂၂ ရက်) က ကျရောက်သော ကမ္ဘာ့ရေနေ့ (World Water Day) အထိမ်းအမှတ်အဖြစ် မြစ်ချောင်းအနီး နေထိုင်သူများ၊ တက်ကြွလှုပ်ရှားသူများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ စုပေါင်းကာ မြစ်ချောင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းကြရန် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်၍...