သျှမ်းပြည်လွှတ်တော်တွင် လူထုအသံများပါဝင်ရန် လိုအပ်နေ

သျှမ်းပြည်လွှတ်တော်သည် လူထုနှင့်ထိတွေ့မှုအားနည်းပြီး ပြည်နယ်ဥပဒေပြုရေးတွင်လည်း လူထု၏အသံများပါဝင်ရန် လိုအပ်သေးကြောင်း Taunggyi Youth Center အကြံပေး ခွန်ခတ်စံကပြောသည်။

“ပြည်နယ်ကိုအခြေခံတဲ့ ဥပဒေတစ်ခုကိုရေးဆွဲတဲ့နေရာမှာ သူတို့ပဲ ကြိတ်မှိတ်ရေးဆွဲကြတယ်။ လူထုဆီကအကြံအဉာဏ်တောင်းတဲ့ ပုံစံမျိုးတွေ လုံးဝမရှိဘူး။ မလုပ်ဘူး။ အဲ့ဒါတွေကိုကြည့်ခြင်းအားဖြင့် သျှမ်းပြည်နယ်လွှတ်တော်က အလုပ်သိပ်မဖြစ်ဘူးဆိုတဲ့အချက် ကျွန်တော်သွားတွေ့ရတယ်” ဟု ၎င်းကဆိုသည်။

သျှမ်းပြည်လွှတ်တော်သည်အစည်းဝေးများ အကြိမ်ကြိမ်ကျင်းပနေသော်လည်း မည်သည့်အရာများကို လုပ်ဆောင်၍ မည်သို့ဖြေရှင်း ဆောင်ရွက်နေသည်များကို ပြည်သူများသိရှိရမှု အားနည်းနေကြောင်း ကောင်ရွေးလူငယ်အဖွဲ့မှ ခွန်ထွန်းကြည်ပြောသည်။

“အဓိကကတော့ ပြည်သူတွေရဲ့ အခက်အခဲတွေ ပိုပြီးတော့မှ အာရုံစိုက်စေချင်တယ်။ တင်ပြမှုအပိုင်းတွေတော့ တွေ့နေရပေမဲ့ တကယ့်လက်တွေ့ဖြေရှင်း မယ့် အပိုင်းတွေက အားနည်းနေတဲ့ ပုံစံတွေရှိနေတယ်။ သူတို့ဖြေရှင် းတဲ့ပုံစံကိုလည်း ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ချပြစေချင်တယ်” ခွန်ထွန်းကြည်က ဆက်လက်ပြောသည်။

အဆိုပါ ပြည်နယ်လွှတ်တော်အနေဖြင့် လွှတ်တော်အတွင်းဆောင်ရွက်ချက်များကို လူထုထံချပြရန် ခက်ခဲပါက အနည်းဆုံး မြို့မိမြို့ဖများကို ချပြသင့်ကြောင်းနှင့်၎င်းတို့အသံများကို လွှတ်တော်အတွင်းပါဝင်ရန် လုပ်ဆောင်သင့်ကြောင်း Myanmar Institute of Peace and Security Studies မှ ဝင့်ထည်ကောင်းမြတ်က ဖြည့်စွက်ပြောကြားသည်။

“သျှမ်းပြည်လွှတ်တော်နဲ့ပတ်သက်ပြီးတော့ လူထုက သိပ်မသိဘူး။ ဥပဒေရေးဆွဲတဲ့အခါမှာလည်း လူထုက သိပ်မသိရဘူး။ ဘာတွေရေးဆွဲနေတာလဲ လူထုကို အသိပေး ဆွေးနွေးသင့်တာပေါ့။ အကြံပြုချက်တွေယူတာမျိုးတွေ လုပ်သင့်တယ်။ စာချုပ်စာတန်းတွေကိုလည်း ဘာမှမသိရဘူး။ အနည်းဆုံးတော့ မြို့မိမြို့ဖတွေကို ချပြသင့်တယ်” ဟု ၎င်းကပြောသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်၌ မြို့နယ် ၄၉ မြို့နယ်၌ ကျင်းပခဲ့ပြီး ပြည်နယ်လွှတ်တော်နေရာ ၉၈ နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြရာမှာ NLD က ၂၉ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး လေးနေရာတွင် အနိုင်ရရှိခဲ့ပြီး SNLD က ၂၆ နေရာနှင့် ပြည်ခိုင်ဖြိုးပါတီက ၂၅ နေရာ အသီးသီးအနိုင်ရရှိထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် USDP ပါတီမှ စိုင်းလုံကျော် ဖြစ်လာ

0
သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။ အဆိုပါ...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

သျှမ်းပြည်လွှတ်တော် ဆိုင်းဘုတ် သျှမ်းဘာသာဖြင့်ရေးသားရန် လွှတ်တော် လက်မခံ

0
သျှမ်းပြည် လွှတ်တော် ဆိုင်းဘုတ်ကို သျှမ်းဘာသာဖြင့်ထည့်သွင်းရေးသားရန် မေးမြန်းသည့် မေးခွန်းကို လွှတ်တော်က လက်မခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော် (၁၉) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးစိုင်းလုံ မှ “တိုင်းရင်းသားများ၏ စာပေကို အလေးထားသောအားဖြင့် သျှမ်းပြည်နယ် လွှတ်တော်...