လက်နက်ကိုင် ၂ဖွဲ့ စစ်ရေးတင်းမာနေမှုကြောင့် ပြည်သူများ ယနေ့ထိ စစ်ရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့(၂)ဖွဲ့ စစ်ရေး တင်းမာနေသေးသဖြင့် ဒေသခံ ပြည်သူများ ယနေ့ထိ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဟု စစ်ရှောင်ကူညီပေးနေသည့် သူများက ပြောဆိုလိုက်သည်။

ကျောက်မဲမြို့နယ် လွယ်အံကျေးရွာ အုပ်စု အနီးတွင် ဒီဇင်ဘာ ၂၅ရက်မှစတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)တို့တိုက်ပွဲဖြစ်ပွားကာ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေသဖြင့် ထိုအနီးတွင်နေထိုင်သည့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဟု စစ်ဘေးရှောင်ကူညီနေသည့်သူများက ပြောဆိုလိုက်သည်။

“ စစ်ရေးကတော့ ၂ဖက် စလုံး တင်းမာနေတုန်းပါ။ သေနတ်သံတွေ ခဏခဏကြားနေရတော့ စစ်ရှောင်တွေကတော့ တဖွဲဖွဲ ထွက်ပြေးလာနေတုန်းပါ” ဟု စစ်ရှောင်များကို ကူညီနေသည့် အိုမ်တမာဝ် လူမှုကူညီရေးအသင်းမှ မိုင်းအဘမ်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အိုမ်တမာဝ် လူမှုကူညီရေးအသင်း

တိုက်ပွဲကြောင့် စစ်ဘေးရှောင်များသည် ကျောက်မဲမြို့ ပေါ်တွင် စစ်ရှောင်စခန်း (၄)ခုဖွင့်ထားပြီး၊ ဒီဇင်ဘာ ၃၁ရက် စာရင်းအရ စစ်ရှောင်ဦးရေ (၇၉၃)ဦးရှိကြောင်း၊ ထိုစစ်ရှောင်များအတွင်း စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်းလည်း မိုင်းအဘမ်း က ပြောသည်။

ထိုစစ်ဘေးရှောင်များတွင် သက်ကြီးရွယ်အို၊ အမျိုးသမီး နှင့် ကလေးငယ်များ၊မွေးကင်းစကလေးငယ်များပါဝင်နေကြောင်း သိရသည်။

“ သျှမ်းပြည် ဆောင်းက အရမ်းအေးတော့ စစ်ရှောင်တွေအတွက် အခင်းတွေ လိုတယ်။ စောင်တွေက ရှိပေမယ့် သူတို့ ကော်ဇောနဲ့ ပဲအိပ်ရတော့ ရေရှည် ပြဿနာရှိလာနိုင်တယ်။ စစ်ရှောင်တွေ အတွက် မွေ့ယာအပါးလေးရရင်တော့ ကောင်းတယ်” ဟု မိုင်းအဘမ်းက ဆက်လက်ပြောသည်။

ထို့အပြင် တဖက်တွင် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကို နေ့စဉ်နှင့် အမျှတိုးနေချိန် တဖက်တွင် စစ်ရေး တင်းမာနေကာ စစ်ဘေးရှောင်များအတွက် ကျန်းမာရေးလည်း စိုးရိမ်နေရကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကာလမှာ ကျန်းမာရေး ဌာနကတော့ ၆ပေ အကွာနေဖို့ ထုတ်ပြန်ခဲ့ပေမယ့် စစ်ရှောင်တွေအတွက်တော့ ၆ပေလည်း မကွာမနေနိုင်ဘူး။ ဒီတိုင်း ပဲ စုနေရတာပဲ။ ကျန်းမာရေးအတွက်လည်း စိုးရိမ်နေရတယ်” ဟု အဆိုပါ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီး တဦး ကပြောသည်။

ယနေ့ ဇန်နဝါရီ ၁ရက် တွင်လည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၂ဖွဲ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ၅လုံးခန့်ပစ်ခတ်မှုရှိသဖြင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်မဲမြို့နယ် လွယ်အံတင်းနှင့် တော့ဆန် တကြောတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၂ဖွဲ့စလုံး စစ်အင်အားဖြည့်တင်းနေပြီး၊ စစ်ရေး ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းလည်း စစ်ရှောင်များ ကပြောဆိုလိုက်သည်။

ကိုဗစ်-၁၉ ထိန်းချုပ်သည့်ကာလ၊ အေးချမ်းသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် စစ်ရေး ထပ်မံမဖြစ်ပွားကြရန်နှင့် နိုင်ငံရေး ကို စစ်ရေးဖြင့် မဖြေရှင်းကြဘဲ စကားဝိုင်းတွင်ဖြေရှင်းကြရန် စစ်ရှောင်ပြည်သူများ၏ မျက်နှာကို ထောက်ထားကြရန် လည်း စစ်ဘေးရှောင်များကို ကူညီသူများ ပြောဆိုလိုက်သည်။


ယနေ့ ကျောက်မဲမြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး RCSS/SSAနှင့် TNLAမှ ပြောရေးဆိုခွင့်ရှိသူများကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိခဲ့ပေ။

သျှမ်းပြည် မြောက်ပိုင်း အတွင်း RCSS/SSA နှင့် TNLA တို့သည် ဒီဇင်ဘာ လဆန်းပိုင်းက စတင်ကာ စစ်ရေး ဖြစ်ပွားခဲ့ကာ ထိုစစ်ရေးကြောင့် နမ္မတူမြို့နယ်တွင် အရပ်သားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...