ရွေးကောက်ပွဲအလွန်ကာလ တောင်ကြီးမြို့ပေါ်တွင် ကိုဗစ်ကူးစက်မှု ပိုမိုမြင့်တက်လာ

ရွေးကောက်ပွဲအလွန်ကာလတွင် တောင်ကြီးမြို့နယ်၌ ကိုဗစ်ပိုးကူးစက်ခံရမှု ပိုမိုမြှင့်တက်လာကြောင်း ကိုဗစ်ဖြစ်ပွားသူများအား ကူညီပေးနေသည့် မြို့နယ်အထူးအဖွဲ့များမှ သိရသည်။

တောင်ကြီးမြို့တွင် ဒီဇင်ဘာ ၃၀ ရက်က ရှမ်းတောင် ယဉ်ထိန်းရဲ ဒု-တပ်ဖွဲ့ခွဲမှူးရုံး အမှတ် ၁၈ ယာဉ်ထိန်းတပ်ဖွဲ့မှ ၁၆ ဦးတွင် ကိုဗစ်ပိုးတွေ့ခဲ့ပြီး ၎င်းတို့မိသားစုခြောက်ဦးတွင်လည်း ပိုးကူးစက်ခံထားရကြောင်းနှင့် ယင်းမြို့နယ်တွင် တစ်ရက်အတွင်း ပိုးကူးစက်ခံရသူ ၂၂ ဦးအထိ ရှိလာပြီး စံချိန်သစ်တင်ခဲ့ကြောင်း မြို့နယ်ကိုဗစ်အထူးအဖွဲ့မှ ဦးဝင်းနိုင်စိုးက ပြောသည်။

“ဘယ်ကနေဘယ်လိုကူးစက်ခံရတာလဲဆိုတာကိုတော့ ကောက်ချက်ချလို့မရသေးဘူး။ ဒီတစ်ခေါက်ကတော့ ပိုများသွားနိုင်တယ်၊ အခုထိလည်း ကျွန်တော်တို့ ထိတွေ့မှုရှိသူတွေကို ရပ်ကွက်တွေထဲ လိုက်လံခေါ်ဆောင်နေပါတယ်” ဦးဝင်းနိုင်စိုးကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် တောင်ကြီးမြို့ မင်္ဂလာဦးရပ်တွင် ပိုးကူးစက်ခံရမှုကြောင့် အဆိုပါရပ်ကွက်ကို lock down ချထားကာ ယခု ရက်ပိုင်းမှ ပြန်လည်ဖြေလျော့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရွေးကောက်ပွဲ မဲဆွယ်နေတဲ့ကာလနဲ့ ရွေးကောက်ပွဲကျင်းပတဲ့ နေ့တုန်းကတောင် ကူးစက်မှုဒီလောက်မများသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ စောင့်ကြည့်နေကြတယ်။ ကျန်းမာရေး အကာအကွယ်တွေလဲ သေချာဝတ်ဆင်ကြတယ်။ အခုအချိန် ဘာလို့များသွားလဲဆိုတော့ ပေါ့ဆသွားကြတာလည်းပါတယ်။ စည်းကမ်းဖြေလျော့ပေးမှုခဲ့တာတွေလည်း လုပ်လိုက်တော့ ပိုကူးစက်လာကြတယ်ထင်ပါတယ်” ဟု တောင်ကြီးဒေသခံ ဒေါ်နန်းဆိုင်စံကပြောသည်။

ထိုသို့ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲအလွန်ကာလ၌ ကိုဗစ်တွေ့ရှိမှု မြင့်တက်လာသည်ဟုဆိုသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ပို့တွေ့ရှိမှုသည် ယခုရက်ပိုင်းအတွင်း ကျဆင်းလာလျက်ရှိကြောင်းနှင့် ဒီဇင်ဘာ ၂၁ ရက်မှ ၃၀ ရက်အထိ ပိုးတွေ့မှုသည် ၄ ရာခိုင်နှုန်းရှိရာမှ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိတွင် တောင်ကြီးမြို့မစျေးကြီးအား ကိုဗစ်ပိုးကူးစက်ခံရမှုကြောင့် ယခင်ယာယီပိတ်ထားခဲ့သော်လည်း ဒီဇင်ဘာ ၃၀ ရက်၌ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...