Tuesday, January 27, 2026

သျှမ်းပြည်သား ရပိုင်ခွင့်ကို အလေးနက်ထားသည့် အစိုးရမျိုးဖြစ်သင့် ဟု SNLD ပြော

သျှမ်းပြည် အစိုးရအဖွဲ့သစ်အနေဖြင့် သျှမ်းပြည်သားများ၏ ရပိုင်ခွင့်ကို အလေးအနက်ထားသည့် အစိုးရမျိုးဖြစ်သင့်ကြောင်း ရှမ်းတိုင်းရင်းသာများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ အထွေထွေ အတွေင်းရေးမှူးက ပြောဆိုလိုက်သည်။

Photo by SHAN

နောင်တက်လာမည့် သျှမ်းပြည်အစိုးရသည် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝ ရှိသည့် အစိုးရမျိုးဖြစ်စေချင်ကြောင်း၊ သျှမ်းပြည် လူထုကို အဓိက အာရုံထားသည့် အစိုးရမျိုးဖြစ်သင့်ကြောင်း (SNLD) ပါတီ၏ အထွေထွေအတွင်းရေးမှူး စိုင်းလိတ် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဘယ်လိုရှိနေပေမယ့်လို့ သျှမ်းပြည်နယ်သားတွေရဲ့ အခြေခံ အခွင့်အရေး နဲ့ သျှမ်းပြည်နယ်သားတွေရဲ့ ရပိုင်ခွင့်ကို အလေးအနက်ထားတဲ့ အစိုးရမျိုးဖြစ်သင့်ပါတယ်။ အဓိကအားဖြင့် ရိုးသားကြိုးစားပြီးတော့မှ ပွင့်လင်းမြင်သာမှု ရှိတဲ့အစိုးရ တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့အစိုးရပေါ့။ လူထုကို မျက်နှာမှုတဲ့အစိုးရ ဒီလိုမျိုးဖြစ်ဖို့ လုံးဝ လိုအပ်ပါတယ်ခင်ဗျာ။” ဟု စိုင်းလိတ် ကပြောသည်။

၂၀၂၀ နိုဝင်ဘာ (၈) ရက်မှာကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် တနိုင်ငံလုံး အတိုင်းအတာအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ပြန်လည်အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့ခွင့် ထပ်မံရသည့် ပါတီတခုဖြစ်သည်။

“အစိုးရသစ်ကတော့ သျှမ်းပြည်နယ်အစိုးရဆိုတဲ့ စကားလုံးနဲ့အညီ သျှမ်းပြည်နယ်သူ ပြည်နယ်သား အားလုံးကို ကိုယ်စားပြုနိုင်တဲ့ စုံလင်ကွဲပြားမှုကို ဖော်ဆောင်နိုင်မယ့်အစိုးရမျိုးဖြစ်စေချင်ပါတယ်။” စိုင်းလိတ်က ပြောသည်။

လူမျိုးတစ်မျိုးတည်း ဒါမှမဟုတ် အစုအဖွဲ့ တစ်ခုတည်းဖြင့် ကြီးစိုးနေသည့် အစိုးရမျိုးဆက်ဖြစ်လျှင် သျှမ်းပြည်သူ/သားများ၏ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မည်မဟုတ်ကြောင်း စိုင်းလိတ်က ထောက်ပြ ပြောဆိုသည်။

“အဲ့လို ယုံကြည်ကိုးစားမှု မရတာနဲ့ အညီ ကျနော်တို့ရဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ လမ်းကြောင်းကိုလည်းပဲ ဦးတည်နေမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့်မလို့ တိုင်းရင်းသားလူမျိုးပေါင်း စုပေါင်းနေထိုင်တဲ့ သျှမ်းပြည်နယ်မှာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ခွင့်ရှိတဲ့ အခင်းအကျင်းမျိုးကို ဖော်ဆောင်နိုင်တဲ့ အစိုးရတစ်ရပ် ဖြစ်သင့်တယ်လို့ ပြောလိုပါတယ်” ဟု စိုင်းလိတ် ကပြောသည်။

သျှမ်းပြည်တွင်းရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄၉ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာ၊ သျှမ်းပြည်နယ် လွှတ်တော် (၉၈) နေရာ၊ တိုင်းရင်းသားရေးရာ မဲဆန္ဒနယ် (၇) နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် (၁၆၆) နေရာတွင် NLD မှ (၅၄) နေရာ ၊ USDP (၄၂) နေရာ၊ SNLD (၄၁) နေရာ၊ TNP (၁၂) နေရာ၊ PNO (၁၁)နေရာ၊ WNP (၃)နေရာ၊ LNDP (၂)နေရာ၊ SNDP(၁) နေရာ၊ KNP(၁) နေရာ နှင့် တစ်သီးပုဂ္ဂလ (၂) နေရာဖြင့် အနိုင်ရရှိခဲ့သည်။

သျှမ်းပြည်တွင်းရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသအပါအဝင် သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၄) မှ မိုင်းလားမြို့နယ်၊ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် စုစုပေါင်း (၆) မြို့နယ် နှင့် မြို့နယ် အချို့ရှိ ဒေသအချို့တွင် ရွေးကောက်ပွဲ ကျင်းပခွင့် မရသည့် ဒေသများဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...