Thursday, May 16, 2024

မိုင်းခတ်မြို့နယ် Mask (နှာခေါင်းစည်း)မတပ်သူများ အရေးယူမှုများ ပြုလုပ်သွားမည်

Must read

သျှမ်းပြည် အရှေ့ပိုင်း မိုင်းခတ်မြို့နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချပ်မှု အနေဖြင့် Mask (နှာခေါင်းစည်း) မတပ်ဆင်ပါက အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယခုရက်ပိုင်း သျှမ်းပြည် အရှေ့ပိုင်း တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသည့်အတွက် Mask မတပ်သည့် ပြည်သူများကို အရေးယူမှုအနေဖြင့် ရဲ ကားပေါ်တင်ဆောင်ပြီး ရဲစခန်း(သို့မဟုတ်) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားကာ ကျန်းမာရေး ပညာပေး ဟောပြောမှုကို နာရီဝက်ကျော် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မိုင်းခတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရင်က ကျနော်တို့ Mask မတပ်တဲ့သူဆိုရင် ပထမအကြိမ် ကျပ်ငွေ ၂၀၀ ဒဏ်ခတ်တယ်။ ဒါလည်း သူတို့က မတပ်ကြဘူး။ စည်းကမ်းမလိုက်နာဘူး။ အခု ကကြောက်အောင်လို့ ရဲကားပေါ်တင် ခြောက်လိုက်တဲ့သဘောပါ။ ပြီးရင် ကျန်းမာရေး အသိပညာပေးကို ထိုင်နားထောင်ရမယ်” ဟု ဦးကောင်းမြင့်သူက ဆိုသည်။

လက်ရှိ တွင် မိုင်းခတ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် လူနာ မရှိသေးကြောင်း၊ မိုင်းခတ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုမရှိအောင် စည်းကမ်းစနစ်တကျ လုပ်ဆောင်နေကြောင်း လည်း ဦးကောင်းမြင့်သူ က ပြောသည်။

“ မကြာခင်မှာ တာချီလိတ်မှာ သွားအလုပ်လုပ်တဲ့သူတွေ ပြန်လာဖို့တွေရှိတယ်။ အဲ့မှာလည်း သူတို့ကို စည်းကမ်းတကျ Quarantine ဝင်ဖို့နဲ့ နေအိမ်တွေမှာနေရင်လည်း Lockdoawn လုပ်သွားမယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းတာချီလိတ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၀ဦးရှိကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံတွင် ယမန်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၉ ၃၆၀၀)ဦး ရှိပြီး၊ သေဆုံးသူ (၁၉ ၉ ၈)ဦးနှင့် ဆေးရုံဆင်းခွင့်ရှိသူ (၇၂၆၀၁)ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကထုတ်ပြန်ကြေညာထားသည်။

Leave a Comments

- Advertisement -spot_img

Latest article