Wednesday, January 28, 2026

ကိုဗစ်-၁၉ ကြောင့် သျှမ်းပြည်လိမ္မော်ခြံသမားများအရှုံးပေါ်

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုမြင့်တက်လာသောကြောင့် သျှမ်းပြည် လိမ္မော်ခြံသမားများ အရှုံးပေါ်မှုများရင်ဆိုင်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံသည် မတ်လမှစတင်ပြီး ကိုဗစ် ၁၉ ရောဂါကူးစက်မှူပြန်ပွားခဲ့ကာ စီးပွားရေးနယ်ပယ် အသီးသီး ကျဆင်းလာခဲ့ပြီး၊ သျှမ်းပြည်မြောက်ပိုင်း နှစ်စဉ်နှစ်တိုင်း ရောင်းအားကောင်းသည့် လိမ္မော်သီး ၊ နံနတ်သီး များသည်လည်း ယခု ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရောင်းအားကျဆင်းပြီး အရှုံးပေါ်နေသည်ဟု ခြံပိုင်ရှင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနှစ်မှာ လိမ္မော်သီးတော့ အသီးတွေအထွက်ကောင်းတယ်။ ဒါပေမယ့်ကိုဗစ်ရောဂါကြောင့် ဝယ်သူတွေမရှိပြီး တခြားမြို့နယ်တွေလည်း မရောင်းရ လာဝယ်တဲ့ကုန်သည်တွေလည်းမရှိတာကြောင့် အသီးတွေပုတ်သိုးပြီး လွှင့်ပစ်ရတယ်။ အရူံးပေါ်နေတယ်”ဟု လားရှိုးမြို့နယ် လိမ္မော်သီးခြံပိုင်ရှင်မှ နန်းပေါင်းဆိုင်ကပြောသည်။

ကိုဗစ်ကာလကြောင့် လိမ္မော်သီးများ မရောင်းထွက်ရသောကြောင့် အပုတ်သိုးများ အရင်ထက်များရှိကြောင်း နန်းပေါင်းဆိုင်က ပြောပြသည်။

“အသီးကတော့ ၂ မျိုးရှိတယ်။ သဘာဝသီးကတော့ အချိန်မီ မရောင်းထွက်နိုင်ရင်တော့ ပုတ်သိုးသွားတယ်။ အခုက ကိုဗစ်ကာလဆိုတော့ သိပ်ပြီးမရောင်းထွက်ရဘူး” ဟု နန်းပေါင်းဆိုင်ကပြောသည်။

သဘာဝသီးများကို အပင်မှ ခူးဆွတ်လာပြီး ၃ ရက်အတွင်းမရောင်းရပါက ပုတ်သိုးသွားကြောင်း၊ ကိုဗစ်-၁၉ ကာလ အလျောက် အသီးလာရောက်ဝယ်ယူသူမရှိသဖြင့် အရှုံးပေါ်နေကြောင်း လိမ္မော်ခြံပိုင်ရှင်ဖြစ်သည့် နန်းနွတ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တောင်ပေါ်ကနေသွားယူလာတဲ့ အသီးက ၃ရက်တွင်းဆို မရောင်းရရင် ပုတ်သွားတယ်။ ကိုဗစ်ကာလဆိုတော့ ကိုယ့်ရွာထဲဘဲရောင်းရတယ်။ ကိုယ်ရွာလဲ တအားရောင်းမကောင်းတော့ မခူးရသေးဘဲ အပင်မှာလဲရှိနေသေးတယ်” ဟ နန်းနွတ် ကပြောသည်။

သျှမ်းပြည်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်လာသည့်အလျောက် ခရီးသွားလာမှုများကလည်း မရှိကြသကဲ့သို့ သစ်သီးများကို တဆင့်ဝယ်ယူရောင်းသူများလည်း မရှိကြပေ။

ထို့ကြောင့် ခြံပိုင်ရှင်များသည့် စီးပွားရေး အရှုံးပေါ်မှုကြောင့် အလုပ်သမားများကိုပါ လျော့ကျရကြောင်း နန်းနွတ် က ဆိုသည်။

“ အရင် ကဆိုရင် ခရီးသွားသူတွေကများတော့ ကားသမားတွေ၊ ခရီးသည်တွေရောင်းရင်တောင် ရတယ်။ ဒီနှစ်ကတော့ ခရီးသွားမရှိသလို အသီးလာဝယ်ပြည်တွင်း၊ပြည်ပ လက်လီ၊လက်ကားလည်း ရောင်းအားမရှိဘူး” ဟု နန်းနွတ်က ထပ်လောင်းပြောသည်။

မြန်မာနိုင်ငံတွင် ဒီဇင်ဘာ ၂ ရက် ည ၈နာရီချိန်ထိ ကိုဗစ် ၁၉ အတည်ပြုလူနာ (၉၃၆၀၀) ရှိပြီး ဆေးရုံဆင်းခွင့်ရသူ(၇၂၆၀၁) နှင့် သေဆုံးသူ(၁၉၉၈) ဦး ရှိကြောင်း ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...