ရိုးရာဓလေ့ ကရထုန်းမီးမျောခြင်းနဲ့ သဘာ၀ပတ်ဝန်းကျင်ဂေဟစနစ်ဆုတ်ယုတ်ခြင်း

နိုဝင်ဘာလ ၁၁ ရက်နေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တဲ့အလျောက်  ထိုင်းနိုင်ငံမှာ ရိုးရာ မီးမျောပွဲတော်နှစ်တိုင်းကျင်းပ ပါတယ်။

Photo Credit to MThai – ကရထုန်းမီးမျောနေတဲ့ လှပျိုဖြူတဦး

လွဲကရထုန်း လို့နာမည်ပေးထားပြီး ဘိုးဘွားအစဉ်အဆက်က ကျင်းပလာခဲ့တဲ့ ပွဲတော်တခုဖြစ်ပါတယ်။ (လွဲ = မျောတာ၊ ကရထုန်း= ငှက်ပျောရွက်ဖြင့် ပြုလုပ်ထားသော ဆီမီးဗန်း – လို့အဓိပ္ပါယ်ရပါတယ်။)

လူသားတွေအသုံးပြုဖို့အတွက် ရေအလုံအလောက်ပေးတဲ့ရေနတ်မင်းကို ကန်တော့တာလို့ဆိုကြသလို ၊ တောင်သူလယ်သမားတွေ လယ်ယာစိုက်ပျိုးရေးအတွက် ရာသီဥတုကောင်းမွန်ပါစေကြောင်း၊ ရေအပြည့်အ၀ရရှိစေကြောင်း ဆုတောင်းခဲ့ကြပါတယ်။

ဒီရိုးရာမီးမျောတဲ့ဓလေ့ကို ရှေးပဝေသဏီတုန်းက ထိုင်းသာမက မြန်မာ၊ လာအိုတွေလည်း ပြုလုပ်တယ်လို့ ကရထုန်းမီးမျောပွဲနဲ့ပတ်သက်တဲ့သမိုင်းမှာရေးသားထားပါတယ်။ ဒါပေမယ့် ဘယ်နခုနှစ်တုန်းက စတင်ခဲ့တာလဲဆိုတာတော့ ဘယ်သူမှ တိတိပပ မပြောနိုင်ခဲ့ပါဘူး။

Photo Credit to MThai – ကရထုန်းမီး

ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ လယ်ယာစိုက်ပျိုးရေးလုပ်မယ့် ကျေးလက်တွေမှာ  မြစ်ရေချောင်းရေတွေ တိမ်ကောလာပြီး မိုးအနည်းငယ်ရွာတာနဲ့ မြို့ကြီးပြကြီးတွေမှာ ရေလျှံရေကြီးမှုတွေကြုံတွေ့လာရပါတယ်။

ဒါကြောင့် တောတောင်ရေမြေနဲ့  မြစ်ရေချောင်းရေတွေကို ထိုင်းလူမှုအဖွဲ့အစည်းတွေက အလေးပေးကြည့်ရှုထိန်းသိမ်းလာကြတာပါ။

မြစ်ချောင်းအင်းအိုင်တွေကိုသန့်ရှင်းရေးလုပ်ဖို့ အမှိုက်သရိုက်တွေ ရှင်းလင်းဖို့အတွက်တောင်မှ လက်ရှိဘုရင်ကြီးကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖွဲ့ဖွဲ့စည်းပေးထားပြီး ထိုင်းပြည်သူလူထု မည်သူမဆို အသင်းဝင်လျှောက်ထားနိုင်ပါတယ်။ အသင်းဝင်သူတွေဟာ မြို့နယ်ရုံးမှာ သင်တန်းတက်ရပြီး နန်းတွင်းကချီးမြှင့်တဲ့အသင်းဝင်ဦးထုပ်အပြာနဲ့လည်စည်းအဝါရောင်ကိုလက်ခံရရှိကြပါတယ်။ မြစ်ချောင်းအင်းအိုင်တွေရှင်းလင်းဖို့ လမ်းတံတားတွေမှာအမှိုက်သရိုက်ရှင်းလင်းဖို့အတွက် ရပ်ကွက်ထဲကခေါ်ရင် ဆင်တူဦးထုပ်အပြာလည်စည်းအဝါလေးတွေဝတ်ပြီး စေတနာအလျောက်သွားကြပါတယ်။

ဆိုတော့ ထူးခြားစွာဘဲ ဒီနှစ်မှာတော့ ထိုင်းပြည်သူလူထုတွေက လူမှုကွန်ယက်တွေမှာ  #ရေနတ်မင်းကိုကျေးဇူးဆပ်ဖို့ ကရထုန်းမီးမျောခြင်းရပ်တန့်ကြစို့  ဆိုပြီး လှုပ်ရှားမှုတခု ပြုလာကြပါတယ်။

Photo from PPTV-မီးမမျောကြရန်လှုပ်ရှားမှုနဲ့ပတ်သက်ပြီးထိုင်းတီဝီမှာ သတင်းများထုတ်လွှင့်

ဘာလို့လည်းဆိုတော့ ကရထုန်းမီးတွေဟာ တနှစ်ထက်တနှစ်များပြားလာပြီးတော့ လူတိုင်းမျောလိုက်တဲ့ ကရထုန်းမီးတွေဟာ မြစ်ရေ ချောင်းရေထဲမှာ အမှိုက်သရိုက်အဖြစ်ပြည့်နှက်ပြီး မြစ်တွေ ချောင်းတွေ ပိတ်ဆို့ကာ ရေစီးဆင်းမှုအတွက်အနှောင့်အယှက်ဖြစ်ရကြောင်း ရေရှည်အတွက် သဘာ၀ပတ်ဝန်းကျင် ဂေဟစနစ် ပျက်စီးခြင်း ဆောင်နေကြောင်း လူတွေက မြင်လာကြပါတယ်။

ကရထုန်းမီးမမျောဖို့ လှုံ့ဆော်ရေး ပို့စ်တွေမှာ စာဖတ်သူတွေက – “ဟုတ်တယ် မမျောဖြစ်တာ တောင်ဘယ်နနှစ်ရှိပြီလဲမသိဘူး။ သဘာ၀ပတ်ဝန်းကျင်ကိုမပျက်စီးစေချင်လို့ပါ ”- စတာတွေ၊  “သဘာ၀ကုန်ကြမ်းပစ္စည်းတွေနဲ့ လုပ်ထားတဲ့ကထုန်းဖြစ်ပါစေ  ပျက်စီးပျောက်ကွယ် ချိန်အထိတော့ အမှိုက်ဖြစ်ရတာဘဲ ။ ထိုးတံတွေ ပင်အပ်တွေဆိုတာကလည်း အန္တရာယ်ဖြစ်စေတဲ့အရာတွေလေ ” – စတာတွေ ၊ “ကျနော်တို့တော့အသက်ကြီးပြီလေ သားသမီးမြေးမြစ်တွေအတွက် နောင်လာ နောက်သားတွေအတွက် စဉ်းစားပေးစေချင်ပါတယ်။ ” စတာတွေ ၊ “ ကိုယ့်မှာ ကုသိုလ်ရစေချင်လို့ လုပ်တာ ဒါပေမယ့်ကိုယ့်ကြောင့် ရေသတ္တဝါတွေအများကြီး သေကြေရတယ်။ မြစ်ရေညှစ်နွမ်းရတယ်။ ကိုယ်ထည့်လိုက်တဲ့ ပိုက်ဆံ တဘတ်အတွက် ကလေးတွေ အသက်ပေးရတယ်။ ရေထဲရောက်သွားတဲ့ အပ်တွေ သံတွေကို ကလေးတွေနင်းမိလို့ အနာရောဂါတွေဖြစ်ကြရတယ် ”  စတာတွေ အကြံပေး ကောမန့်ရေးသားကြပါတယ်။

Photo Credit to Post Today- ကရထုန်းအမှိုက်များဖြင့်ပြည့်နှက်နေသော မြစ်ချောင်းတနေရာ

ထိုင်းနိုင်ငံသားတချို့လည်း  ကရထုန်းမီးမျောတာကိုမရပ်စေချင်ဘူး။ ရိုးရာယဉ်ကျေးမှုတရပ်ဖြစ်တာကြောင့် ဆက်ပြီးတော့ထိန်းသိမ်းသွားစေချင်ကြတယ်။

ဒီလိုဆက်ထိန်းသိမ်းသွားဖို့အတွက် တချို့က – “ကရထုန်းအရေအတွက် လျှော့ချလိုက်မယ်။ တမိသားစု တခုဘဲ မျောရမယ် ပြီးတော့ အမှိုက်ကောက်ရလွယ်အောင် မြစ်တွေချောင်းတွေမှာ မမျောဘဲ အိုင်တွေ ကန်တွေမှာဘဲ မျောကြရမယ် ဆိုတဲ့စည်းကမ်းထုတ်မလား” ၊  တချို့က – “ကရထုန်းကို ယခင်တွေ အတိုင်း ငှက်ပျောပင်တွေ  ငှက်ပျောရွက်တွေ ပင်အပ်တွေ ထိုးတံတွေ မသုံးတော့ဘဲနဲ့ သဘာ၀ပတ် ဝန်းကျင် ကိုမထိခိုက်စေမယ့် ဥပမာ ရေခဲကို ကထုန်းပုံဖော်ပြီး မျောကြမလား၊ သို့မဟုတ် ကရထုန်း မီးအစား ငါးတွေလွှတ်ခြင်းဖြင့်ကုသိုလ်ပြုမလား၊ အမှိုက်တွေကောက်ခြင်းဖြင့် ကုသိုလ်ပြုမလား စတဲ့တခြားပုံစံနဲ့ ရေနတ်မင်းကို ကျေးဇူးဆပ်ရအောင် လား”  စသည်ဖြင့် အကြံပြုပြောဆိုလာကြ တာလည်းတွေ့ရပါတယ်။

ဘာဘဲဖြစ်ဖြစ် လူထုအသံကို အလေးထားနားဆင်တဲ့ထိုင်းအစိုးအရအနေနဲ့လည်း   –  ရိုးရာယဉ်ကျေးမှု လည်းဖြစ်၊ ခရီးသွားလုပ်ငန်းမြင့်တင်တဲ့ဆွဲဆောင်မှုတရပ်လည်းဖြစ်တဲ့  ဒီ ကရထုန်းမီးမျောခြင်း အလေ့ကို တမျိုးတဖုံပြောင်းလဲပေးမလား  ဆိုပြီး သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တွေက မျှော်လင့် နေကြပါတယ်။ တဖက်ကလည်း ထိုင်းလူထု ယုံကြည်လေးစား ချစ်ခင်မြတ်နိုးတဲ့ ထိုင်းဘုရင်မကြီး(လက်ရှိထိုင်းဘုရင်ကြီးရဲ့မယ်တော်) က ကမ္ဘာမှာရေရှည်တည်တံ့ချင်ရင် သဘာ၀ပတ်ဝန်းကျင်ကိုထိန်းသိမ်းပါ လို့အမြဲမှာကြားခဲ့ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...