Tuesday, January 27, 2026

အာဆီယံက အသန့်ရှင်းဆုံးဆုချီးမြှင့်ထားသည့် တောင်ကြီးမြို့ မကြာခဏ ရေကြီးနေ

အာဆီယံက ယခုနှစ်  အသန့်ရှင်းဆုံးဆု ချီးမြှင့်ထားသည့် သျှမ်းပြည်တောင်ပိုင်း မြို့တော် တောင်ကြီးတွင် မကြာခဏ ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

Photo Credit to Taunggyi Youth- အောက်တိုဘာလ ၁၇ ရက် ၂၀၁၉ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့လယ်တွင်ရေကြီးမှုကြုံတွေ့

အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့မ ဈေး၊ Ocean ကုန်တိုက် အတွင်းရေကြီး ရေလျှံဝင်ကာ အထည်ဆိုင်များ၊ ကုန်ပစ္စည်းဆိုင်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ သည် ဟု တောင်ကြီးမြို့ ဒေသခံများ က ပြောဆိုလိုက်ကြသည်။

“မနေ့က မိုးရွာတာ ခဏပဲ။ မိုးတော့သည်းတယ်။ ဈေးမှာ ခါးထိရေလျှံတယ်။ အိုးရှင်း ကုန်တိုက်ထဲရေတွေဝင်တယ်။ ပစ္စည်းတွေ ရေစိုကုန်တာ။ အဓိက အထည်တွေ ရေစို ပျက်စီးတယ်” ဟု တောင်ကြီးဒေသခံ စိုင်းကွမ်းလှိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo Credit to Taunggyi Youth- အောက်တိုဘာလ ၁၇ ရက် ၂၀၁၉ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့လယ်တွင်ရေကြီးမှုကြုံတွေ့

တောင်ကြီးမြို့ တွင် ရေကြီးရေလျှံမှုမှာ တနေ့တခြား ဆိုးရွားလာကြောင်း၊  ထိုကဲ့သို့သောရေကြီးမှုမျိုး ယခင်နှစ်များက မရှိခဲ့ကြောင်း၊ လက်ရှိတွင် တောင်ကြီးဒေသခံများ မှာ မိုးရွာသွန်းလာပါက စိုးရိမ်ထိတ်လန့်မှုများဖြင့် နေထိုင်နေရကြောင်း စိုင်းကွမ်းလှိုင်း က ဆိုသည်။

“ မနေ့ က ရေကြီးတာလောက် အရင်ကတခါမျှ မကြုံဖူးဘူး။ ကားတွေ၊ ဆိုင်ကယ်တွေ က စ ရေနစ်ပျက်စီးသွားကြတယ်။ တောင်ပေါ်မြို့ ရေကြီးတာကတော့ စဉ်းစားစရာပဲ။ ဒီပျက်စီးတာမျိုးဆိုရင် ဘယ်သူ က လျော်ပေးမှာလဲ” ဟု တောင်ကြီးမြို့မ ဈေးထဲတွင် ဈေးဆိုင်ဖွင့်ထားသည့် ပါ့ခမ်း က ပြောသည်။

Photo Credit to Taunggyi Youth- အောက်တိုဘာလ ၁၇ ရက် ၂၀၁၉ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့လယ်တွင်ရေကြီးမှုကြုံတွေ့

တောင်ကြီးမြို့သည် ယခင်က  လွန်စွာသာယာလှပပြီး သန့်ရှင်းသည့်မြို့ဖြစ်ကြောင်း၊ ယခုကဲ့သို့ရေကြီးမှုကို မကြုံဖူးကြောင်း၊ သက်ဆိုင်ရာများအနေဖြင့် ရေကြီး ရေလျှံသည့် ပြဿနာကို အမြန်ဆုံးဖြေရှင်းပေးသင့်ကြောင်း ပါ့ခမ်းက တောင်းဆိုလိုက်သည်။

“ စည်ပင်တွေ ကတော့လစဉ် ပိုက်ဆံကောက်တယ်။ ပြည်သူတွေ အတွက်တော့ ဘာမှ မလုပ်ပေးဘူး။ အခုက မိုးကျတာနဲ့ ရေကြီးနေတယ်” ဟု ပါ့ခမ်း က ပြောသည်။

လာမည့် ၂၀၂၀  ဇန္နဝါရီ လတွင် ဘရူနိုင်း နိုင်ငံ၌  ကျင်းပမည့် 2020 AFT  အခမ်းအနား၌ပေးအပ်မည့်  “ 2nd ASEAN Clean Tourist City Standard Award” ဆုကို တောင်ကြီးမြို့ အပါအဝင် ကယားပြည်နယ်မြို့တော် လွိုင်ကော်နှင့် တနင်္သာရီ တိုင်းမြို့တော် ထားဝယ်မြို့ တို့မှ လက်ခံရယူရန် ဖိတ်ထားခြင်းခံရကြောင်းသိရသည်။

Photo Credit to Taunggyi Youth- အောက်တိုဘာလ ၁၇ ရက် ၂၀၁၉ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့လယ်တွင်ရေကြီးမှုကြုံတွေ့

တောင်ကြီးမြို့သည် အာဆီယံ အသန့်ရှင်းဆုံးမြို့တော်ဆု ရသော်လည်း လက်ရှိမှာ မိုးရွာသွန်းပါက ရေကြီး၊ရေလျှံမှု ပြဿနာများကို ပြည်သူများရင်ဆိုင် ကြုံတွေ့နေရသည်။

“ ကျနော်တို့တောင်ကြီးက အာဆီယံအသန့်ရှင်းဆုံး မြို့တော်ဆုတော့ ရထားတယ်။ ဒါပေမယ့် အခုလို မိုးရွာ ရေကြီးတာ မြင်တော့ ဘာပြောရမှန်းမသိဘူး။ မြောင်းစနစ်တွေ မပြုပြင်သေး သရွေ့တော့ ရေကြီး မှု ထပ်ရင်ဆိုင်ရအုံးမယ်” ဟု တောင်ကြီး ဒေသခံတဦး စိုင်းအောင် က ပြောသည်။

တောင်ကြီးသည် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကလည်း သာယာလှပသန့်ရှင်းသော တိုရစ်ဇင်မြို့အဖြစ်လည်း သတ်မှတ်ချီးမြှင့်ခြင်းခံရဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဟဲဟိုးတွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့တွင် ချောင်းရေကြီးမှုကြောင့် နေအိမ်ထဲ ရေဝင်ပြီး အုတ်တံတိုင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟဲဟိုးမြို့အနီးရှိ နဂါးချောင်း ရေလျှံလာပြီး လူနေရပ်ကွက်အချို့၊ သျှမ်းရွာရပ်ကွက်ရှိ လမ်းနှင့် နေအိမ်များတွင် ရေများဝင်ရောက်ပြီး အုတ်တံတိုင်းပြိုကျကာ ယနေ့ (စက်တင်ဘာ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...