Wednesday, January 28, 2026

နမ့်ခမ်းမြို့နယ် အတွင်း တရုတ်နိုင်ငံသား ၄ ဦး တရားမဝင် မြေတူးဖော်မှု ပြုလုပ်

သျှမ်းပြည် မြောက်ပိုင်း မြန်မာ- တရုတ်နယ်စပ် နမ့်ခမ်းမြို့ နယ် အတွင်း တရုတ်နိုင်ငံသား ၄ဦး တရားမဝင် ကျူးကျော်  မြေတူးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

Photo Credit to Numkham Youth- အောက်တိုဘာ ၉ ရက်နေ့က တရုတ်နိုင်ငံသား ၄ ဦးသည် နမ့်ခမ်းမြို့နယ် နယ်စပ် နောင်ခမ်းကျေးရွာဘက်သို့ ပေ ၆၀ ခန့် ကျူးကျော်ကာမြေတူးစက်ဖြင့် မြောင်းများလာရောက် တူးထားသည်ကိုတွေ့ရစဉ်

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက်နေ့က တရုတ်နိုင်ငံသား ၄ ဦးသည် နမ့်ခမ်းမြို့နယ် နယ်စပ် နောင်ခမ်းကျေးရွာဘက်သို့ ပေ ၆၀ ခန့်  ကျူးကျော်ကာမြေတူးစက်ဖြင့် မြောင်းများလာရောက် တူးဖော်ခဲ့ကြောင်း၊ ထိုးကျူးကျော်ပြုလုပ်နေသည့် ကိစ္စများကို ဗဟို အစိုးရ အနေဖြင့် ကွင်းဆင်းကြည့်ရှုပေးစေလိုကြောင်း နမ့်ခမ်းမြို့နေ မြို့မိမြို့ဖ၊ ပါတီနှင့်လူမှုရေးအသင်းများ စုပေါင်းပြီး သဘောထားကြေငြာချက်တစောင်ထုတ်ပြန်လိုက်သည်။

၎င်းနှင့်ပတ်သက်ပြီး  နမ့်ခမ်းမြို့ လူမှုညီညွတ်ရေး အသင်း မှ ဦးစိုင်းအောင်ဝင်း က “ အောက်တိုဘာ ၉ ရက် ညနေပိုင်းမှာ အရပ်ဝတ် တရုတ်နိုင်ငံသား ၄ ဦး က မြေတူးစက်နဲ့ နောင်ခမ်း ကျေးရွာ ဝင်လာပြီး မြောင်းဖော်တယ်။ တညလုံး အလုပ်လုပ်တယ်” ဟု က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မြန်မာဘက်ခြမ်းသို့ တရုတ်နိုင်ငံသား ကျူးကျော်ဝင်ပြီး မြေတူးသည့်သတင်း ကြားကြားချင်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး မှ သွားရောက် ကြည့်ရှု့ပြီး၊ တရုတ်ပြည် ရွှေလီမြို့ပြည်ပ ဆက်ဆံရေး ရုံးသို့ အကြောင်းကြားထားကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာသည် အလွန်အရေးကြီး သည့်အလျောက် မြန်မာ-တရုတ်နယ်စပ် ရွှေလီချိုင့်ဝှမ်း တလျှောက်တွင်လည်း မကြာခဏ ဖြစ်ပွားလေ့ရှိရာ သက်ဆိုင်ရာ ဗဟိုအစိုးရ အဖွဲ့ မှ ကွင်းဆင်းကာ ကိုင်တွယ် ဖြေရှင်း ပေးရန် နမ့်ခမ်းမြို့နယ်အသင်း ၅ သင်းက တောင်းဆိုလိုက်သည်။

ကြေငြာချက်ထုတ်ပြန်သော  နမ့်ခမ်းမြို့ အသင်း ၅ သင်းမှာ  နမ့်ခမ်းမြို့မိ မြို့ဖ များ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP) ကျားဖြူ၊ နမ့်ခမ်းမြို့နယ် တောင်သူလယ်သမားများအသင်း၊ လူမှု ညီညွတ်ရေး အသင်း ၊ ရှေးဟောင်းအမွေအနှစ် နှင့် သမိုင်းဝင် နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး အသင်းတို့ ဖြစ်သည်။

ထို ထုတ်ပြန်ချက် ထုတ်ရခြင်းသည် နောက်နောင်တွင် တရုတ်နိုင်ငံသားများ မြန်မာပိုင်နက်တွင်းသို့ လာရောက် မကျူးကျော်ရန် ဖြစ်သည်ဟု ဆိုပါသည်။

“ တရုတ်တွေ ဘာကြောင့်လာလည်းဆိုတာ မသိဘူး။ ကျနော်ကတော့ နယ်ကျူးတယ်လို့ပဲ မြင်တယ်။ ကျနော်တို့ကတော့ ၁လက်မ ကျူးကျော်မခံရအောင် ကာကွယ်တဲ့သဘောပါပဲ” ဟု ဦးစိုင်းအောင်ဝင်း က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၄ ကလည်း နမ့်ခမ်းမြို့နယ် ကုန်းဆာ ကျေးရွာ နယ်မြေတွင်လည်း တရုတ်နိုင်ငံသားများ တကြိမ် လာရောက် ကျူးကျော်ခဲ့ဖူးကြောင်း၊ ယခုနှစ် အတွင်း မူဆယ်မြို့ဆင်ဖြူဂိတ်အနီးတွင်တကြိမ်နှင့် ကြူကုတ်( ပန်ဆိုင်း) တွင် တကြိမ် ကျူးကျော်မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံသား ၄ ဦး နမ့်ခမ်းမြို့နယ် နောင်ခမ်း ကျေးရွာ ဘက် ကျူးကျော် မြေတူးသည့် ကိစ္စနှင့်ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်ထံ သျှမ်းသံတော်ဆင့် မှ  ဖုန်းဆက်သွယ်မေးမြန်းရာ ဖုန်းလက်ခံခဲ့သော်လည်း   ဖုန်းလိုင်းမကောင်းဟုဆိုကာ စကားပြောခွင့်မရခဲ့ပေ။

 

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် – နမ့်ခမ်းကြား TNLA တပ်ဖွဲ့ ဆက်ကြေးကောက်၊ ပြည်သူအိမ်ထဲ နေထိုင်မှုကြောင့် ဒေသခံများ စိုးရိမ်နေ

0
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ - နမ့်ခမ်းမြို့အကြား တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့၏ ဆက်ကြေးတောင်းခံမှု နှင့် ပြည်သူ အိမ်ဝန်းထဲ ဝင်ရောက် နေထိုင်မှုများကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။ ယနေ့ (ဧပြီလ ၂)...

နမ့်ခမ်းမြို့နယ် ဒေသခံတစ်ဦး လက်နက်ကိုင် တပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်သွား ငွေသား သိန်း (၂) ထောင်တောင်း

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဟိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၅၀) ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တစ်စုက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း (၂) ထောင် တောင်းခံလာကြောင်း စုံစမ်းသိရှိရသည်။မတ်လ (၇) ရက် (၆) နာရီခွဲခန့်တွင် အသက် (၅၀) ကျော်အရွယ်...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး လှမ်းပစ်နေသည့်အသံ ကြားနေရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အနီး စစ်ကောင်စီ၏ စခန်းသစ်လက်မှ လက်နက်ကြီး လှမ်းပစ်သည့်အသံ ကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၁၂)ရက် နေ့လည် (၁)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။ “စခန်းသစ်ကနေပြီး ပစ်သွားတာ ကြားရတယ်။ နမ့်ခမ်းကနေတော့ အသံသိပ်မကြားရဘူး။...

တစ်ရက်တစ်ခြား ကြီးထွားလာတဲ့ တရုတ်နယ်စပ်ခြံစည်းရိုး ကျူးကျော်မှုပြဿနာ

0
“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။ ယခုနှစ် အောက်တိုဘာ...

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာ နေအိမ်တလုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ယနေ့ အောက်တိုဘာ (၁၉) မနက် ၇ နာရီ ဝန်ကျင်းတွင် နေအိမ်တလုံးမီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုမီးလောင်သွားမှုကြောင့် နေအိမ်တခုလုံးဆုံးရှုံးသွားရကြောင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံတဦးက ပြောသည်။ “ အကုန်လောင်သွားတာ။ တအိမ်လုံးလောင်သွားတာ။ အိမ်ပြာကျသွားတာ။ အထဲမှာနေတဲ့သူမရှိဘူး။ ဒါကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။...