Saturday, April 27, 2024

ပင်လောင်းမြို့နယ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများအား Danu PDF မှခိုးယူနေဟု ဓာတ်ပုံသတင်းမှားဖြန့်

Must read

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ဖွဲ့မှကားများဖြင့် လာရောက်ခိုးယူနေကြောင်း သတင်းမှားဖြန့်ချိနေလျက်ရှိသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပင်လောင်းဒေ ပအိုဝ်းကျေးရွာတွေမှာ KNDF ပူးပေါင်းအဖွဲ့က တိုက်ပွဲတွေ ဖန်တီးနေချိန် ဓနုလူမျိုးအမည်ခံ PDF အဖွဲ့က နေအိမ်တွေကို ဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများကို ကားများဖြင့်လာရောက် ခိုးယူနေကြောင်း ” ဟုဆိုကာ ရေးသားဖြန့်ချိခဲ့ပြီး ကြည်ရှူ့သူပေါင်း ၄ ထောင်ဝန်းကျင်အထိ ရှိသည်။

မူရင်းလင့် – https://archive.ph/aHF8c

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြု လုပ်ခဲ့သည်။

ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်မှ ဖော်ပြထားသော Danu PDF တပ်ဖွဲ့များ၏ ဓာတ်ပုံသည် ပင်လောင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား မဟာမိတ်ပူးပေါင်းတော်လှန်ရေး တပ်ဖွဲ့များနှင့်အတူ ခုခံတိုက်ခိုက်နေသည်ဟု Danu PDF က မတ်လ ၁၈ ရက်မှာ ထုတ်ပြန်ထားသည့် သတင်းဓာတ်ပုံဖြစ်သည်။

မူရင်းလင့် – senodroStp1r24aag9 i8175m3h1t72u77 t794023:0h406hM1ca i6gtai

အဆိုပါဓာတ်ပုံကို အသုံးပြုပြီး Danu PDF က ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများကို ခိုးယူနေဟု လိုအပ်သလို ရေးသားဖြန့်ချိနေခြင်း ဖြစ်သည်။

ဒေသခံပြည်သူလူထု၏ ပစ္စည်းဥစ္စများအား ကားများဖြင့် လာရောက်ခိုးယူနေသည့် ဆိုသည့် စွပ်စွဲချက်နှင့် ပတ်သက်၍ Danu PDF ဘက်က မဟုတ်၊ မမှန်ကြောင်း မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးနေသော ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာ၊ ဗန်းမောက်ကျေးရွာနှင့် နမ်းဖော်မှုကျေးရွာမှာ ပိတ်မိနေသည့် ပြည်သူလူထုများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့နေခြင်းသာ ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

မူရင်းလင်း – ooredntpSs25a89i24fg 0911a38301tMt2f12a4uh034c r 542ia9mu21:

ထို့အပြင် တိုက်ပွဲမဖြစ်သေးချိန်နှင့် တိုက်ပွဲဖြစ်ပွားပြီးအချိန်မှာ ပြည်သူလူထုများ၏ အသက်များကို ကာကွယ်ရန်၊ ပြည်သူလူထုနေအိမ်များရှိ ပစ္စည်းများအား ဝင်ရောက်ခိုယူခြင်း၊ မီးရှို့ဖျက်စီးခြင်း များမပြုလုပ်ကြရန် Danu PDF မှ စစ်ဥပဒေချမှတ်ထားပြီး ဖြစ်ကြောင်းဆိုသည်။

ယုံကြည့်စိတ်ချရသည့် တခြားသတင်းဌာနများတွင်လည်း အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ သတင်းမှားဖြစ်ကြောင်းနှင့် ပြည်သူများကို ဂျင်းထည့်နေသည့်သတင်းဟု ဖော်ပြထားသည်။

မူရင်းလင့်- odtsSorpne9u95aii36tuati2a45120tmguhh3200c4ff57cagai72l5hah5

ထိုဖြစ်စဉ်နှင့်နည်းတူ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်ရှိ ဒေသခံနေအိမ်များအား PNLA မှ မီးရှိုးခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်များမှ ဖော်ပြထားသည့်အကြောင်းအရာကို သျှမ်းသံတော်ဆင့်မှ သတင်းတု၊ သတင်းမှားဖြစ်ကြောင်း စီစစ်မှုပြုလုပ်ခဲ့သည်။

မူရင်းလင့်- opsnoerSdt1tf9 h31a0ct7l9if5609211m12 a8l5r4c7M0ah9 a8010a:f

ထို့ကြောင့် ပင်လောင်းမြို့နယ် တိုက်ပွဲဖြစ်ပွားနေစဉ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများအား Danu PDF တပ်ဖွဲ့ကားဖြင့်လာရောက်ခိုးယူနေဟု စစ်ကောင်စီဝါဒဖြန့်မှ ရေးသားဖြန့်ချိရာတွင် ပြည်သူလူထုကို အထင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ချဲ့ကားရေးသားဖြန့်ချိနေခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

- Advertisement -spot_img

Latest article