လားရှိုးမြို့နယ် ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ဒေသကို ‘ဝ’တပ်ဖွဲ့က လမ်းဖောက်

သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က လမ်းဖောက်လုပ်နေကြောင်း စုံစမ်းသိရသည်။

မိုင်းကျက်

မတ်လဆန်းမှ စတင်၍ လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန် သံလွင်မြစ်မှ မိုင်းကျက်ကျေးရွာအထိ ၄၈ ပေ အကျယ်ရှိသည့် လမ်းကို ဖောက်လုပ်လာကြောင်း လားရှိုးမြို့နယ် ဒေသခံများက ပြောသည်။

“ပန်ရှော်၊ မိုင်းကျက် ဒီဘက်တကြောလုံး ‘ဝ’တပ်ဖွဲ့တွေ နေရာယူထားပြီ။ အခု ကားတွေသွားဖို့ လမ်းကို ‘ဝ’တွေ လာဖောက်ပေးတာ စလုပ်နေပြီ။ သံလွင်မြစ်စပ်ကနေ မိုင်းကျက်အထိ ‘ဝ’တပ်က လမ်းဖောက်ပေးတာ လမ်းအကျယ် ၄၈ ပေ ရှိတယ်။ မနေ့ကတော့ ကျောင်းနားမှာ တိုင်းနေတာ၊ လမ်းဖောက်တဲ့အထဲ ရွာသားတွေရဲ့ လယ်ကွက်တချို့လည်း ပါသွားတာပေါ့”ဟု လားရှိုးမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းကျက်ကျေးရွာအုပ်စုသည် လားရှိုးမြို့နှင့် မိုင် ၆၀ ခန့်သာ ကွာဝေးပြီး ‘ဝ’တပ်ဖွဲ့ UWSA က ယခုဖောက်လုပ်လာသည့် လမ်းမှာ သံလွင်မြစ် အနောက်ခြမ်းရှိ မိုင်းကျက်ကျေးရွာအထိ ၁၀ မိုင်ခန့် ကွာဝေးသည်။

အလားတူ မတ်လ ၂၃ ရက်က မိုင်းကျက်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ရွာသားများကို အစည်းအဝေး ခေါ်ယူတွေ့ဆုံ၍ ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအတွက် ပြောဆိုခဲ့သော်လည်း တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုများကို တာဝန်ယူပေးရန် မပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မိုင်းကျက်ကို ပြန်လည်ထူထောင်ရေး လုပ်ပေးဖို့ သူတို့ပွဲရုံ လာထောင်မယ်၊ ဒီမှာ ဘယ်တပ်ကမှ ၃ နှစ်အတွင်း အခွန်လာမကောက်ရဘူးလို့ ပြောတယ်။ ပြည်သူတွေက သဘောမတူလို့လဲ မရဘူးလေ၊ မဟာမိတ်က အပ်ပေးတာဆိုတော့။ လောလောဆယ်တော့ တရုတ်စာသင်နေရတာ။ မိုင်းကျက်ကတော့ ကြာလာရင် ‘ဝ’ကပဲ ထိန်းချုပ်တာ ဖြစ်သွားတော့မှာ”ဟု လားရှိုးမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

၂၀၂၃ နိုဝင်ဘာလအတွင်းက မိုင်းကျက်အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း လားရှိုးမြို့နယ် ဒေသခံများထံမှ သိရသည်။

“ဝမ်ကတ်နဲ့ ဝမ်လုံက နေအိမ် ၁၀၀ ကျော်စီ ရှိတာ အိမ် ၂၀ ကျော်ပဲ လွတ်တယ်။ ကျန်တာအကုန် ပျက်စီးတယ်။ လုံးဝ နေလို့မရတော့တာက ၃၀ အိမ်ကျော်ရှိတယ်။ မိုင်းကျက်ဘုန်းကြီးကျောင်း ပျက်စီးတာကိုတော့ ‘ဝ’စစ်သားတွေ ပြန်လာပြင်ပေးမယ်၊ အိမ်ပြန်ပြင်ဖို့ ကူပေးတာမျိုးတော့ မရှိဘူး။ ရွာထဲမှာတော့ ‘ဝ’တပ်က မြေထိုးမြေညှိတာ လုပ်နေပြီ”ဟု လားရှိုးမြို့နယ်မှ မိုင်းကျက်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ် အရှေ့မြောက်ဘက်ရှိ မိုင်းကျက်ကျေးရွာအုပ်စုသည် သံလွင်မြစ် အနောက်ဘက်ခြမ်းရှိ လားရှိုး၊ သိန္နီနှင့် အရှေ့ဘက်ခြမ်းရှိ ကွမ်းလုံမြို့နယ်တို့ဆုံရာ နယ်စပ်ဖြစ်ပြီး ‘ဝ’တပ်ဖွဲ့က သံလွင်မြစ် အနောက်ခြမ်းတွင် ခြေကုပ်ရယူရန် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

လားရှိုးမြို့ ကာကွယ်ရေးအတွက် အရေးပါပြီး မိုင်းကျက်ကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းစခန်းကို ညီနောင်မဟာမိတ်တပ်များက “၁၀၂၇ စစ်ဆင်ရေး” စတင်စဉ်က တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...