အောင်ပန်း

အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များ ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေး

‌သျှမ်းပြည် ကလောမြို့နယ် အောင်ပန်းမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင်အချို့သည် ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆေးရေး” တိုက်ပွဲများနှင့် ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ဒေသခံများ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ကလောမြို့နယ်...

ရေကြီးခဲ့သည့်ဒေသများ မိုးထပ်ရွာပြီးနောက် ရေပြန်တက်လာ

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီး၊ မြေပြိုမှု ဖြစ်ပွားခဲ့သော သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ယခုအောက်တိုဘာလဆန်းမှ စတင်ကာ မိုးရွာသွန်းပြီးနောက် ရေပြန်တက်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)တွင် မိုးရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်ကြောင်း ဒေသခံများထံမှသိရသည်။ “မနေ့ညလည်း မယ်ဆိုင်ချောင်းရေ ပြန်တက်လာလို့ အချို့ရပ်ကွက်မှာလည်း...

အောင်ပန်းမြို့ တောင်ကျရေကြောင့် ကလေးငယ် နှင့် အမျိုးသားတစ်ဦးသေဆုံး

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့တွင် မိုးရွာသွန်းပြီး တောင်ကျရေကြောင့် ရေကြီး‌ရေလျှံကာ ကလေးငယ်တစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက်တွင် သျှးမ်ပြည် တောင်ပိုင်း အောင်ပန်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံ၍ ရပ်ကွက်(၃) ရှိ အသက် (၄) ကလေးငယ်တစ်ဦး နှင့်...

တောင်ကျရေကြောင့် မိခင်နှင့် လသားအရွယ် ကလေးငယ် မျောပါသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ် ထီတိန်ရွာတွင် တောင်ကျချောင်းရေကြောင့် မိခင်နှင့် လသားအရွယ် ကလေးငယ်မျောပါသေဆုံးသွားခဲ့ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ညနေ ၄ နာရီ တွင် အသက် ၂၄ နှစ် မနန်းနော်ဆိုသည့် အမျိုးသမီးတစ်ဦးသည် သူ၏ ၆လ အရွယ် သမီးငယ်နှင့်အတူ...

ကလော၊ အောင်ပန်းမှ စစ်မှုထမ်းစုဆောင်းခံရသူများ မြစ်ကြီးနား စစ်သင်တန်းပို့ခံရ

သျှမ်းပြည် ကလောမြို့နယ်မှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံရသူများကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်းတက်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး ကလောမြို့၊ အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်များမှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံထားရသူ လူငယ် (၃၀) ကျော်ကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်း...

အောင်ပန်းမြို့ရောက် လားရှိုးစစ်ရှောင်များအတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့နယ်အတွင်း ရောက်ရှိလာသည့် လားရှိုးစစ်ဘေးရှောင် နှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲများကြောင့် ဒေသခံများ ဇူလိုင်လ ပထမပတ်မှစတင်၍ ဘေးလွတ်ကင်းရာ အောင်ပန်းမြို့ သို့ စစ်ဘေးတိမ်းရှောင် လာခဲ့ကြောင်း သိရသည်။ အောင်ပန်းမြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသော လားရှိုး...

အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းအခက်ခဲဖြစ်နေ

သျှမ်းပြည် အောင်ပန်းမြို့နယ်အတွင်းသို့ လားရှိုးမြို့နှင့် ပင်လောင်းမြို့နယ်မှ ရောက်ရှိလာသော ဒေသခံများအတွက် နေရာထိုင်ခင်းအခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ပထမ ပတ်မှစ၍ အောင်ပန်းမြို့တွင် ထပ်မံရောက်ရှိလာသော လားရှိုးမြို့ နှင့် ပင်လောင်းမြို့နယ်မှ စစ်ဘေးရှောင်များအတွက် ဘုန်းကြီးကျောင်းများနှင့် အခြားနေရာများတွင် နေရာထိုင်ခင်းအခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ထပ်ရောက်လာမယ်ဆိုရင်တော့ လော‌လောဆယ်တော့ နေရာတွေက...

အောင်ပန်း မီးလုံးယမ်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

သျှမ်းပြည် အောင်ပန်းမြို့တွင် ဒုတိယအကြိမ် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် အမျိုးသား ၂ ဦးထဲမှ ၁ ဦးသေဆုံးကြောင်း သိရသည်။ သျှမ်းပြည် အောင်ပန်းမြို့ အမှတ် (၃) ရပ်ကွက် နယ်မြေ (၉) တွင် ပြီးခဲ့သည့် မေလ ၂၅ ရက်...

ဆိုင်ကယ်နှင့် ၁၀ ဘီး တွဲကား တိုက်မိကာ အမျိုးသားတစ်ဦးသေဆုံး

သျှမ်းပြည် အောင်ပန်းမြို့ တွင် ဆိုင်ကယ်နှင့် ၁၀ ဘီး တွဲကား ယာဉ်တိုက်မှု ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် အောင်ပန်မြို့၊ ညောင်ပင်တာရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယမန်နေ့ (မေ ၁၈)ရက် ညနေ ၄နာရီဝန်းကျင်၌ ၁၀ ဘီး တွဲကားတစ်စီး နှင့်...

အောင်ပန်းမြို့ ရေရှားပါးမှု ပိုဖြစ်လာ

သျှမ်းပြည် အောင်ပန်းမြို့တွင် ရေရှားပါးမှုကြောင့် ရပ်ကွက် အချို့နှင့် စစ်ဘေးရှောင် နေရာအချို့ ရေအခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။ သျှမ်းပြည် အောင်ပန်းမြို့တွင် မတ်လ နောက်ဆုံးပတ်မှ စ၍ ယခု မေလထိ မြို့ဟောင်းရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ကောင်းမူတော်ဘုန်းကြီးကျောင်း စသည့် ရပ်ကွက်နှင့် စစ်ဘေးရှောင်နေရာ အချို့တွင် ရေရှားပါမှု အခက်အခဲများ...

Latest news