Wednesday, January 28, 2026

အောင်ပန်း မီးလုံးယမ်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

သျှမ်းပြည် အောင်ပန်းမြို့တွင် ဒုတိယအကြိမ် မီးလုံးပြုလုပ်ရန်ယမ်းထောင်းရာမှ မတော်တဆ ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် အမျိုးသား ၂ ဦးထဲမှ ၁ ဦးသေဆုံးကြောင်း သိရသည်။

သျှမ်းပြည် အောင်ပန်းမြို့ အမှတ် (၃) ရပ်ကွက် နယ်မြေ (၉) တွင် ပြီးခဲ့သည့် မေလ ၂၅ ရက် ညနေတွင် မီးလုံးပြုလုပ်ရန် ယမ်းထောင်းရာမှ မတော်တဆကြောင့် ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရာ ထိုထဲမှ တစ်ဦးသည် သေဆုံးသွားကြောင်း အောင်ပန်းမြို့ ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို အပြင်းအထန် ဒဏ်ရာရရှိခဲ့သော အမျိုးသား ၂ ဦးကို တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ ယမန်နေ့ (မေလ ၂၆) ရက်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်း က ပြောသည်။

“ယမ်းထောင်ပြီး မီးလောင်သွားတာကတော့ အဲ့တစ်အိမ်ပဲလောင်သွားတာ။သျှမ်းတောင်ဘက်မှာ မီးလုံးပွဲတွေရှိနေတော့ ယမ်းတွေထောင်းကြတာပေါ့။အသက် ၅၄ နှစ် ဆိုတဲ့တစ်ယောက်ကတော့ မနေ့က ဆုံးသွားတယ်။ ၁၉ နှစ်ကလေးကတော့ အခြေနေမကောင်းဘူး။”ဟု အောင်ပန်းမြို့ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာများမှ ယမ်းထောင်းခြင်းကို မြို့ထဲတွင် မထောင်းရန် ပြောဆိုထားပြီး မြို့ပြင်တွင် ပြုလုပ်ရန် ပြောဆိုမှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ယင်း မီးလုံးခေါ် ပအိုဝ်းဘာသာ နှင့် လုဖုဲင် ဒုံးပြိုင်ပွဲသည် တောင်ကြီးမြို့ ဝန်းကျင်ရှိ ရွာတိုင်းလိုလိုပင် ကျင်းပသည့် ရိုးရာပြိုင်ပွဲတစ်ခုဖြစ်ပြီး တောင်ကြီးမြို့မြောက်ဘက် ပေါမူရွာပြိုင်ပွဲသည် အကြီးဆုံးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၃ ရက်တွင်လည်း အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်တွင် ရိုးရာပွဲ အတွက် မီးလုံးပြုလုပ်ရန် ယမ်းထောင်ရာမှ မတော်တဆ ပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

0
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးရေးကို စိတ်မဝင်စားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လာမည့် နှစ်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ် ရွေးကောက်ပွဲ အပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ အောင်ပန်းမြို့ခံများအား ယခုရက်ပိုင်း...

အောင်ပန်း ကလေးတစ်ဦး ချောင်းထဲဆင်း ရေကူး၊ ရေနစ်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင်နေထိုင်သည် အသက် ၁၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဉီးသည် အိုင်းယားချောင်းထဲ ရေဆင်းကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( စက်တင်ဘာလ ၁၄) ရက်တွင် သေဆုံးသူ မောင်သော်သော်လင်းနှင့် သူ့၏သူငယ်ချင်းနှစ်ဉီးသည် အောင်ပန်းမြို့ရှိ အိုင်းယားချောင်းသို့ ရေဆင်းကူးနေကြစဉ် ရုတ်တရက် ရေစီးသန်လာသဖြင့် မောင်သော်သော်လင်းသည်...

နွားပွဲစားနှစ်ဦး စကားများရန်ဖြစ်ပြီး ကားဖြင့်တိုက်သတ်

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် အမျိုးသားနှစ်ဦး နွားပွဲစားအချင်းချင်း ရန်ဖြစ် စကားများရာမှ ကားဖြင့် တိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် ‌အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး နွားပွဲစား အချင်းချင်း ရန်ဖြစ် စကားများခဲ့ကြရာ...

အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များ ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေး

0
‌သျှမ်းပြည် ကလောမြို့နယ် အောင်ပန်းမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင်အချို့သည် ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆေးရေး” တိုက်ပွဲများနှင့် ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ဒေသခံများ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ကလောမြို့နယ်...

ရေကြီးခဲ့သည့်ဒေသများ မိုးထပ်ရွာပြီးနောက် ရေပြန်တက်လာ

0
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီး၊ မြေပြိုမှု ဖြစ်ပွားခဲ့သော သျှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ယခုအောက်တိုဘာလဆန်းမှ စတင်ကာ မိုးရွာသွန်းပြီးနောက် ရေပြန်တက်လာနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂ ရက်)တွင် မိုးရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ခေါင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု ထပ်မံဖြစ်ပေါ်ကြောင်း ဒေသခံများထံမှသိရသည်။ “မနေ့ညလည်း မယ်ဆိုင်ချောင်းရေ ပြန်တက်လာလို့ အချို့ရပ်ကွက်မှာလည်း...