တောင်ကျရေကြောင့် မိခင်နှင့် လသားအရွယ် ကလေးငယ် မျောပါသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နယ် ထီတိန်ရွာတွင် တောင်ကျချောင်းရေကြောင့် မိခင်နှင့် လသားအရွယ် ကလေးငယ်မျောပါသေဆုံးသွားခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ညနေ ၄ နာရီ တွင် အသက် ၂၄ နှစ် မနန်းနော်ဆိုသည့် အမျိုးသမီးတစ်ဦးသည် သူ၏ ၆လ အရွယ် သမီးငယ်နှင့်အတူ ချောင်းတစ်ခုကို ဖြစ်ကူးနေစဉ် ရုတ်တရက် တောင်ကျချောင်းရေကျလာကာ ရေစီးနှင့်အတူမျောပါသေဆုံးခဲ့သည်။

လက်ရှိတွင် မိခင်အလောင်းကို ဒဏ်ရာများနှင့်အတူရှာတွေ့သော်လည်း လသားအရွယ်ကလေးငယ်ကို ယနေ့အထိရှာမတွေ့သေးကြောင်း အောင်ပန်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မိုးက တခြားရွာဖက်မှာ ကြီးတာ ။ သူတို့ရွာတော့အဲနေ့က မိုးမရွာဘူး။ သူဖြတ်ကူးတဲ့ချောင်းက ချောင်းခြောက် ရေစီးတာနည်းတယ်။ သူဖြတ်တဲ့အချိန်မှ တောင်ကျရေ ရုတ်တရက်ကြီးလာတာ။ ရှာတွေ့တော့ သူမျက်နှာ နဲ့ ဦးခေါင်းမှာ ဒဏ်ရာတွေနဲ့။ကလေးကရှာတွေ့တော့မှာမဟုတ်တော့ဘူး သဲထဲဖုံးနေလောက်ပီ။” ဟု ၎င်းကပြောသည်။

တောင်ကျချောင်းရေထဲမျောပါသွားသည့် သားအမိ

ထီတိန်ရွာသည် အောင်ပန်းမြို့နှင့် ၁၅ မိုင်ခန့် ကွာဝေးပြီး ထိုဖြစ်စဉ်ကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းမှ သွားရောက်ကူညီခဲ့ကာ မနန်းနော်ဆိုသူကို ယနေ့ (စက်တင်ဘာလ ၅ ရက်)နေ့ နေ့လည် (၂ နာရီ) အချိန်တွင် သင်္ဂြုလ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တောင်ကျချောင်းရေကြောင့် သေဆုံးမှုဖြစ်စဉ်တွင် အောင်ပန်းတွင် ပထမဆုံးဖြစ်ပြီး အများပြည်သူများအနေဖြင့် ချောင်းဖြတ်ကူးစဉ်နှင့် မိုးရာသီတွင် လမ်းသွားလမ်းလာ အထူးဂရုစိုက်ကြရန် အောင်ပန်းနာရေးကူညီမှုအသင်းမှ အသိပေးတိုက်တွန်းထားသည်။

” တောင်ကျချောင်းရေက ဘယ်ချိန်ဖြစ်မယ်ဆိုတာမသိတော့ စိုးရိမ်ရတောပေါ့။ အခုဆိုရင် အစစအရာရာ စိတ်ပူနေရတယ်။ စားဖို့ခက်သလို အရေးအကြောင်းဆိုရင် ရှောင်ဖို့ကလည်း ခက်တယ်” ဟု အောင်ပန်းမြို့နယ် ဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။

အောင်ပန်းမြို့သည် ကုန်စည်ပစ္စည်းများ အဓိကရောင်းဝယ် သည့်နေရာဖြစ်ပြီး ဒေသအသီးသီးမှ ကုန်ပစ္စည်းရောင်းဝယ်သူများနှင့်စည်ကားလျှက်ရှိပြီး ယာဉ်မတော်တဆ ထိခိုက်မှုလည်း မကြာခဏဖြစ်ပွားလေ့ရှိသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...